အပိုင်း၇

92 4 0
                                    

ဒီနေ့က သောကြာနေ့ဖြစ်တာကြောင့် ကျောင်းသားမှန်သမျှ ပျော်ပျော်ရွှင်ရွှင်ကျောင်းဆင်းကြလေသည်။ လပတ်စာ‌‌ေမးပွဲနီးလို့ စာလုပ်မကြပဲ ပိတ်ရက်သူငယ်ချင်းတွေအပြင်မှာ လျှောက်လည်ကြရန်ဆွေးနွေးနေကြသည်။လီယဲ့ကတော့ ပိတ်ရက်မှာ အားလားဟု ကုယန်ကိုမေးလိုက်သည်။

" အားတယ် ဘာလို့လဲ "

"ဒီလိုလေ တုရွမ်းအာ ရဲ့မွေးနေ့က မနက်ဖြန်လေ  မင်းက်ုဖိတ်မလို့ "

ကုယန် မျက်မှောက်ကြုတ်ကာ

" တုရွမ်းအာ မွေးနေ့က မင်းနဲ့ဘာဆိုင်လို့လဲ "

လီယဲ့ ပြုံးလိုက်ကာ ကုယန်ကိုပြန်မ‌ဖြေပဲ

" လုပ်ပါ လိုက်မှာလား မလိုက်ဘူးလား "

ကုယန် ပိတ်ရက်မှာ အိမ်မှာ ပျင်းစရာကောင်းတာကြောင့် လိုက်မယ်လို့ ကတိပေးလိုက်သည်။

"ဒီလိုမှပေါ့ မနက်ဖြန် ပြင်ဆင်ထား "

လီယဲ့က ကုယန် ပခုံးနှစ်ဖက်ကို ပုတ်လိုက်ကာလာကြိုတဲ့ကားဆီ ပြေးလေတော့သည်။

"ကုယန် "

ကုယန်နောက်လှည့်ကြည့်လိုက်တော့ ရှချောင်းနင် က စုန့်ကျီချန် နဲ့အတူတူသူ့ဆီ လျှောက်လာလေသည်။

" မနေ့က ကျေးဇူးတင်ပါတယ် မင်းကြောင့်သာမဟုတ်ရင် ငါနောက်ကျမှ အိမ်ပြန်ရောက်မှာ "

ကုယန်က ရှချောင်းနင်တွဲထားတဲ့ စုန့်ကျီချန် လက်ကို ကြည့်လိုက်ကာ မျက်နှာမှာဘာအမ‌ူအယာမှမပြပဲ  ဘာမှမဟုတ်သလိုပေါ့ပေါ့တန်တန်နဲ့ပြောလိုက်သည်။

" ဘာမှမဟုတ်ပါဘူး မင်းနေရာမှာ တခြားသူဆိုရင်လည်းခေါ်မှာပဲ "

စုန့်ကျီချန် က ရှချောင်းနင် ခေါင်းလေးပုတ်လိုက်ကာ

" မင်းကိုပြောသားပဲ ကုယန်က သဘောကောင်းပါတယ်ဆို အတန်းဖော်အချင်းချင်းတွေပဲလေ"

ကုယန် ပြုံးလိုက်ကာ

"ဟုတ်တယ် အတန်းဖော်တွေပဲ အခုကော ငါနဲ့လိုက်ခဲ့ပါ့လား လမ်းကြုံတယ်လေ မင်းလမ်းလျှောက်သွားရမှာနဲနဲတော့ဝေးတယ်မလား"

အင်အားကြီးအယ်ဖာက တတိယလူဖြစ်နေတယ်Where stories live. Discover now