At SUNSHINE CAF,
TaeHyungတစ်ယောက် Lee Aeriနဲ့ ချိန်းထားတဲ့ အချိန်အတိုင်း ကောဖြီဆိုငျကိုရောကျလာခဲ့သညျ။
ထိုဆိုင်လေးက အေးချမ်းတိတ်ဆိတ်ပြီး ထိုင်လို့လဲကောင်းသည်...တသီးတသန့်ဖြစ်ချင်သူတွေအတွက်လဲ private roomတွေလဲရှိသေးသည်။
Lee Aeri က private roomယူထားတယ်ဆိုတာကြောင့် ဝန်ထမ်းကောင်လေးတစ်ယောက်ကို မေးလိုက်ပြီး ထိုကောင်လေးလိုက်ပို့တဲ့ အခန်းမှာဝင်စောင့်နေလိုက်သည်။TaeHyung လဲ Lee Aeriမရောက်သေးတာကြောင့် သူမလာမှ စားစရာမှာတော့မည်ဟုတွေးကာ ဒီတိုင်းထိုင်စောင့်နေလိုက်သည်။
သူ(TH)ရောက်ပြီးသိပ်မကြာ...Lee Aeriရောက်လာသည်။
"Sorryနော်..အကိုTaeHyung Aeriနောက်ကျသွားတယ်"
"ရပါတယ်...အကိုလဲခုနကမှရောက်တာပါ။
တစ်ခုခုမှာလေ....စားရင်းသောက်ရင်းစကားပြောကြတာပေါ့" TaeHyungပြောတော့ Lee Aeriက ခေါင်းငြှိမ့်ပြပြီး waiterကိုလှမ်းခေါ်လိုက်သည်။
TaeHyungက strawberry cakeနဲ့ strawberry milkshakeတစ်ခွက်မှာလိုက်ပြီး Lee Aeriကတော့ Cheese cakeနဲ့ ကော်ဖီတစ်ခွက်ကိုမှာလိုက်သည်။မုန့်တွေမှာအပြီး waiterကောင်လေးက ခနစောင့်ရန်ပြောပြီး ထွက်သွားတော့မှ TaeHyungဘက်က စကားစလိုက်သည်။
"အကို့ကို မောင့်အကြောင်း ပြောစရာရှိတယ်ဆိုတာဘာများလဲ ညီမလေး"
"အကို...CEO Jeonနဲ့လမ်းခွဲပေးပါ"
"ဘာလို့ ..." TaeHyung မျက်ခုံးပင့်ကာပြန်မေးလိုက်သည်။
"CEO Jeonက...Aeriချစ်သူပါ အကို"
"အဲ့တော့...."
"ဟင်" သူမ ထင်ထားသလို တုံ့ပြန်မှုမျိုးမဟုတ်တာကြောင့် Aeri ကြောင်သွားရသည်။
ထိုအချိန် waiterကောင်လေးက မှာထားတာတွေလာပို့တာကြောင့် စကားခနရပ်သွားသည်။TaeHyung ကိတ်တစ်ဇွန်းခပ်ကာ အရင်စားလိုက်ပြီးမှ
"အဲ့တော့ Aeriက ဘာဖြစ်စေချင်တာလဲ"
"အကိုTaeHyungဘက်ကစပြီး လမ်းခွဲပေးစေချင်တာပါ"
"ဒီမယ်ညီမလေး..မင်းအခုစကားပြောနေတာ သူ့တရားဝင်ကောင်လေးဆိုတာတော့ မင်းမသိစရာမရှိဘူးထင်ပါတယ်နော်။"
"သိပါတယ်... အဲ့ဒါကြောင့်မို့််လဲ Aeri အကိုTaeHyung ကို အခုလိုတောင်းဆိုနေရတာပါ။
Aeri မောင့်ကိုချစ်တယ်... ပိုင်လဲပိုင်ဆိုင်ချင်တယ် အကို.... "
YOU ARE READING
Be Enough.....
FanfictionJust my imagination! Don't blame my idols.(Burmese not english)