TaeHyung ဆိုင်ထဲမှ ထွက်သွားတာနဲ့ JungKookနေရာမှာတင် ဒူးထောက်ကျသွားကာ မျက်ရည်တွေပင်ကျလာရသည်။
သူ့အမှားတွေ...အားလုံးက သူ့အမှားတွေချည်းပဲမို့ JungKook ဘာမှမတတ်နိုင်။
ဘေးစားပွဲဝိုင်းကလူတွေ ဝိုင်းကြည့်နေတာကို သိပေမဲ့လည်း JungKook အာရုံထဲရှိမနေတော့။"မောင်...ထပါ လူတွေကြည့်နေပြီ"လာထူတဲ့ Lee Aeriလက်ကို JungKook ပုတ်ထုတ်ပစ်လိုက်ပြီး
"ငါ့အသားကို မင်းထိစရာမလိုဘူး"ပြောရင်း ကိုယ့်ဘာသာထရပ်လိုက်သည်။
"မောင်ကလဲ Aeriတို့က မကြာခင်ပဲ လက်ထပ်ရတော့မယ့်သူတွေပဲဟာ..."
"မင်း!!! တောက်စ်!!"JungKook တောက်ခတ်လို့ ဆိုင်ထဲကနေအမြန်ထွက်လာလိုက်သည်။
မဟုတ်ရင် အဲ့မိန်းမကို ဘာလုပ်မိမလဲမသိလို့။
Lee Aeriကတော့ ထွက်သွားတဲ့ JungKook ကျောပြင်ကို ငေးကြည့်ရင်း အမည်ဖော်မရတဲ့ အပြုံးမျိုးပြုံးနေခဲ့သည်။
.......................................................................JungKook အိမ်ပြန်ရောက်လို့ အိမ်ထဲဝင်ဝင်ချင်းမှာပဲ Daddyဆီက အထိုးခံလိုက်ရကာ သတိမမူမိလိုက်တာမို့ အနောက်ပြန်လန်ကာလဲသည်အထိ။
အင်း...ကြည့်ရတာ Daddyတို့ကို Taeလာပြောသွားပြီးလို့ အကုန်သိနေတဲ့အနေအထား။"ခွေးမသား!!.."JungKook ကို ကော်လာစကနေဆောင့်ဆွဲကာ ထပ်ထိုးရန်ပြင်နေတဲ့ Daddyကို Mommyက လိုက်တားသည်။
"တော်ပါတော့..ရှင်ဒီလိုလုပ်နေလို့လဲ ဘာမှထူးမလာတော့ဘူး။
Jeon JungKook..အခု မင်းလုပ်ရပ်တွေကြောင့် ငါတို့ Kimမိသားစုကို ဘယ်လိုမျက်နှာပြရတော့မှာလဲ...ဟမ် ရှက်ဖို့ကောင်းလိုက်တာ။
TaeHyungက ဘာပြောသွားတယ်ထင်လဲ
သူ့အဖေနဲ့အမေ့ကိုလဲ သေချာပြောပြပြီး လက်ထပ်ပွဲကို သူ့ဘက်ကဖျက်သိမ်းပါတယ်တဲ့ ပွဲနေ့ကို သူမဟုတ်တဲ့ အဲ့မိန်းကလေးနဲ့ ဆက်ပြီးကျင်းပလိုက်ပါတဲ့...ဖိတ်စာက နာမည်ပြင်တာလောက်ကတော့ မခက်ဘူးမဟုတ်လားတဲ့။
မိဘချင်းကိုတော့ မိတ်မပျက်စေချင်ဘူးတဲ့လေ..JungKook မင်းသိပ်ကိုမိုက်လွန်းတယ်။""တောင်းပန်ပါတယ်...Mommy "
"ငါတို့ကိုထက် Taeလေးတို့မိသားစုကို မင်းတောင်းပန်ရမှာ...
