အပိုင်း၁၁

30 4 0
                                    

ကျောင်းပြန်ဖွင့်တဲ့ရက်မှာတော့ ကုယန်က အိမ်ကစောစောထွက်ကာ ရှချောင်းနင် ရဲ့ အိမ်အောက်က စောင့်နေလေသည်။ သူ ရှချောင်းနင် ကို အိမ်အောက်ရောက် နေပြီဖြစ်ကြောင်း စာပို့ထားလိုက်သည်။

ရှချောင်းနင်  က ကုယန်ဆီက စာရောကါလာတော့ မနက်စာစားနေတုန်းပင်။ကုယန် ဆီက စာဝင်လာတော့  ရှချောင်းနင် အံ့ဩသွားကာ

"မား ကုယန် အောက်မှာရောက်နေပြီတဲ့ "

"အိုး..."

ယွဲ့လန်လည်း အံဩသွားကာ ယောက်ကျားဖြစ်သူကိုကြည့်ပြီး

"ရှင် သွားခေါ်ခဲ့လိုက် "

ရှနန်ဝေက ကုယန် ကို သိပ်သဘောမကျ ။သူ့ရဲ့ သားလေး ကို ဝက်စားသွားတာကြောင့် သူ့ရဲ့ဒေါသတွေကို မချိတင်ကဲနဲ့ မြိုသိပ်ခဲ့ရတာ။ ဒီလိုကောင်ကို ဘာကိစ္စ သွားခေါ်ရမှာလဲ ။

"ဟမ့် ..."

ယွဲ့လန် က သူမယောက်ကျား ဖြစ်သူရဲ့ မကျေမနပ်ဖြစ်မှုတွေကို နား‌လည် ပေမယ့် သူမတို့ ရဲ့ သမက်လောင်း ကို ဒီလိုပုံစံမျိုးတော့ မဆက်ဆံချင်ပေ။

" နင်နင် သွားခေါ်လိုက်လေ..."

ရှချောင်းနင် စားလက်စကို ရပ်ထားကာ အောက်ကို ပြေးဆင်းသွားတော့သည်။ ‌အောက်ကိုရောက်တော့ ကုယန်က ရှချောင်းနင်ပြေးဆင်းလာတာကို တွေ့လိုက်တာကြောင့် ကုယန် ကကားပေါ်မှ ဆင်းလာခဲ့လိုက်တယ်။

" မားက ခေါ်ခိုင်းလိုက်တယ် "

လို့ပြောပြီး ပြန်လှည့်သွားလေသည်။ ကျောင်းဝတ်စုံကိုမှဘောင်းဘိအတိုလေးဝတ်ထားတာမလို့ သေးသွယ်တဲ့ ခြေတံလေးက‌သွေးကြောစိမ်းစိမ်းလေးကိုပင်မြင်နေရသည်။ ကုယန် ထိုခြေထောက်တိုတိုလေးနောက်ကနေ အသာလေးလိုက်ကာကျောင်းလွယ်အိတ်ကို တစ်ဖက်က လွယ်ရင်း  ရှချောင်းနင် ကို မှီရန်ခြေလှမ်းကျဲကျဲကြီးတွေနဲ့ လိုက်ခဲ့လိုက်သည်။

ရှချောင်းနင် တို့အိမ်က 6 ထပ်မှာဖြစ်ကာ တစ်လွှာလုံး ဖြစ်ပုံရတယ်။ သူတို့အိမ်ထဲဝင်တော့
ရှနန်ဝေ ရဲ့ မကြေည်တဲ့ အကြည့်တွေကို တွေ့လိုက်ရတဲ့ ကုယန်ကနည်းနည်းလေးလန့်သွားပေမယ့် သဘောကောင်းတဲ့ ရှချောင်းနင် အမေ ကတော့ သူ့အတွက် ပန်ကန်တစ်စုံနဲ့ တူတစ်စုံယူလာပေးကာ မနက်စာ ‌ကို ထည့်ပေးလေသည်။ ကုယန် စားခဲ့ပြီးပြီ လို့ပြောလိုက်ချင်ပေမယ့် ရှချောင်းနင်ဘေးမှာ ငြိမ်ငြိမ်လေးထိုင်ကာ
စတင်စားလိုက်လေသည်။

အင်အားကြီးအယ်ဖာက တတိယလူဖြစ်နေတယ်Where stories live. Discover now