အပိုင်း_၇

1.1K 173 24
                                    

( UNICODE Version )

( အပိုင်း_၇ )

Alphaကြီးနောက်ကို တကောက်ကောက်လျှောက်လိုက်နေရတာက သူ့လိုAlphaကို
သိက္ခာကျစေတယ်လို့လေကြီးခဲ့တာလည်း
ဂျီမင်းဖြစ်သလို၊Alphaကြီးမသိအောင် လိုက်ချောင်းရတာကို သဘောတွေ့နေတာလည်းဂျီမင်းပဲဖြစ်သည်။

အဲ့သည်လိုအနောက်ကနေလိုက္မိတိုင်း လူမိတာလည်း သူပဲဖြစ်သည်။Alphaကြီးကသိပ်လျင်တာမို့ ဂျီမင်းကိုအလွယ်တကူဖမ်းမိတာ
ထူးဆန်းတဲ့ဖြစ်ရပ်တော့မဟုတ်ဘူး။ထိုသို့မိသွားတိုင်းမှာ ဂျီမင်းသည်သူ့ခေါင်းကို သူပြန်ခေါက်တတ်သေးသည်လေ။

* ဟေး။ထွက်ခဲ့စမ်း။ *

နံရံကိုလက်ဆစ်တွေနဲ့ခေါက်ပြီး ထွက်လာခိုင်းနေသဖြင့် ဂျီမင်းပုန်နေသည့်နံရံနောက်ကနေ ခေါင်းလေးကအရင်ထွက်လာသည်။
အနီးကပ်မြင်လိုက်ရသည့်ရှစ်ခေါက်ချိုးမျက်နှာကြီး​ကြောင့် ခေါင်းပြတ်ရုတ်လိုက်လျှင် သူသည် ဂျီမင်းကိုအတင်းဆွဲထုတ်ဖို့
လုပ်တော့သည်လေ။

သူနဲ့ဂျီမင်းမှာ အားချင်းမမျှသဖြင့် ဂျီမင်းသူ့လက်ထဲပါလာရတယ်။သူကတော့ ဂျီမင်းကိုငုံ့ကြည့်နေဆဲလေ။ထို့ကြောင့် ဂျီမင်း ကိုယ့်ခေါင်းကိုတစ်ချက်ထုပြစ်လိုက်ပြီး သူ့ကိုမော့ကြည့်ဖို့တွန့်ဆုတ်နေမိသည်။

* မင်းခေါင်းကိုထုတာတော်သင့်ပြီ။ဦးနှောက်မကောင်းရတဲ့ကြားထဲ ရူးသွားဦးမယ်။။*

တွေ့လား။ဂျီမင်းကို သူနှိပ်ကွပ်ပြန်ပြီ။

* သူများကို နှိမ်ဖို့ဆို ခင်ဗျားထိပ်ဆုံးကနော်။အေး။နောက်တစ်ခါ လာနှိမ်ကြည့် ခင်ဗျားခေါင်းကိုပြောင်းခေါက္မယ်။ *

ရန်တွေ့ခံလိုက်ရတာမှန်ပေမယ့်Alphaကြီးသည် ဂျီမင်းအထင်လွဲစေနိုင်မယ့်အကြည့်မျိုးနဲ့ကြည့်နေခဲ့သည်။သို့သော် သူ့နှာသီးဝဆီတိုးဝှေ့လာသောရနံ့တစ်ခု​ကြောင့်Alphaကြီးမှာမျက်နှာပျက်သွားလေသည်။ပြီးနောက် ချက်ချင်းသူ့နှာခေါင်းကိုအုပ်ထားလျက် ဂျီမင်းကိုစူးရဲစွာစိုက်ကြည့်လာသည်။

* မင်းPheromoneက ဘာဖြစ်နေတာလဲ။ *

* ဘာဖြစ်လို့လဲ။ *

Honey(ဟန်နီ)Wo Geschichten leben. Entdecke jetzt