အပိုင်း၁၂(🔞)

46 3 0
                                    

"အား....."

ရှချောင်းနင်   ကန်တင်းက ခုံမှာ ထိုင်နေတုန်းသူ့ခေါင်းပေါ် အရည်ပူပူတွေ လောင်းချခံရတာကြောင့် ထိတ်လန့်သွားသည်။

"အိုး...ဆောရီး ငါတို့ ခုံနဲ့တိုက်
မိပြီး မင်းအပေါ်လောင်းချမိတာ အရမ်းမပူဘူးမလား "

ရှချောင်းနင် ထရပ်လိုက်ကာ မျက်နှာပေါ်က ဟင်းအနှစ်တွေကို ဖယ်ချလိုက်သည်။

"စုန့်ဟန်ရှင်း...မင်းပဲ "

ရှချောင်းနင် မျက်နှာက  ဟင်ရည်အပူလောင်သွားတာကြောင့်ရဲတက်လာကာ သူသောက်နေတဲ့ အအေးခွက်ကို ကိုင်ပြီး ပစ်ပေါက်လိုက်သည်။

"အား.....ဒုန်း...ခွမ်း..."

ဘလူးဘယ်ရီနဲ့ဖျော်စပ်ထားတဲ့ အအေးခွက်က စုန့်ဟန်ရှင်းနဖူးကို တိုက်ရိုက်မိတ်ဆက်သွားကာ ပြီးမှအောက်ကိုကျကာ ကွဲသွားလေသည်။

"ဟန်ရှင်း ...နဖူးက သွေးတွေ "

စုန့်ဟန်ရှင်း သူငယ်ချင်းတွေနဲ့ ကန်တင်းတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားတော့ ဟိုဘက်က ကန်တင်းမှာ ထမင်းပန်ကန်နှစ်ချပ်သယ်လာနဲ့ ကုယန် နဲ့ လီယဲ့လည်း အမြန်လျှောက်လာလေသည်။

"ရှချောင်းနင် မင်တော့အသေပဲ .."

စုန့်ဟန်ရှင်း သွေးကိုပေးနေတဲ့ လက်နဲ့  ရှချောင်းနင်ကို ဝင်လုပ်လေသည်။ ရှချောင်းနင်က အရင်ကစုန့်ကျီချန် အတွက်နဲ့ ဒီကောင့်ကို သည်းခံခဲ့သမျှ အခုတော့ ‌အသေနပန်းဝင်လုံးတော့သည်။ သူက ဘယ်သူ့ကိုကြောက်ကမှာလဲ။

"ဒီလောင်ဇီက ကြောက်မယ်ထင်လို့လား..လာ"

ရှချောင်းနင် စုန့်ဟန်ရှင်း ကို သူ့အောက်ကို ပို့လိုက်ကာ သူ့လက်တွေနဲ့ မျက်နှာကြည့်ရိုက်လေသည်။ စုန့်ဟန်ရှင်းက မွေးကတည်းက ဖူးဖူးမှုတ်ခံထားရသူပီပီ သူက ရှချောင်းနင် ဆံပင်တွေကို သာဆွဲဖို့ တက်နိုင်လေသည်။

အားလုံးရုတ်ရုတ်သဲသဲဖြစ်သွားကာ ဟိုဘက်ကန်တင်းကစားသောက်နေတဲ့လူတွေပါ ဒီဘက်ပြေးလာကြသည်။

ကုယန် လူအုပ်ကြီးကို ဖယ်ရှားပြီးမှ ရှချောင်းနင် တစ်ယောက်ယောက်နဲ့ ရန်ဖြစ်နေမှန်းသိလိုက်ရသည်။ သူက ‌အပေါ်ကနေ အောက်ကလူကို ရိုက်နေကာ လုံးဝအလွတ်မပေး။သူကိုယါတိုင် ဆံပင်အဆွဲခံထားရပေမယ့်ပေါ့။

အင်အားကြီးအယ်ဖာက တတိယလူဖြစ်နေတယ်Where stories live. Discover now