အခုတော့ ငါတို့မျက်စိရှေ့ကနေသွားလိုက်တော့"JungKook လဲ Mommy တို့ရှေ့ကနေ အပေါ်ထပ်အခန်းဆီတက်လာလိုက်သည်။JungKook အလုပ်စားပွဲမှာတင်ထားတဲ့ သူနဲ့Taeရဲ့ အစမ်းလုပ်ထားတဲ့ဖိတ်စာလေးကိုကိုင်ရင်း နောင်တမျက်ရည်တွေကျနေတော့သည်။
TaeHyung ဆိုင္ထဲမွ ထြက္သြားတာနဲ႕ JungKookေနရာမွာတင္ ဒူးေထာက္က်သြားကာ မ်က္ရည္ေတြပင္က်လာရသည္။
သူ႕အမွားေတြ...အားလုံးက သူ႕အမွားေတြခ်ည္းပဲမို႔ JungKook ဘာမွမတတ္နိုင္။
ေဘးစားပြဲဝိုင္းကလူေတြ ဝိုင္းၾကည့္ေနတာကို သိေပမဲ့လည္း JungKook အာ႐ုံထဲရွိမေနေတာ့။"ေမာင္...ထပါ လူေတြၾကည့္ေနၿပီ"လာထူတဲ့ Lee Aeriလက္ကို JungKook ပုတ္ထုတ္ပစ္လိုက္ၿပီး
"ငါ့အသားကို မင္းထိစရာမလိုဘူး"ေျပာရင္း ကိုယ့္ဘာသာထရပ္လိုက္သည္။
"ေမာင္ကလဲ Aeriတို႔က မၾကာခင္ပဲ လက္ထပ္ရေတာ့မယ့္သူေတြပဲဟာ..."
"မင္း!!! ေတာက္စ္!!"JungKook ေတာက္ခတ္လို႔ ဆိုင္ထဲကေနအျမန္ထြက္လာလိုက္သည္။
မဟုတ္ရင္ အဲ့မိန္းမကို ဘာလုပ္မိမလဲမသိလို႔။
Lee Aeriကေတာ့ ထြက္သြားတဲ့ JungKook ေက်ာျပင္ကို ေငးၾကည့္ရင္း အမည္ေဖာ္မရတဲ့ အၿပဳံးမ်ိဳးၿပဳံးေနခဲ့သည္။
.......................................................................JungKook အိမ္ျပန္ေရာက္လို႔ အိမ္ထဲဝင္ဝင္ခ်င္းမွာပဲ Daddyဆီက အထိုးခံလိုက္ရကာ သတိမမူမိလိုက္တာမို႔ အေနာက္ျပန္လန္ကာလဲသည္အထိ။
အင္း...ၾကည့္ရတာ Daddyတို႔ကို Taeလာေျပာသြားၿပီးလို႔ အကုန္သိေနတဲ့အေနအထား။"ေခြးမသား!!.."JungKook ကို ေကာ္လာစကေနေဆာင့္ဆြဲကာ ထပ္ထိုးရန္ျပင္ေနတဲ့ Daddyကို Mommyက လိုက္တားသည္။
"ေတာ္ပါေတာ့..ရွင္ဒီလိုလုပ္ေနလို႔လဲ ဘာမွထူးမလာေတာ့ဘူး။
Jeon JungKook..အခု မင္းလုပ္ရပ္ေတြေၾကာင့္ ငါတို႔ Kimမိသားစုကို ဘယ္လိုမ်က္ႏွာျပရေတာ့မွာလဲ...ဟမ္ ရွက္ဖို႔ေကာင္းလိုက္တာ။
TaeHyungက ဘာေျပာသြားတယ္ထင္လဲ
သူ႕အေဖနဲ႕အေမ့ကိုလဲ ေသခ်ာေျပာျပၿပီး လက္ထပ္ပြဲကို သူ႕ဘက္ကဖ်က္သိမ္းပါတယ္တဲ့ ပြဲေန႕ကို သူမဟုတ္တဲ့ အဲ့မိန္းကေလးနဲ႕ ဆက္ၿပီးက်င္းပလိုက္ပါတဲ့...ဖိတ္စာက နာမည္ျပင္တာေလာက္ကေတာ့ မခက္ဘူးမဟုတ္လားတဲ့။
မိဘခ်င္းကိုေတာ့ မိတ္မပ်က္ေစခ်င္ဘူးတဲ့ေလ..JungKook မင္းသိပ္ကိုမိုက္လြန္းတယ္။""ေတာင္းပန္ပါတယ္...Mommy "
"ငါတို႔ကိုထက္ Taeေလးတို႔မိသားစုကို မင္းေတာင္းပန္ရမွာ...
အခုေတာ့ ငါတို႔မ်က္စိေရွ႕ကေနသြားလိုက္ေတာ့"JungKook လဲ Mommy တို႔ေရွ႕ကေန အေပၚထပ္အခန္းဆီတက္လာလိုက္သည္။JungKook အလုပ္စားပြဲမွာတင္ထားတဲ့ သူနဲ႕Taeရဲ႕ အစမ္းလုပ္ထားတဲ့ဖိတ္စာေလးကိုကိုင္ရင္း ေနာင္တမ်က္ရည္ေတြက်ေနေတာ့သည္။
YOU ARE READING
Be Enough.....
FanfictionJust my imagination! Don't blame my idols.(Burmese not english)