3

2.6K 50 0
                                    

Unknown Relationship  - 3

Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ 

Omeag_HEAT: Wattpad 

Omega_heat: Telegram

“အမေ့ ဒီမှာ အသားကြော် စားဖို့ယူလာတာ”

“သားပဲစားပါ သားရဲ့”

“သားစားလာခဲ့တယ် ထိုက် ဝယ်ကျွေးတာလေ ဒါကအမေ့ဖို့သက်သက် ထပ်ဝယ်ပေးလို့”

“ကောင်းပါပြီ ကောင်းပါပြီ သခင်လေး g ကစိတ်ထားအရမ်းကောင်းတာပဲ”

အမေက အသားကင်နေရင်း လက်တစ်ဖက်ကနေ ကြက်ကြော်ဘူးကို ယူလိုက်သည်။ ပိုင် လည်းအမေ့ကို တွန်းပြီး

“ဖယ် ဖယ် သားကင်လိုက်မယ် အမေက ထိုင်ပြီးစားမှပေါ့  စျေးကြီးတဲ့အသားမို့ အမေကုန်အောင်စားမှဖြစ်မယ်”

“ဟုတ်တယ် ဟုတ်တယ် စျေးကြီးတဲ့အစားအစားကို အလသ ဖြစ်အောင်လုပ်လို့မရဘူး”

အမေက ပျော်နေသည်။ဒီလိုစျေးကြီးတဲ့အစားစာကို သူအမေ့ကို ဝယ်ကျွေးနိုင်ဖို့ မြန်မြန်အရွယ်ရောက်ချင်လှပါပြီ

“အကင် တစ်ချောင်းဘယ်လောက်လဲ “

“ဘယ်ဟာ ယူယူ 200 ပဲ  ပေါင်ကတော့ 900 “

“အသားကကောင်းရဲ့လား “

“အကုန်ကောင်းတယ် သူဌေးလေးရဲ့ စိတ်ချလိုက်”

အမေကအနောက်ကနေ လှမ်းပြောသည်။ဝယ်သူလည်းခေါင်းတငြိမ့်ငြိမ့်နဲ့ အသားကင်တွေရွေးပေးသည်။သူလည်းကင်ပေးပြီး လိုချင်သည့်အရသာမှုန့်တွေ ဖြူးပေးကာ ရောင်ချလျှက်

တစ်ညလုံးခြေထောက်တောင့်အောင် ရောင်းချပြီးတော့မှ အကင်တွေကကုန်သွားသည်။အမေက သိမ်းစရာရှိတာတွေသိမ်းပြီးသက်ပြင်းချလျှက်

“ဒီနေ့မိုးမရွာတာ ကံကောင်းတယ်မလား”

“မိုးညပိုင်းမရွာဖို့ သားမှာထားတာလေ “

“ဟား ဟား  အတော်နောက်တဲ့ကောင်လေး “

အမေနဲ့က ပိုင် ရဲ့ခေါင်းလေးကိုပုတ်ကာရယ်၏။ပစ္စည်းတွေလှည်းပေါ်တင်ပြီး အိမ်ရှိရာသို့ သားအမိနှစ်ယောက် တွန်းလာခဲ့သည်။လမ်းက ကားနှစ်စီးအသာလေး ဝင်ဆံ့နိုင်သည့်လမ်းဖြစ်ပြီး တစ်ဖက်လမ်းကကားတွေအဆက်မပြတ်သွားနေရင်း ပိုင် တို့လမ်းဘက်က ကားပါလာတာကြောင့် လှည်းကိုသားအမိနှစ်ယောက် ဘေးသို့ချပေမဲ့ အနည်းငယ်ကျင်းနေတာကြောင့်အခတ်တွေ့နေသည်။အနောက်မှကားပေါ်ကနေ လူတွေဆင်းလာပြီး အော်တော့၏။

Unknown Relationship Where stories live. Discover now