Final(Pt.4)

93 10 4
                                    

TaeHyung မောင်ထွက်သွားပြီးပြီးချင်းပဲ ဝတ်စုံကိုယ်တိုင်းယူပြီးသွားတာကြောင့် ခုံမှာပြန်ဝင်ထိုင်ရင်း မောင်ပြန်အလာကို ဖုန်းသုံးရင်းစောင့်နေလိုက်သည်။
အတန်ကြာစောင့်နေအပြီးမှာတော့ TaeHyung ပျင်းလာသည်။

HoSeok Hyung ကလဲ အခြားလုပ်စရာတွေလုပ်နေရတာဆိုတော့ TaeHyung ကို အချိန်ပေးစကားမပြောနိုင်....TaeHyung ကိုယ်တိုင်ကလဲ မအားတဲ့Hyungကိုမနှောင့်ယှက်ချင်တာရယ်၊ ဒီတိုင်းထိုင်ပြီးစောင့်နေရမှာပျင်းတာရယ်ကြောင့်
မောင့်နောက်ကို လိုက်သွားဖို့ဆုံးဖြတ်လိုက်သည်။

အတွေးနဲ့အတူ သူ့(TH)ဖုန်းGPSနဲ့ မောင့်ဖုန်းကိုခြေရာခံတော့ တည်နေရာက ဒီအနီးအနားက ကော်ဖီဆိုင်လေးတင်ဆိုတာသိလိုက်ရသည်။
အရမ်းမဝေးတာကြောင့် TaeHyung လဲ HoSeok Hyung ကို နှုတ်ဆက်ပြီးထွက်လာလိုက်သည်။
ကောျဖီဆိုငျဆိုတော့ မောင်အလုပ်ကိစ္စစကားပြောမပြီးသေးရင်လဲ TaeHyung ဘာသာ မုန့်စားရင်းစောင့်နေလိုက်မည်...မောင်ပြီးမှ အတူပြန်ကြမည်ဟုလဲ အစီအစဥ်ချထားလိုက်သေးသည်။

ထိုဆိုင်ကိုရောက်လို့ တံခါးဖွင့်ဝင်သွားပြီး မောငျ့ကိုအရငျ ဝေ့ဝဲရှာတော့ တွေ့ပါပြီ...ထောငျ့ကတြဲ့ဝိုငျးမှာထိုငျနတေဲ့ မောင့်ကျောပြင်ကျယ်ကို။
မောင့်အရှေ့ကလူကိုတော့ အဝေးကမို့ TaeHyung သေချာမမြင်ရ။

TaeHyung မောင်တို့ဝိုင်းဆီသွားမိတော့ အနားရောက်ခါနီးမှ မောင့်အရှေ့ကလူဟာ Lee Aeri မှန်းသိရတော့သည်။
TaeHyung မျက်မှောင်ကြုံ့မိသွားပြီး စိတ်ထဲလဲ တမျိုးဖြစ်သွားသည်။
အနောက်နားမှာ TaeHyung ရောက်နေသည်ကိုတော့ ကျောပေးထိုင်နေတဲ့မောင်ကမမြင်သလို Lee Aeri ကလဲ သတိမပြုမိဘဲ သူတို့ဘာသာသူတို့ စကားပြောနေကြသည်။

TaeHyung လဲ မသိမသာ အနောက်နားရပ်ကာ နားထောင်နေလိုက်သည်။
ထိုအခိုက် Lee Aeri ပြောလိုက်သည့်စကားတစ်ခွန်းကြောင့် TaeHyung ခြေထောက်တွေ ယိုင်ကျချင်သလိုတောင်ဖြစ်သွားရတယ်။
Lee Aeri မှာ မောင်နဲ့ရတဲ့ကိုယ်ဝန်ရှိနေတယ်တဲ့။
မကြာခင် သူ(TH)နဲ့လက်ထပ်တော့မယ့်သူကအခြားတစ်ယောက်နဲ့ဖြစ်ပြီးလို့ ဟိုက ကိုယ်ဝန်တောင်လွယ်ထားရပြီတဲ့လား...
ဘယ်လိုတောင် မရယ်ရလိုက်တဲ့ ဟာသကြီးပါလိမ့်။

Be Enough.....Where stories live. Discover now