2

3K 55 0
                                    

Unknown Relationship  - 2

Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ 

Omega_HEAT: Wattpad 
Omega_heat: Telegram

အချိန်ပြည့်တော့ ထိုက် က လဲ့လဲ့တို့အခန်းကနေပြန်ထွက်လာသည်။လဲ့လဲ့ကအတန်းရှေ့ထိလိုက်လာပြီး ထိုက် ကိုနှုတ်ဆက်စကားဆိုလေသည်။ အစ်ကိုဝမ်းကွဲဖြစ်သူ ပိုင် အားမြင်ပေမဲ့ သူမကအရေးပင်မလုပ်ပါ။

နောက်အတန်းချိန်တွေ တတ်ပြီးနောက် ကျောင်းမဆင်းခင် အခန်းသန့်ရှင်းရေးလုပ်ရန် ပိုင် ကျန်ခဲ့ရသလို ထိုက် လည်း ကျန်ခဲ့ရသည့်စာရင်းတွင်ပါလာတော့သည်။ထိုက် လို ရွှေပေါ်မြတင် သူဌေးသားက တံမြတ်စည်းကိုမည်သို့မည်ပုံကိုင်ရမည်ဖြစ်ကြောင်း သိလျှင်တောင်သူအတော်ချီးကျူးမိမှာ အသေအချာပင်။ အတန်းကလူတွေအားလုံးပြန်ပြီး တာဝန်ကျ ကျောင်းသားသုံးယောက်နဲ့ ကျောင်းသူ သုံးယောက်သာ ကျန်ခဲ့တော့သည်။ ထိုက်, ပိုင် နဲ့ မိုးခြိမ့် တို့သုံးယောက်ဖြစ်လေသည်။မိုးခြိမ့်သည် ကျောင်းကောင်စီဝင် စံပြကျောင်းသားတစ်ယောက်ဖြစ်ကာချမ်းသာ ပြီးကျောင်းရှယ်ယာဝင်တစ်ယောက်၏ သားလည်းဖြစ်သည်။ဒီအထက်တန်းကျောင်းလေးမှာ လူချမ်းသာဟူ၍ သိပ်မရှိပေမဲ့ လူလတ်တန်းစားအများစုလည်းရှိသည်။ကျောင်းတွင် စကောလာ ရှစ်နှင့် တတ်ရသူသည် လက်ချိုး၍ပင်ရေတွတ်နိုင်သည်။ထိုအထဲမှာ ပိုင် လည်းပါ၏။

ပိုင် နဲ့ မိန်းကလေးသုံးယောက် အခန်းသန့်ရှင်းရေးလုပ်နေကြပြီး မိုးခြိမ့်က မျက်နှာကြပ်သန့်ရှင်းရေးတာဝန်ကိုယူသည်။ မိုးခြိမ့်ရဲ့အရပ်က ရှည်တော့ ထိုတာဝန်က သူနဲ့လိုက်ဖက်သည်။ထိုက် ကတော့ ခုံပေါ်တတ်ထိုင်ပြီး သူတို့ကိုစိတ်ပျက်လက်ပျက်နဲ့ ထိုင်ကြည့်နေလျှက်

“ပိုင်လေး ငါမျက်နှာကြပ်တွေ သန့်ရှင်းရေးလုပ်လိုက်ပြီ မင်းတံမြတ်စည်းပေး မင်းခဏနားလိုက်အုံး”

“ရတယ် ကျွန်တော်လှည်းနိုင်ပါတယ် အမှိုက်ကသိပ်ရှိတာမဟုတ်ဘူး"

“ပြောင်နေပြီလေ ငါတံမြတ်စည်းတွေသွားသိမ်းလိုက်တော့မယ် ကြမ်းလည်းတိုက်ရအုံးမယ် မင်းရေမကိုင်နဲ့ ငါ ကြမ်းတိုက်တံကို ရေဆေးပြီး မင်းတို့ဆီယူလာမယ် မင်းကခဏနားနေလိုက်”

Unknown Relationship Where stories live. Discover now