7

2.3K 77 1
                                    


Unknown Relationship – 7



Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ 



OMEGAHEAT: Wattpad 



Omega_heat: Telegram



ထိုက် ရုံးခန်းထဲသို့ပိုင် ဖြေးဖြေးချင်းဝင်သွားလျှက်။ ရုံခုံဘေးမှာ လက်နှစ်ဖက် ယှက်ကာ တရိုတသေရပ်နေလိုက်၏။ထိုက် က သူ့ရဲ့ Laptop screen ကိုကြည့်ရင်း   ပိုင် ကိုစကားဆိုလာ၏။



“ပိုင်မှူးအလင်္ကာ……  အလုပ်သက်တန်း 4 နှစ် ….. အသက်25 နှစ် ဇာတိ ××× မြို့၊ အဖေမရှိတော့ မိခင်နဲ့ပဲ နေတော့တယ် လူလွတ် ××× မြို့ကနေ ညသန်းခေါင်းကျော်ကြီး ××× နယ်ဘက်ကို ရွှေ့ပြောင်းသွားခဲ့တယ် “



“….”



“ပိုင်မှူးအလင်္ကာ …!”



ထိုက် ရဲ့အော်သံက အခန်းတစ်ခုလုံးဟိန်းထွက်သွားခဲ့သည်။ပိုင် ကတော့ ခေါင်းကိုငုံ့ထားဆဲဖြစ်သည်။ထိုက် အား သူမတွေ့ချင်ပါ။မုန်းလည်းမုန်းသလို သူ့စိတ်ထဲမှ ကြောက်စိတ်များစွာလည်းဝင်နေသေးသည်။ ဒါပေမဲ့ ထိုက် ရှေ့ရောက်ရင် သူ့ရဲ့မျက်နှာက တည်ငြိမ်နေပြီး အားနည်းချက် အားသာချက်တို့ကို ဘယ်တော့မှ ထုတ်မပြတတ်ခဲ့



“ပိုင်မှူးအလင်္ကာမင်း က အိမ်ကနေ ခိုးထွက်သွားပြီး ကျောင်းပြောင်းသွားတဲ့အချိန် ငါ့ကို လူတိုင်းကဘယ်လောက်တောင်အပြစ်တင်နေကြလဲသိလား ငါ့ရှေ့မှာ ခေါင်းငုံ့ထားကြပေမဲ့ ငါ့နောက်ကွယ်ရောက် နှာခေါင်းရှုံ့နေခဲ့ကြတာ မင်းကငါ့ကို လူဆိုးဖြစ်အောင် လုပ်သွားရဲတယ်ပေါ့ဟုတ်လား”



“….”



“ ဘယ်သူ့အမြင်မှာ ငါကလူဆိုးပဲဖြစ်နေဖြစ်နေ …. ပိုင်မှူးအလင်္ကာ ငါကမင်းကို အမြဲ အနိုင်ဆက်ကျင့်သွားမှာပဲ မင်းစောင့်ကြည့်နေ “



“…”



“မင်းငါ့အခန်းထဲကထွက်သွားလို့ရပြီ”



ထိုက် တစ်ယောက်တည်းကသာစိတ်တိုဒေါသထွက်နေရတာ သူကတော့တုတ်တုတ် မျှမလှုပ်ဘဲ ထွက်သွားဆိုတာနဲ့ ချက်ချင်းထွက်သွားလေသည်၊အလုပ်သမားစာရင်းထဲမှာ ပိုင်မှူးအလင်္ကာဆိုတဲ့ နာမည်ကြောင့် သူဘယ်လောက်တောင် စိတ်လှုပ်ရှားသွားခဲ့ရလဲ။အစည်းအဝေးခန်းထဲမှာလည်း ကိုယ့်ဘက်ကို လုံးဝလှည့်ကြည့်မလာဘဲ မျက်နှာလွှဲကာနေနေသေးသည်။ ပိုင်မှူးအလင်္ကာ ကြောင့် သူဒေါသထွက်သလို ပြန်တွေ့ရတော့စိတ်သက်သာရာရသလိုခံစားရပြန်သည်။ သူ့အတွေးထဲရှုပ်ထွေးကာနေတော့ ခေါင်းပင်ကိုက်ချင်လာတော့သည်။



                         ※※※※



ရုံးမှာ သူဌေးအသစ်ပြောင်းလာတာ 1 လကျော်သလို ရုံးအလုပ်က ပုံမှန်အတိုင်းလည်ပတ်လို့နေ၏။



“မေမေ နေလို့မကောင်းဘူးလား”



“နေလို့ကောင်းပါတယ်သားရဲ့ အလုပ်သွားခါနီးသွားပါစိတ်ပူမနေနဲ့”



