1

5.8K 49 0
                                    


Unknown Relationship  - 1

Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ 

Omega_HEAT: Wattpad 

Omega_heat: Telegram

နွေရာသီနှင့် မိုးရာသီစပ်ကြားအချိန်တွေ အထက်တန်းကျောင်းတွေစတင်ဖွင့်လှစ်ကြကုန်သည်။ ငယ်ပေါင်းကြီးဖော်များဖြစ်သည့်ထိုက် ၊ လဲ့လဲ့ နှင့် ပိုင်မှူးအလင်္ကာ တို့သုံးယောက်သည် ကျောင်းတတ်ချိန် ကျောင်းဆင်းချိန်တိုင်း အမြဲလိုလို အတူသွားလေ့ရှိကြသည်။ ပိုင် နှင့် လဲ့လဲ့ တို့က မောင်နှမ ဝမ်းကွဲတော်စပ်ပြီးထိုက် နဲ့ကတော့ အိမ်နီးချင်း သူငယ်ချင်းအဖော်များဖြစ်ကြလေသည်။ကျောင်းသွားတဲ့လမ်းမှာ  သူတို့သုံးယောက်အတူသွားတယ် ဆိုပေမဲ့လည်း

ထိုက် နှင့် လဲ့လဲ့ တို့နှစ်ယောက်က အရှေ့မှာ တွဲကာယှဥ်ကာလျှောက်လျှက် ပိုင် ကတော့ သူတို့နောက်မှ လျှောက်လှမ်းလို့လာသည်။ ပိုင် က သူ့ရဲ့လွယ်အိတ် ကြိုးနှစ်ဖက်ကို တင်းနေအောင်ကိုင်ထားရင်း အတွေးတွေ မျောလွင့်လျှက် 

ပိုင် က သုံးယောက်အဖွဲ့ထဲမှာ ဆင်းရဲသည်ဟုဆိုနိုင်သည်။ထိုက် တို့က မျိုးရိုးမြင့်များဖြစ်သလို လဲ့လဲ့ အဖေက လည်းစစ်တပ်ကအရာရှိ ဖြစ်သလို စီးပွားရေးမှာလည်း မလစ်ဟင်းသူဖြစ်ရာ အတော်အသင့် ကြွယ်ဝသူစာရင်းထဲ မှာပါလေသည်။ ပိုင် ကတော့ ဖခင်ကိုငယ်စဥ်ကတည်းကဆုံးရှုံးထားရသူဖြစ်ကာ မိခင်နှင့်နှစ်ယောက်တည်းအတူနေရသည်။ ပိုင် ကျောင်းပိတ်ရက်တွေဆို အမေနဲ့အတူ စျေးထဲမှာ မုန့်ကူရောင်းပေးလေ့ရှိပြီး သားအမိနှစ်ယောက်က လက်လှုပ်နိုင်မှ ပါးစပ်လှုပ်နိုင်သူများဖြစ်ကြလေသည်။

ချို့တဲ့ပြီးဆင်းရဲခြင်းကို ပိုင် ခံနိုင်ပါသည်။ရောင့်ရဲတင်းတိမ်ကာ မြိုသိမ့်နိုင်စွမ်းလည်းရှိသူဖြစ်သည်။အနေအေး စကားနည်းသူအဖို့ ပတ်ဝန်းကျင်နှင့်တစ်ခါတစ်ရံ မသင့်မြတ် မဝင်ဆံ့နိုင်ပေ။

လဲ့လဲ့ကတော့ တတ်ကြွပြီး ဥာဏ်ကောင်းသည့်မိန်းမပျိုလေးဖြစ်သည်။ လဲ့လဲ့ကထိုက် ကိုသိပ်သဘောကျသည်။ထိုက် ကလည်း လဲ့လဲ့ကို အလိုလိုက်အကြိုက်ဆောင်ပြီး လဲ့လဲ့ ပြောသမျှ အရာရာတိုင်းကို ဖြစ်အောင်လုပ်ပေးလေ့ရှိသည်။သူတို့ဟာ သူငယ်ချင်းသုံးယောက်သာဆိုသည်ထိုက် နဲ့ လဲ့လဲ့က ပိုပြီးခင်မင်ရင်းနှီးကာ ပိုင် ကတော့ဘေးထွက်နေလေ့ရှိ၏။

Unknown Relationship Where stories live. Discover now