"သခင်လေး ကျေးဇူးပြုပြီးမခုခံပါနဲ့ ဒါက စမ်းသပ်မှုပါ "
ဦးလေးထန် ပြောသလို မနက်၈နာရီမှာ ကိုင်းတစ်ဖက်မပါတဲ့ မျက်မှန်နဲ့ အတွင်းရေးမှုးလင်းက သူ့ကိုလာခေါ်လေသည်။သူ့ဆီမှာ သူ့အတွက် ကျောင်းသုံးပစ္စည်းတွေနဲ့ ကျောင်းဝတ်စုံပါတစ်ခါတည်းပါလာလေသည်။ ဒါပေမယ့် ဆေးရုံအရင်သွားရမှာဆိုတော့ ကျောင်းဝတ်စုံကိုမလဲပဲ ဒီတိုင်းသာ ဆေးရုံကိုအရင်လာလိုက်ရသည်။
ဆေးရုံထဲမှာတော့ ဆရာဝန် တော်တော်များများက အခန်းထဲကြိုစောင့်နေကာ သူ့အတွက်လိုအပ်တာတွေပြင်ဆင်ပေးထားခဲ့သည်။ သူ့ကို စမ်းသပ်ခန်းထဲ ထားကာ ဖယ်ရိုမုန်း ပမာဏ အမြင့်ဆုံးထိထုတ်နိုင်အောင် လို့ခဏတာrut ဝင်ဆေး ထိုးသွင်းထားရလေသည်။ထိုဆေးက Alphaတစ်ယောက် ၃နာရီလောက် rutဝင်နေမှာဖြစ်တဲ့အတွက် ထိုAlpha ကို ဖယ်ရိုမုန်း လုံတဲ့အခန်းထဲကို ထားဖို့လိုတယ်။ ခုတော့ ရှီယန်က ထိုအခန်းထဲကိုရောက်နေပြီဖြစ်သည်။
အပြင်က ဆရာဝန်တွေက အထဲကို ကင်မရာနဲ့ကြည့်နေကြကာ ခဏကြာတော့ ဆေးရုံထဲကဆရာဝန်တွေအားလုံးလာကြည့်ကြလေသည်။
အထဲက ရှီယန်ကတော့ အဖျားတက်သလို သူ့ခန္ဒာကိုယ်ကတရှိန်းရှိန်းတက်လာတဲ့ အပူတွေကို လျော့ချရန်အတွက် အသက်ပြင်းပြင်းရှုလိုက်လေသည်။ တစ်ကိုယ်လုံးပူလာကာ သူ့ရဲ့ညီလေးကလည်း တုံ့ပြန်နေလေသည်။ 5 မိနစ်လောက်ကြာတော့ သူအကျီတွေစချွတ်လိုက်သည်။
"Fuck ဒါက rut ဝင်နေပြီလား "
အပူချိန်က တရှိန်းရှိန်းတက်လာလေလေ သူ့ခေါင်းတွေထိုးကိုက်လေလေပဲ ။ တစ်ခုခုကို ဆာလောင်နေသလိုမျိုးပဲ ။အချိန်ကြာလာလေလေ ပိုဆိုးလာလေလေပဲ ။
အပြင်က ဆရာဝန်တွေအားလုံးအသက်ရှုအောင့်ထားရလေသည်။ omega ဆရာဝန်တွေက ကြက်သီးတွေထလာကာ ထိုrut ဖြစ်နေတဲ့ Alpha ကလေးကို ဆက်မကြည့်ရက်တော့ပေ။ တစ်ခုခုကို လိုချင်နေသလိုမျိုး တံခါးကိုပြင်းပြင်းထန်ထန် ချိုးနေတဲ့Alphaက အရမ်းကို ကြောက်စရာကောင်းလေတယ်။ပြီးတော့ အပြင်ကဘားတန်းမှာပြသထားတဲ့ ဖယ်ရိုမုန်းပမာဏ က ဆရာဝန်တွေကို အသက်ရှုအောင့်သွားစေသည်။
YOU ARE READING
အင်အားကြီးအယ်ဖာက တတိယလူဖြစ်နေတယ်
Fantasyအင်အားကကြီးအယ်ဖာက သူ့အိုမီဂါမိတ်လေးကို ချစ်မိသွားခဲ့တယ် ဒါပေမယ့် ထိုအိုမီဂါလေးမှာ သူ့ရဲ့ ငယ်ချစ်ဦးကရှိနေပြန်တယ်