အပိုင်း_၅

962 158 28
                                    

( UNICODE Version )

( အပိုင်း_၅ )

* ဂျီမင်း! *

ထယ်ယောင်း သူနိုးလာတော့အခန်းထဲမှာ
ဂျီမင်းရှိမနေခဲ့ဘူး။အိပ်ရာနှစ်ခုကို ဘေးချင်း
ယှဥ္ခင်းပြီးအိပ်ခဲ့ကြတာမှန်ပေမယ့် သူနိုးလာတဲ့အချိန်မှာ ဂျီမင်းအိပ်ရာလေးသည်သပ်သပ်ရပ်ရပ်လေးဖြစ်နေလျှက်ရှိကာ သူဘယ်လိုရှာရှာ ဂျီမင်းကိုအိပ်ဆောင်ထဲမှာမတွေ့ရသဖြင့် အပြင်ထွက်ရှာဖို့ဖြစ်လာခဲ့ရတယ်။

စိမ်းသက်နေသေးတဲ့နေရာမို့ ဂျီမင်းကို သူဘယ်မှာလိုက်ရှာရမလဲမသိဖြစ်နေရတယ်။အမှန်တိုင်းပြောရမည်ဆို ဂျီမင်းကို သူစိတ်မချဘူး။သည်ခြံပိုင်ရှင် ဟိုAlphaကောင်နဲ့ညိှ့သွားမှာကို တကယ်စိတ်ပူပါတယ်။အဲ့လူက တကယ်ချောတဲ့လူ၊ခန္ဓာကိုယ်ရော ရုပ်ရည်ရောမိမိုက်နေတော့ သူသဝန်တိုရတယ်လေ။

ထယ်ယောင်းမျက်နှာပင် မသစ်ရသေးကာ
မနက်စောစောပျောက်သွားတဲ့လူကိုရှာဖို့လုပ်ရတော့သည်။အိပ်ရာထဲက တိုးထွက်လာတဲ့အတိုင်း ခြံထဲကိုဆင်းခဲ့လိုက်ပြီး အိမ်ကိုတစ်ပတ်ပတ်ကြည့်ပေမယ့် မတွေ့ရသေးပေ။

* ရား..!။ပတ်ခ်ဂျီမင်း နောက်ဆုံးတော့မင်းကိုဖမ်းမိပြီကွ။ *

ခြံထောင့်မှာ ကျောပေးထိုင်နေသည့်ခန္ဓာကိုယ်ညှက်ညှက်ကလေးကိုတွေ့လိုက်ရတဲ့အခါ ထယ်ယောင်းကလူညစ်ပတ်လိုမျိုး တစ်ချက်ပြုံးပြီး ထိုနေရာဆီသို့ပြေးသွားတော့သည်လေ။သူကသာ အော်ဟစ်နေတာ
ကျောပေးထားသည့်လူမှာတော့ လှည့်ပင်ကြည့်မလာခဲ့။

ကြက်စာကျွေးနေတာကိုပဲ အာရုံစိုက်ထားတဲ့လူကြောင့် ထယ်ယောင်းနည်းနည်းတင်းသွားရတယ်။ကြက်လောက်တောင်သူ့ကိုအဖက္မလုပ်တာ။သူက ကြက်လောက်တောင်ဂရုစိုက် မခံရတဲ့လူပေါ့။ဟိုလူလည်းAlpha သူလည်း Alphaပါပဲ ဒါပေမယ့်Alphaချင်းအတူတူ သူ့ကိုဆိုဘယ်တုန်းကမှ ဂျီမင်းကဂရုမစိုက်ခဲ့ဖူး။

အခုလည်းကြက်တစ်ကောင်လို သူ့ကိုဂရုမစိုက်တဲ့ဂျီမင်းကို နောက်ကနေခုန်အုပ်လိုက်ပြီးတင်းတင်းဖက်ထားလိုက်ကာ လည်ပင်းလေးကို သူ့လက်မောင်းကြီးနဲ့ဖွဖွညှစ်ပြစ်တဲ့အခါ ဂျီမင်းသည်ရုန်းကန်လာခဲ့တော့သည်။
ဒါပေမယ့် သူမလွှတ်ပေးပြစ်ပါ။နည်းနည်းတော့ အပြစ်ပေးခံရသင့်တယ်မလား။

Honey(ဟန်နီ)Wo Geschichten leben. Entdecke jetzt