၈ရက်ကြာ heat ဝင်ပြီးတဲ့နောက်မှာ ကုယန်က ရှချောင်းနင် ကို ရှအဖေနဲ့အမေ ဆီ ကို ရှချောင်းနင် ရဲ့ ဂျီကျမှုကြောင့် ကုယန် လိုက်ပို့လိုက်ရလေသည်။ ရှချောင်းနင် ကုယန် နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးဖြစ်ခဲ့ပေမယ့် သူရဲ့ heat ပြီးတဲ့နောက်မှ ကုယန် ကို လစ်လျှူရှုထားလေသည်။ကားပေါ်မှာ သူတို့နှစ်ယောက်တည်းပေမယ့် သူ့ကို စကားမပြောတဲ့ အိုမီဂါလေးကြောင့် ကုယန် အခက်တွေ့သွားလေသည်။
"အိမ်မှာပဲ နေခဲ့မှာလား "
" အိမ်မှာမနေလို့ ငါက ဘယ်မှာနေရမှာလဲ "
"ဒါပေမယ့် ကိုယ်တို့ ဒီနေ့မှ heat ပြီးတာ "
ရှချောင်းနင် ကုယန် ကို စိုက်ကြည့်တော့ ကုယန်က အိုမီဂါလေးကိုပြန်ကြည့်လိုက်သည်။
"ငါတို့က အထက်တန်းပဲရှိသေးတယ် အတူတူနေလို့မရသေးဘူး ပြီးတော့ မင်နဲ့ ငါက အသက်တောင်မပြည့်သေးတာ "
"ကိုယ်တို့က မိတ်ဖက် ပဲလေ ။ ပြီးတော့ မင်းကို အမှတ်အသားပေးပြီပြီး မလို့ မင်း ကိုယ်နဲ့အဝေးမှာနေလို့မရဘူး "
အတူတူ နေရအောင်လို့ ကုယန်ပြောချင်ပေမယ့် သူ့အိုမီဂါလေးက လက်မခံမှာသိနေတာကြောင့် ထိုစကားကိုတော့မပြောတော့။ ပြီးတော့ တကယ်ထူးဆန်းတာ လေးကျွန်းစံအိမ်မှာ သူစဝင်ကတည်းက ရှချောင်းနင် လည်းထိုနေရာမှာပဲ ရှိနေလိမ့်မယ်။ အချိန်ကိုက်ဆိုသလိုပဲ ရှချောင်းနင် heatစဝင်တော့ ကုယန်က လည်းrut ဝင်သွားတာဖြစ်သည်။ခုတော့ အြိမီဂါလေးက သူ့အပိုင်မလို့ သူ့မျက်စိရှေ့က အပျောက်မခံနိုင်ပေ။
"လိမ်မာကွာ မင်းမိဘတွေနဲ့ တွေ့လို့ရတယ် ပြီးရင် ကိုယ်နဲ့ပြန်လိုက်ခဲ့ရမယ် ..."
"မရဘူး...ငါက ငါ့မိဘတွေနဲ့မခွဲနိုင်ဘူး"
"ဒါတော့မရဘူး မင်းကိုယ်နဲ့ပဲ ရှိရမှာလေ ."
ရှချောင်းနင် ဒေါသထွက်သွားကာ မျက်နှာရဲရဲလေးနဲ့ ကုယန် ကိုစိုက်ကြည့်လိုက်သည်။ဖြစ်နိုင်ရင် ကုယန် ရဲ့ မျက်နှာချောချောကို ကုပ်ဆွပြစ်ချင်ကာ ဒေါသကို မနဲမြိုသိပ်ထားရသည်။
ရှချောင်းနင် အိမ်နားရောက်ပြီမလို့ ကားကို ရပ်ခိုင်းကာ ကားပေါ်ကနေ ပြေးဆင်းသွားလေသည်။ ကုယန် ပြေးဆင်းသွားတဲ့ ရှချောင်းနင်ကို ကြည့်ကာ မျက်နှာပျက်ကာ ကျန်ခဲ့တော့သည်။
YOU ARE READING
အင်အားကြီးအယ်ဖာက တတိယလူဖြစ်နေတယ်
Fantasyအင်အားကကြီးအယ်ဖာက သူ့အိုမီဂါမိတ်လေးကို ချစ်မိသွားခဲ့တယ် ဒါပေမယ့် ထိုအိုမီဂါလေးမှာ သူ့ရဲ့ ငယ်ချစ်ဦးကရှိနေပြန်တယ်