~ အတ္တ ~

157 29 25
                                    

အတိတ်ကိစ္စပြီးပြီဆိုတော့
~ သဘောကျတယ် ~ ဆိုတဲ့ part အဆုံးကနေ အခုလက်ရှိအချိန်တွေ ပြန်စပြီနော် ..

ဆောင်းချန် ဒီလတွေအတွင်း အတော်ကို စိတ်အိုက်ရသည် .. အကြောင်းကတော့ ဝွန်ဘင်းကို မတွေ့ရခြင်းပင် ..

ဆောင်းချန်ကိုယ်တိုင်လည်း ကိုရီးယားမှာရှိမနေ ဂျပန်နှင့်တရုတ်မှာ တစ်လှည့်စီနေရင်း အလုပ်သစ်တွေစတင်ကာ စီးပွားရေးပါတနာတွေနှင့် တောက်လျှောက် တွေ့နေရသဖြင့် မအားလပ်

ရုံးခန်းကို ဝွန်ဘင်းရောက်ခဲ့ပြီးနောက် အွန်းဆော့လာတွေ့ခဲ့သည့်ရက်နောက်ပိုင်း အစပျောက်နေကာ ဘယ်လိုမှစုံစမ်းမရသလို အလုပ်ခန်းကပါ ပိတ်ထားသည် ..

အွန်းဆော့ဖွက်ထားသည်ကလွဲ ဘာဖြစ်နိုင်ဦးမှာလဲ ... သူတို့ရဲ့စံအိမ်ကလွဲပြီး ကျန်သည့်နေရာတွေ မရှိနိုင် ...

ဆောင်းချန်ပူလောင်နေသည်က အတိတ်ကို သတိမရနေသည့် ဝွန်ဘင်းကို အွန်းဆော့က အတင်းအကြပ် မှတ်မိစေဖို့ ကြိုးစားနေမှာကိုပင် ..

အွန်းဆော့ လာမတွေ့ခင် ဝွန်ဘင်းစိတ်ကို ပြန်ရအောင် ယူနိုင်ဖို့ ကြိုးစားသော်လည်း အဆုံးထိ မပြီးမြောက်သဖြင့် ဆောင်းချန် အတော် မကျေနပ် ဖြစ်နေပြန်သည် ...

တိုကျိုရဲ့မိုးရေစက်တွေနှင့် ရှန်ဟိုင်းရဲ့ ညအလှကို ဆောင်းချန် သတိရမိသည် ..

အခု ကိုယ့်နိုင်ငံကို ပြန်ရောက်လာပြီး အလုပ်တွေအားသည်နှင့် ဝွန်ဘင်းကို တွေ့ချင်စိတ်က ထိန်းမရ ..

လေးလကျော်ခဲ့လေပြီ ..

ဝွန်ဘင်းဘက်က အဆက်အသွယ်ဖြတ်ထားသလို သူကိုယ်တိုင်လည်း အလုပ်မအားသဖြင့် အချိန်က အဲ့လောက်တောင် ကြာသွားခဲ့ပြီး ..

ဆောင်းချန် တွေးရင်း မနေနိုင် .. မတွေ့ရသည့် လတွေမှာ ဆောင်းချန် ဝွန်ဘင်းကို သိသိသာသာ လွမ်းနေခဲ့သည် ..

'' တောက် ... ´´

တောက် တစ်ချက်ကို ပြင်းစွာ ခေါက်ပြီး စံအိမ်ထိ လိုက်သွားဖို့ ဆုံးဖြတ်တုန်း ..

'' ဆရာ့ဆီ ဝွန်ဘင်းရှိနေတဲ့ တည်နေရာကို ပို့လိုက်ပါတယ် ´´

လူယုံရဲ့ ဖုန်းကိုရသည်နဲ့ ကားသော့ဆွဲပြီး ဆောင်းချန်ပြေးတော့သည် ..

Dear Pain ( Completed ) Where stories live. Discover now