~ မေ့အောင်လုပ်ပေးမယ် ~

143 29 21
                                    

ဆောင်းချန် မာဆာကီရဲ့ အိမ်ရှေ့ကိုရောက်သည်အထိ ဝွန်ဘင်းက ဖုန်းမကိုင်ပေ ..

ဆုန်းအွန်းဆော့ဆိုတဲ့ကောင် .. မင်း ငါနဲ့ဝွန်ဘင်းအတူရှိတဲ့အချိန်တွေကျ လူကုန်လွှတ်ထားပြီး
အခုကျ တစ်ယောက်မှ အစောင့်မရှိ

ဆောင်းချန်က ကြိတ်ဒေါသထွက်လျက် ..

'' ဘယ်လိုနေလဲ သဘောကျရဲ့လား ´´
'' မင်း အိမ်ပြင်လိုက်တာ အတော်ကိုကောင်းသွားတာပဲ တစ်ကယ်သပ်ရပ်ပြီး စုံသွားတာ ´´

ဝွန်ဘင်းက မာဆာကီရဲ့အိမ်ကို အသေးစိတ်
ကြည့်ပြီး ပြောတော့ မာဆာကီက သဘောကျလျက် ..

'' တစ်ကယ်တော့ မင်း နေဖို့အတွက် တွေးပြီး ပြန်ပြင်ထားတာ ´´
'' ငါ နေဖို့ .. ငါ့မှာ အိမ်ရှိနေတာကို ပြီးတော့   စံအိမ်လည်းရှိနေတာပဲ ´´

'' ဒါဆို မင်းနဲ့ငါ နေဖို့ .. အဲ့လိုပြောရမှာပေါ့ ´´

မာဆာကီရဲ့စကားကြောင့် ဝွန်ဘင်းရယ်လိုက်ပြီး
'' အတော်နောက်တဲ့ကောင်ပဲ ´´

'' ဘင်း ... ´´
မာဆာကီက ခေါ်တော့ ဝွန်ဘင်းက magazine တစ်အုပ်ကို လှန်လှောနေရင်းမှ ကြည့်လိုက်သည် ..

'' မင်းကလေ ငါ ဘယ်လောက်အတည်ပြောပြော ဂရုမစိုက်ဘူး မင်းအာရုံက အမြဲ ငါ့ဆီရှိမနေဘူး ´´

ဝွန်ဘင်းက magazine ကို ပိတ်လိုက်ပြီး မာဆာကီကို သေချာကြည့်လိုက်ကာ

'' အိုကေ ဆောရီး အခု သေချာနားထောင်ပေးမယ် ဟုတ်တယ် ဒီနေ့ မင်းနဲ့ ဒိတ်ဖို့ လာတာပဲ မင်းကိုပဲ အာရုံစိုက်သင့်တာပေါ့ ´´
ဝွန်ဘင်း ပြုံးပြီးပြောလိုက်သည် ..

'' မဟုတ်ဘူး .. အခုအချိန်ခဏလေးကို ပြောတာမဟုတ်ဘူး အရင်တုန်းကရော နောက်ရော အချိန်တိုင်း မင်းရဲ့စိတ်ကိုရဖို့ ငါ ဘာလုပ်ရမလဲ ´´
'' မာဆာကီ .. ´´

'' ဟုတ်တယ် ငါ မင်းကို သဘောကျတယ် မင်း မသိချင်ယောင်ဆောင်နေတာမလို့ မင်း ငါ့ခံစားချက်တွေကို ဂရုမစိုက်လွန်းလို့ ထုတ်ပြောရတာ ´´

ဝွန်ဘင်း သက်ပြင်းတစ်ချက်သာချလိုက်ပြီး

'' ငါက ဘယ်လိုလူလဲ မင်းမသိတာလည်းမဟုတ်ဘဲ ဘာများ သဘောကျစရာရှိလို့လဲ ´´
'' မင်းမလို့ပေါ့ မင်းဖြစ်နေလို့ ငါလိုချင်တာ ´´

Dear Pain ( Completed ) Where stories live. Discover now