ညနေ ၅ နာရီကျောင်းဆင်းတော့ မုန်တိုင်းဝင်ကာ မိုးကအဆက်မပြက်ရွာသွန်းလေသည်။ မိုးနဲ့အတူလေပါပါလာကာ ချက်ချင်းမိုးလေဝသဌာနက မုန်တိုင်းဝင်ရောက်ကာ လေပြင်းအားက ၁နာရီကို မိုင်၅၀ လို့ စတင်ကြေညာလေသည်။ ကျောင်းမှာရှိတဲ့ ကျောင်းသားတွေက ကြောက်လန့်နေကြကာ တစ်ချို့အိုမီဂါတွေက ငိုယိုကုန်ကြသည်။ကုယန်ကတော့ အပြင်ကရွာနေတဲ့မိုးနဲ့ လေတွေကိုကြည့်ကာ ချက်ချင်းထပြီး အတန်း၁ ကို လျှောက်သွားလေသည်။
လီယဲ့ ကလည်းကုယန်ရဲ့နောက်ကိုလိုက်သွားကာ ကုယန် နဲ့ နင်နင် ရဲ့ဇာတ်လမ်းလေးကိုကြည့်ရန် လိုက်လေတော့သည်။
အတန်း၁ ထဲမှာတော့ ပြန်တဲ့ကျောင်းသားကပြန်ကြကာ မပြန်သေးတဲ့ကျောင်းသားတွေကတော့ပြင်းထန်တဲ့မုန်တိုင်းကို ကြည့်နေကာ အတန်းထဲဆူညံနေသည်။ကုယန်က ပြတင်ပေါက်နားကွယ်ရပ်ကာ အတန်းထဲက ငြိမ်ငြိမ်လေးထိုင်နေတဲ့ ရှချောင်းနင် ကိုလှမ်းကြည့်နေသည်။ ကုယန် သူ့ကိုယ်သူလည်း နာမလည်။သူ့အတန်းထဲက အိုမီဂါ တွေ ကကြောက်လန့်နေတာကြောင့် ရှချောင်းနင် လည်းကြောက်လန့်နေမလားလို့ စိုးရိမ်မိပေမယ့် သူ့ခြေထောက်တွေကတော့ အတန်း၁ ကိုရောက်လို့နေပြီ။
"ဒီလိုချောင်းကြည့်မယ့်အစား မင်းနဲ့ပြန်လိုက်မလားလို့မေးလိုက်ပါ့လား"
ကုယန်က သူ့နောက်မှာ လီယဲ့ ကိုတွေ့တော့ ဘောင်းဘိအိတ်ကပ်ထဲ လက်နှစ်ဖက်လုံးထည့်လိုက်တယ်။ ပြီးမှ
" စုန့်ကျီချန်က ပြန်သွားပြီလား ။ဟိုမှာထိုင်နေတာစုန့်ကျီချန် မလား "
လီယဲ့က စုန့်ကျီချန် နဲ့ သူ့သူငယ်ချင်းတွေကိုကြည့်ကာ
" အဲ့ကလေကချေကောင်က နင်နင်ကိုပြန်ပို့ဖို့တက်နိုင်မှာမလို့လား ။ စုန့်မိသားစု ရဲ့အိမ်စောင့်ခွေးလိုအဆင့်ကလေ "
လီယဲ့ က ကုယန် ပုခုံးကို ပုတ်ကာ
"ညီကို နင်နင် ကိုလိုက်မယ်ဆိုရင် မင်းမှာ နင်နင် ကိုရနိုင်တဲ့အင်အားရှိတယ် ။စုန့်ကျီချန် လိုကောင်ကိုအရေးမစိုက်နဲ့ "
YOU ARE READING
အင်အားကြီးအယ်ဖာက တတိယလူဖြစ်နေတယ်
Fantasyအင်အားကကြီးအယ်ဖာက သူ့အိုမီဂါမိတ်လေးကို ချစ်မိသွားခဲ့တယ် ဒါပေမယ့် ထိုအိုမီဂါလေးမှာ သူ့ရဲ့ ငယ်ချစ်ဦးကရှိနေပြန်တယ်