9

1.1K 93 30
                                    

"ကိုကို ဘေဘီကို ရေခဲမုန့်မှာထားပေးနော် ဘေဘီ ရှုးရှုးပေါက်ချင်လို့သွားလိုက်အုံးမယ် "

" ဖြေးဖြေးသွား ဘေဘီ ချော်လဲမယ် ကိုကိုလိုက်ခဲ့ရမလား "

" ဟုတ် ရတယ်ကိုကို "

Tae Tae ထွက်သွားတော့ ရေခဲမုန့်မှာမယ်အလုပ် ကျောင်းတုန်းက သူငယ်ချင်းနှင့်တွေ့ကာ သူ့ကို နှုတ်ဆက်လာတာကြောင့် Jungkook လည်းအားနာနာနဲ့ပြန်နှုတ်ဆက်လိုက်ရသည်..

" Jungkook ဟုတ်တယ် မဟုတ်လား Jungkook နင်က တကယ်ပဲ ချောလာလိုက်တာ ငယ်ငယ်ကထက်ကို ပိုချောလာတယ် ဒါနဲ့ တယောက်ထဲလား "

" ဟင် မဟုတ်...."

" အကို ဘာမှာမလည်း"

မဟုတ်ဘူးလို့ပြောမလို့ရှိသေး ကောင်တာက ကောင်လေးကဘာမှန်းမလည်းဟုမေးလိုက်တာကြောင့်ပြောမယ့်စကားရပ်လို့သွားကာ..

"ဟို ချောကလပ်တခွက် စတော်ဘယ်ရီတခွက် "

" ဟဲ့အားနာစရာကြီး"

" ဟင်."

တဘက်က အမျိုးသမီးက သူ့အတွက်ပါမှာနေတယ် အထင်နဲ့ အားနာစရာကြီးတွေပြောကာ..
အဆုံးထိခုံမှာ တူတူထိုင်လို့ ရေခဲမုန့်ကိုစားလို့နေသည်..

Jungkook မှာ အားနာတာကြောင့် ဘာပြန်ပြောရမလည်း မသိဖြစ်ကာ. သူ့ ဘေဘီ ထွက်အလာကိုသာ တကြည့်ကြည့်ဖြစ်နေတော့သည်..

" ဟဲ့ ကျောင်းသားဟောင်းတွေ့စုံပွဲတွေဘာတွေ လာပါအုံးဟ"

" အင်း "

တဖက်က အမျိုးသမီးကသာ စကားတွေများနေတာ Jungkook မှာတော့ အင်းအပြင်မပြောနိုင် သူ့ ဘေဘီသာ မြင်သွားရင် အရှေ့ကိစ္စတောင် မရှင်းရသေးခုတခါသာဆို ထပ်ပြီးသူ့ကို ကောက်လို့ဆုံးမှာ မဟုတ်တော့ဘူးဆိုတာတွေးကြည့်ရုံနဲ့တင် ကျက်သီးတွေပါထနေသည်..

ဖင်တကြွကြွဖြစ်နေတဲ့ Jungkook..နောက်ဆုံးနှုတ်ဆက်ပြီး ထွက်လာခဲ့ပေမယ့် နောက်အလှည့်မှာပဲ မြင်လိုက်ရတဲ့ မျက်နှာလေးက နီရဲကာ မျက်ဝန်းမှာ မျက်ရည်တွေအပြည့်

" ကိုကို မကောင်းဘူး ဟင့် "

ပြေးထွက်သွားတဲ့ Tae Tae နောက်ကို လိုက်ကာ လမ်းမ အလယ်ရောက်မှ TaeTae ကိုမှီသွားပြီး TaeTae လက်ကိုလှမ်းဆွဲထားလိုက်ရသည်..

ကိုကို့ ဘေဘီထယ် Where stories live. Discover now