4

2.4K 58 2
                                    

Unknown Relationship  - 4

Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ 

OMEGAHEAT: Wattpad 

Omega_heat: Telegram

ပိုင် အမေ့ ဘေးနားမှာထိုင်လိုက်ပြီး ထိုင်လျှက် ပင် အမေ့ရဲ့ပေါင်ကိုခေါင်းလေးမှီလိုက်သည်။ခုံပေါ်မှာ ထိုင်နေတဲ့အမေက သူ့ခေါင်းကို တွန်းလိုက်ပြီး

“ဘာလို့လဲ သားရဲ့ လာပါ အမေ့ဆံပင်တွေဖြီးပေးအုံး ရှုပ်နေရင်း စျေးနှိမ်နေမယ်”

“အမေ သား အကောင်းစားအသားကိုဘယ်လိုစားရက်မှာလဲ အဖေအရမ်းကြိုက်တဲ့ ဆံပင်တွေကို အမေက နှစ်တွေအများကြီး တန်ဖိုးထားလာတာ အဲ့အရာကို သားကို ဘယ်လို ဖြတ်ပေးရက်မှာလဲ”

“သြော် ဒီကလေးရယ် အမေကအသက်ကြီးပြီး မဖြတ်ရင် ကျွတ်ကုန်မှာပဲ အဲ့အစား သားရဲ့ 16 နှစ်ပြည့်မွေးနေ့အတွက် ဖြတ်ပြီး သားကို မွေးနေ့ပွဲလုပ်ပေးတာပိုမကောင်းဘူးလား”

“သားအတွက် မန်ထို တစ်လုံးဆိုရပြီလေ အသားမပါလည်းရတယ် အသားတွေမကြိုက်ဘူး သူတို့ကသွားကြားညပ်တယ်လေ”

ပိုင် ပြောတော့ အမက ရယ်ပြန်သည်။ ပိုင် လက်ထဲ ခေါင်းဘီးကိုပေးပြီးဖြီးခိုင်းသည်။ပြီးရင် ကတ်ကြေးပေးလာသည်။ ပိုင် ထိုဆံပင်တွေဖြတ်ဖို့ လက်တွေကတုန်ယင်နေခဲ့သည်။သူ့မျက်လုံးထဲက မျက်ရည်တွေကလည်း တသွင်သွင်စီးကျလာခဲ့သည်။

အမေလည်းငိုနေမည်ဆိုတာသူသိပါတယ်။ပိုင် ကျောင်းမြန်မြန် ပြီဖို့ဆုတောင်းမိသည်။ စာရင်းကိုင် ကုမ္ပဏီ တစ်ခုမှာဝင်လုပ်ပြီး ရာထူးကောင်းတဲ့အထိ လုပ်ကာ အမေ့ကို ဒီထက်ကျယ်တဲ့အိမ်ကောင်းကောင်းမှာထားမယ်။နေ့တိုင်း အရသာပြည့်နေတဲ့အဆင့်မြင့်အသားတွေကျွေးပြီး အမေ့ဆံပင်တွေကို အမြဲဂရုစိုက်ပေးနေချင်တယ်

                             ※※※※

ပုံမှန်အတိုင်း ပိုင် တို့ကျောင်းအတူသွားကြဖို့ လဲ့လဲ့ကိုစောင့်နေရင်း မနေ့ကဝယ်ထားတဲ့ရေဘူးကို သေချာပေါက် ထိုက် ကိုကမ်းပေးလိုက်သည်။ထိုက် က မျက်မှောင်ကြုတ်လျှက် ရေဘူးကိုကြည့်ပြီး ပိုင် ရဲ့ရင်ဘက်တည့်တည့်ကိုပစ်လိုက်သည်။ ရေဘူးက ရေအပြည့်ပါနေတာကြောင့်ရော ရေဘူးခေါင်းနဲ့ကြောင့်ပါ ပိုင် ရင်ဘက်ထိုးအောင့်သွား၏။သို့ပေမဲ့ ပိုင် မျက်နှာကိုတစ်ဖက်လွှဲထားကာ

Unknown Relationship Where stories live. Discover now