အပိုင်း၁

305 11 1
                                    

ဆင်းရဲသားရပ်ကွက်လို့ခေါ်တဲ့ လူနေရပ်ကွက်ထဲမှာ ရှီယန် က လက်ထဲက အသားမပါတဲ့ပေါက်စီ ကို ကိုက်စားရင်း အထက်တန်းကျောင်းရှိရာကို ခပ်သွက်သွက် လျှောက်သွားလေတော့သည်။ သူများတွေမှာ ဆင်းရဲပေမယ့် ကျောင်းသွားဖို့ စက်ဘီး ကိုယ်စီရှိပြီး ရှီယန်ကတော့ မိဘမဲ့ဖြစ်ကာ ငယ်ငယ်ကတည်းက အစိုးရထောက်ပံ့ငွေနဲ့ကျောင်းကိုတက်ခဲ့ရတာကြောင့် စက်ဘီးတစ်စီးပင်မစီးနိုင်ခဲ့။ပြီးတော့ လူတွေ စက်ဘီးနင်းတာကိုကြည့်ပြီး ခြေထောက်နဲ့ စက်ဘီးနင်းတာကြီးက အလွန်ငြီးငွေ့စရာကောင်းလှလေသည်။

"ရှီယန် 2 မိနစ်နောက်ကျတယ် ဒီမှာရပ်နေ"

ရှီယန် ကျောင်းရှေ့ရောက်တော့ ကြိမ်လုံးကိုင်ပြီးရပ်စောင့်နေတဲ့ လောင်ကျောက်က နောက်ကျတဲ့ကျောင်းသားတွေ အားလုံးကိုတန်းစီကာ ထိုင်ထ အခါ50ဆီလုပ်ခိုင်းပြီးမှ ကျောင်းခန်းထဲ ဝင်ကြရလေသည်။

ဘေးမှာ နောက်ကျတဲ့ omegaကျောင်းသူကျောင်းသားတွေက ရှက်ပေမယ့် လောင်ကျောက်ကတော့ alpha omega ဟူ၍ အလျော့ပေးရိုးထုံးစံမရှိ။အားလုံးထိုင်ထ လုပ်ပြီးမှစာသင်ခန်း အခန်းထဲဝင်ကြရသည်။ ထိုထဲမှာ ရှီယန် လည်းအပါအဝင်ပေါ့။ရှီယန်ကတော့ တစ်ပတ်ကို 3 ရက်လောက်က ထိုင်ထ လေ့ကျင့်ခန်း လုပ်ရတာမလို့ အရေထူတဲ့Alphaဖြစ်လေတယ်။သူ ဘာကိုမှဂရုမစိုက်။

" ရှီယန် ရုံးခန်းထဲလိုက်ခဲ့"

လောင်ကျောက် က ရှီယန် မျက်နှာကိုကြည့်ပြီးခေါင်းယမ်းကာ ရှေ့ကနေ လျှောက်သွားတော့သည်။ရှီယန်  ကနောက်ကကြောင်တောင်တောင်နဲ့ လိုက်ရတော့တာပေါ့။ ရုံးခန်းရှေ့မှာတော့ ဆရာမတွေက အထဲကို စပ်စုနေကြကာ ချောင်းကြည့်နေကြသည်။ ထိုဆရာမများကလည်း ရှီယန် ကိုတွေ့တော့ စာနာသလို ထပ်ကြည့်တာကြောင့် ရှီယန် ထပ်ကြောင်သွားရပြန်သည်။

ရှီယန်"    "

"အထဲဝင်သွား အထဲမှာ မင်းကိုတွေ့ချင်တဲ့လူ ရှိတယ်"

ရှီယန်"    "

ရှီယန် အထဲကိုလျှောက်ဝင်သွားလိုက်တော့ အထဲမှာ ကျောင်းအုပ်ကြီး နဲ့ စုံတွဲတစ်တွဲ ထိုင်နေကာ သူဝင်လာတော့ ကျောင်းအုပ်ကြီးက ပြုံးလိုက်ကာ

အင်အားကြီးအယ်ဖာက တတိယလူဖြစ်နေတယ်Where stories live. Discover now