ယူဂျင်း မှတ်မှတ်ရရ နောင်တရမိတာကိုပြောရမယ်ဆို ဂယူဘင်းကိုကိုရဲ့ ကောင်မလေးဆိုတဲ့သူရဲ့ account ကို သွား stalk မိတာပဲ ။
ဘာလို့လဲဆို အဲ့တစ်ယောက်က လှလည်းလှသလို စာလည်းတော်နေခဲ့တာလေ ။ သူမက AP calculus တွေတောင် သင်ယူနေပြီဖြစ်တဲ့အချိန်မှာ ယူဂျင်းကဖြင့် Algebra တောင် ဘာမှန်းသေချာနားမလည်နိုင်တဲ့အနေအထားမှာ ။
ယူဂျင်းကို တစ်ယောက်ယောက်က သင်္ချာကြိုက်လား လာမေးရင် -
" ဟင့်အင်း မကြိုက်ဘူး ၊ သင်္ချာကလည်း ကျွန်တော့်ကိုမကြိုက်လောက်ဘူး " လို့ ပြန်ဖြေမိလိမ့်မယ် ။ ဒါပေမယ့် ကိုကို့ကိုကြိုက်လား လာမေးရင်တော့ - " အွန်း ကြိုက်တယ် အရမ်းပဲ ကိုကိုလည်း ကျွန်တော့်ကို ပြန်ကြိုက်ရင်ကောင်းမယ် " ဆိုပြီးဖြေမှာ ။တွေးကြည့်ရင် ကိုကိုက လှလည်းလှ စာလည်းတော်တဲ့သူကိုမှ သဘောကျတာလားမသိဘူးနော် ။ ယူဂျင်းက လှတယ်ဆိုတဲ့အပိုင်းမှာတော့ ပါဝါအပြည့်ဆိုပေမယ့် စာတော်တဲ့အပိုင်းမှာတော့ နည်းနည်းဘက်ပဲ့နေမိတယ် ။
အကယ်လို့ ကိုကိုက ရည်းစားနဲ့ပြတ်သွားပြီး နောင်တစ်ချိန် ယူဂျင်းရဲ့ရည်းစားကိုကိုလာဖြစ်တဲ့အချိန် ၊ ယူဂျင်းက စာမတော်တာမို့ ပစ်များသွားရင် ဘယ်လိုလုပ်ရပါ့ ။
အဲ့လိုတော့အဖြစ်မခံနိုင်တာမို့ စာလည်းသေချာလိုက်လုပ်ဦးမှပါလို့ တွေးမိပေမယ့် လက်တွေ့မှာတော့ ကိုကိုက သူ့ကောင်မလေးနဲ့ myday ပုံတွေတင်တိုင်း - " ရည်းစားနဲ့ပြတ်ပေးပါ ကိုကို " ဆိုပြီး သွား reply ချင်စိတ်တွေနဲ့ပဲ လုံးပမ်းနေရတာ ။
ဘယ်လောက်မှမကြာပါဘူး ။ ယူဂျင်းရဲ့ manifesting က အလုပ်ဖြစ်တယ်ထင် ၊ ကိုကိုက တကယ်ကြီးကောင်မလေးနဲ့ ပြတ်သွားခဲ့တယ် ။ အဲ့တုန်းကဆို ယူဂျင်းမှာ ပျော်လွန်းလို့ ပတ်ပြေးချင်စိတ်လေးတစ်ဝက် ၊ ကိုကိုများဝမ်းနည်းနေမလားဆိုပြီး ပြေးဖက်ချင်စိတ်လေးကတစ်ဝက်နဲ့ ။
ဝမ်းနည်းရင်မုန့်များများစားပေးရတယ် ကိုကိုရဲ့ဆိုပြီး ကိုကို့ရည်းစားနဲ့ပြတ်သွားတဲ့ ကာလမှာ ယူဂျင်းမုန့်ဖိုးတွေအများကြီး ကုန်သွားတယ် ။ ဖေဖေက " ပိုဒိုရီလေးကို မုန့်ဖိုးပေးမယ်မကြံလိုက်နဲ့ နောက်ရက်ဆို ကုန်ပြီ " တဲ့ ။