“သားစိတ်မချဘူး မေမေ သားတို့ ဆေးရုံသွားပြကြည့်  ကြမလား ဘာပဲဖြစ်ဖြစ် ကြိုတင်ကာကွယ်ရာရောက်တာပေါ့”



“မဟုတ်တာသားရယ် ခေါင်းထဲမူးနောက်နောက်ဖြစ်တာက အဲ့လောက်ထိစိုးရိမ်စရာမရှိပါဘူး “



ပိုင် က အလုပ်မသွားချင်တော့။သူ့အမေအား တကယ်စိုးရိမ်နေပြီ တစ်ခုခုဖြစ်သွားရင်သူရင်ကျိုးမှာ အမေကလုံးဝ စိတ်ချဖို့ပြောလေလေ သူစိတ်ပူလေလေပဲ နောက်ဆုံးမေမေ့စကားအရ သူအလုပ်ကိုလာခဲ့ရသည်။အလုပ်မှာလည်းလချုပ်စာရင်းတွေ စစ်နေရင်း ဌာနဘက်ကို  စစ်ဆေးရေးဝင်မယ်ပြောသည်။ဝင်တော့လည်း ဝင်ပေါ့ ပိုင် ကအလုပ်မှာခိုကပ်တတ်သူမဟုတ်တော့ ထူးခြားစိုးရိမ်ပူပန်တာမျိုးကမရှိတော့ပေ။



ပိုင် တို့ရုံးဆင်းတော့ အကိုက ပိုင့် ကို ဂိတ်ပေါက်မှာစောင့်နေပြီး ပိုင့် ကိုတွေ့တာနဲ့လက်ကိုဆွဲကာ အနောက်ဘက်လမ်းကြားဆီသို့ဆွဲခေါ်လာသည်။အကို့လက်တွေကအေးစက်နေပြီး အသက်ရှူသံတွေကမြန်နေသည်လို့ ပိုင် ခံစားမိနေသည်၊လူရှင်းသည့် နေရာသို့ရောက်တော့ ပိုင် နဲ့ မျက်နှာချင်းဆိုင်ရင်း



“ပိုင်ကိုယ်မင်းကိုတစ်ခုလောက်ပြောစရာရှိတယ်”



ပိုင် အကို့မျက်နှာကိုပင်မကြည့်ရဲတော့ပါ။အကို့ရဲ့စကားတွေကအလျှင်လိုနေသလို နှစ်ယောက်စလုံးရဲ့ နှလုံးခုန်သံကတော်တော်လေးကျယ်လောင်လျှက်ပင်



“ကိုယ်မင်းကိုသဘောကျတယ် ပိုင်မှူးအလင်္ကာကိုယ်မင်းကိုနမ်းချင်တယ် တကယ်လို့ မင်းငြင်းချင်ရင် ကိုယ့်ကိုတွန်းပစ်လိုက်လို့ရတယ်”



အကိုက ပိုင် ရဲ့ ပုခုံးနှစ်ဖက်ကို ကိုင်ကာ စတင်နမ်းဖို့ခြေလှမ်းစလာပါတော့သည်။ပိုင် ကိုယ်တိုင်လည်း အကို့ကို သဘောကျနေတာကြောင့် မျက်စိကိုစုံမှိတ်ကာ ကျရောက်လာမဲ့အနမ်းကိုခံယူဖို့စောင့်ဆိုင်းနေစဥ်



“အဟက်…….ပိုင်မှူးအလင်္ကာ …”



“ထိုက်…”



“ဥက္ကဋ္ဌ “



အကိုရော ပိုင် ပါ လန့်ထိတ်ပြီး သူ့ကိုကြောင်ကြည့်နေခဲ့ကြသည်၊ထိုက် က ပိုင် တို့နှစ်ယောက်ရှိရာကို ကားမီးကြီးထိုးကာ ကားပေါ်က ဆင်းလာတာဖြစ်သည်။ ထိုက် ရဲ့မျက်နှာက လှောင်ပြောင်သရော်ချင်သလို ရွံရှာနေသလိုပုံပေါ်နေသည်။ ပိုင် နဲ့သူ့ကြားကပြသနာကြားကို အကို့အားမပါစေချင်တာကြောင့်



“အကို အရင်ပြန်လိုက်ပါ”



“မင်းကရော”



“ကျွန်တော် ဥက္ကဌ နဲ့ခဏစကားပြောလိုက်ပါ့မယ်”



အကိုက သူ့အနားတိုးပြီး မဖြစ်ဘူး ဟုပြောနေပေမဲ့ ပိုင် ခေါင်းခါပြပြီး အကို့ကို ပြန်ဖို့တိုက်တွန်းလိုက်သည်။အကိုပြန်သွားပြီးနောက် ထိုက် က ပိုင် ရဲ့ လက်ကို ဆောင့်ဆွဲပစ်သည်။ ပြီးနောက်

Unknown Relationship Where stories live. Discover now