အပိုင်း_၁၀

1.3K 118 21
                                    

( UNICODE Version )

( အပိုင်း_၁၀ )

အစ်ကိုရဲ့Rutကာလပြီးတော့ အစ်ကိုသည်အလုပ်ကိစ္စနှင့်ခရီးတစ်ခုသွားစရာရှိ၍ ဂျီမင်းပါ ထိုခရီးစဥ်တွင် အတူလိုက်သွားဖို့ဖြစ်လာခဲ့ရသည်။မည်သူတစ်ဦးတစ်ယောက္မျှမသိဘူးဆိုပေမယ့် သည်ခရီးစဥ္ဟာ ဂျီမင်းတို့ရဲ့ အကြိုဟန်နီးမွန်း..၊အဲ့သဘောပဲဖြစ်တယ်။

ခရီးစဥ္တစ်လျှောက်လုံးဘယ်လိုပြဿနာမျိုးမှမဖြစ်ခဲ့သော်ငြား အစ်ကိုပိုင်သည် ခြံကိုရောက်သွားတော့မှ ပြဿနာနဲ့ထိပ်တိုက်တွေ့ရသည်လေ။ထိုအချင်းအရာသည် ခြံကိုလာလည်သည့်ဧည့်သည်စုံတွဲကြောင့်လို့ပြောရမလား။ထိုစုံတွဲက တကယ်အမြင်ကပ်စရာပါ။

ခြံကိုရောက်တာနှင့်အလုပ်များရတော့သည့်အစ်ကိုကြောင့် ဂျီမင်းပြဿနာတွေမလုပ်မိအောင်လို့ အလိုက်တသိနေပေးခဲ့ပေမယ့် ထိုဧည့်သည်ကတော့ ဂျီမင်းကိုတော်တော်လေးစိတ်ရှုပ်စေခဲ့တယ်။ထိုသူဝတ်ထားတာတွေကအစ ဂျီမင်းကိုကြည့်မရဖြစ်စေတယ်။

သိုးမွေးဦးထုပ်ကို နဖူးလုံသည်အထိဆောင်းထားသဖြင့်ဘဲဥလိုလုံးနေသည့်သူ့မျက်နှာကအစ ကြည့်မရဖြစ်ရတာမျိုး။2000ခုနစ်ဒီဇိုင်းနဲ့ခေတ်အောက်နေတဲ့အပြင်အဆင်ကဘာလဲ!
အဲ့လိုယောကျာ်းမျိုးကို သဘောကျတဲ့လူကရှိသေးတာလား။

အဲ့ဒီတစ်ယောက်က ဂျီမင်းထက် အသက်ငယ်မည့်ပုံရှိသည်။အသက်ငယ်တဲ့ယောကျာ်းနဲ့ကလေးဆန်တတ်တဲ့ယောကျာ်းတွေကိုဖြင့်သဘောမကျတတ်လို့လားမသိဘူး၊သူ့ကိုမြင်နေရတာ မျက်လုံးထဲတစ်မျိုးပါပဲ။တော်တော်လေးကိုမှ အဆင်မပြေနေတာ။

နိုင်လိုမင်းထက်အတွေးများစွာနဲ့ဂျီမင်းဟာ
သူ့နံဘေးက ကောင်လေးကိုခပ်ချဥ္ချဥ္ကြည့်လေပြီး မျက်နှာကိုမဲ့ပစ်လေသည်။သို့သော် ထိုသူစိမ်းဧည်သည့်သည် ဂျီမင်းလိုထပ်တူတွေးနေပုံရပြီး သူ့မျက်လုံးဝိုင်းကြီးများက ဂျီမင်းကိုမသိမသာမျက်စောင်းထိုးချေသည်။

* လွှတ်! *

* မင်းလွှတ်လေ! *

တစ်ယောက်ကိုတစ်ယောက်က မဲ့ရွဲ့နေခဲ့ကြပြီး စတော်ဘယ်ရီပင်ပေါက်ပျိုးထားတဲ့အိုးတစ်ခုအား အရွယ်အစားမတူညီသည့်လက်နှစ်ဖက်သည် ထက်လျှက် အုပ်ကိုင်လိုက်ကြလျှင် Omegaဂျီမင်းက အရင်အသံမာသည်။
ထို့ကြောင့် ဂျွန်ကူးကူးသည်လည်းငြိမ်ခံမနေ။

Honey(ဟန်နီ)Wo Geschichten leben. Entdecke jetzt