အပိုင်း၄

38 4 0
                                    

ညနေကျောင်းဆင်းခါနီး  ရှီယန်က အိမ်မပြန်သေးပဲ သေးပေါက်ချင်တာကြောင့် သန့်စင်ခန်းဘက်ထွက်လာခဲ့လိုက်သည်။ ဒါပေမယ့် စတိုခန်းဘေးကနေဖြတ်သွားတဲ့အခါမှာ ကျောင်ူသားအုပ်စုလိုက် နဲ့တိုးလေသည်။သူက ခဏ ရှောင်ပေးလိုက်ကာ  လေထဲကဖယ်ရိုမုန်းတစ်ချို့ ရလာမို့ ဘေးကိုဝေးဝေးကပ်ပေးလိုက်သည်။

စုန့်ဟန်ရှင်း က သူ့ရှေ့က  Alpha ရဲ့ချောမောမှုကြောင့် သူ့ခြေလှမ်းတွေ ရပ်တန့်သွားသည်။ ဒီကျောင်းက ထိုAlphaကိုမမြင်ဖူးတာသေချာပါတယ်။  သူက သူ့ရဲ့ ရှေ့ဝဲကျနေတဲ့ ဆံပင်လေးကို နားကြားညှပ်ပြီး ရှက်ပြုံးလေးနဲ့

"hi  ခင်လို့ရလားဟင် "

စုန့်ဟန်ရှင်း နဲ့ပါလာတဲ့ အိုမီဂါ တွေကလည်း သူတို့ရှေ့က Alphaရဲ့ ချောမောမှုကို ငေးကြည့်နေကြသည်။ သူတို့ရဲ့ပါးလေးတွေနီရဲ လာမှ အမြန်အကြည့်လွှဲလိုက်ကာ ခေါင်းလေးတွေငုံ့လိုက်ကြသည်။

ရှီယန်က အိုမီဂါ အုပ်စုလမ်းပိတ်ထားတာကြောင့် အခက်တွေ့သွားလေသည်။ပြီးတော့ ဘယ်အိုမီဂါက ဂလင်းpetကိုမကပ်လဲ မသိ။ လေထဲက အနံ့က သိသ်ိသာသာကို သူ့ကိုဆွဲဆောင်သလိုဖြစ်နေပြီ။ ရှီယန် မျက်မှောက်ကြုတ်ကာ

" မင်းတို့ဘေးကိုဖယ်လို့ရမလား ငါသေးပေါက်ချင်နေပြီ "

စုန့်ဟန်ရှင်း "......."

စုန့်ဟန်ရှင်း အတန်းဖော်များ"......"

အိုမီဂါ အုပ်စုက  ရှီယန် ရဲ့ပွင့်လင်းတဲ့ပြောဆိုမှုကြောင့် ရှက်သွားကာ ဘေးကိုဖယ်ပေးလိုက်ကြသည်။ ရှီယန်က ဘောင်းဘိထဲ လက်နှစ်ဖက်ထည့်ကာ သန့်စင်ခန်းဘက် ကို လျှောက်ဝင်သွား‌လေသည်။

"အရမ်းချောတာပဲ နောက်နေ့ကစပြီး သူ့ကို လိုက်မယ်လို့ဆုံးဖြတ်လိုက်ပြီ"

စုန့်ဟန်ရှင်း ရဲနေတဲ့မျက်နှာ‌နဲ့ ရှီယန်ထွက်သွားတဲ့ဘက်ကို ကြည့်ကာပါးစပ်က ရေရွတ်လိုက်သည်။


#########

ရှီယန်  ရေအိမ်ထဲဝင်‌ပြီးလက်ဆေးကာ ပြန်ထွက်လာတော့ စတိုခန်းတံခါးကို အပြင်ကနေ ပိတ်ထား‌ကြောင်းသိလိုက်ရသည်။ စောစောက အိုမီဂါ အုပ်စုကို ပြန်တွေးကြည့်ရင်း ပိတ်ထားတဲ့ တံခါးကို အပြင်က လှပ်လိုက်သည်။

အင်အားကြီးအယ်ဖာက တတိယလူဖြစ်နေတယ်Where stories live. Discover now