" is it possible to like someone I met for the first time ? "
" how it feels like to have a crush on a boy? "
" damn he is so handsome , how do i make him mine? "
ယူဂျင်းအခန်းထဲက computer ရဲ့ search history ကို သွားကြည့်လိုက်ရမဲ့ မြင်ရမဲ့ ခေါင်းစဥ်တွေပဲဖြစ်တယ် ။ အခုတလော ဂိမ်းဆိုင်မှာစတွေ့ခဲ့တဲ့ မျက်မှန်နဲ့ကိုကိုက မဖိတ်ခေါ်ဘဲ အတွေးထဲခဏခဏရောက်လာနေတာမို့ ယူဂျင်းဂယောက်ဂယက်တွေဖြစ်နေတာတအား ။
တကယ်ဆို ..
အဲဒီ့ကိုကိုက ဘာတွေဘယ်လောက်များထူးခြားနေလို့လဲ ?ရုပ်ကလေးချောတာ ၊ မျက်မှန်နဲ့လိုက်တာ ၊ အရပ်ရှည်တာ ၊ မျက်လုံး ၊ နှာခေါင်း ၊ နှုတ်ခမ်းလေးတွေ ( လူနာမည်အပါအဝင် LOL username ကအစ ) ချစ်စရာကောင်းတာ ၊ အပြောလေးချိုတာ ၊ ဂိမ်းဆော့လို့ စိတ်မရှည်လာရင် issh ဆိုပြီး အသံထွက်တတ်တာ ၊ ဂရုစိုက်ပေးတတ်တာ ( အချိုရည်နှစ်ဘူးမှာသောက်တော့ သူ့ဘူးအပြင် ယူဂျင်းအတွက်ပါ ဘူးအဖုံးကိုချောင်အောင် တစ်ခါတည်းဖွင့်ပေးသွားလို့ အဲ့အဖုံးလေးကို ယူဂျင်းမှတ်မှတ်ရရသိမ်းထားမိသေး ) ၊ game ဆော့ရင် တစ်ကိုယ်ကောင်းမဆန်ဘဲ duo ဆော့ရင် partner ကို support တာ ၊ ခေါင်းပုတ်ပေးတဲ့ လက်ဖဝါးတွေက နွေးနေတာ ။
ဒါပဲလေ ။ ( ရှိသေးတယ် ပြောရင်းနဲ့ တစ်ခုခုတော့မှားနေပြီထင်လာလို့ ဆက်မပြောတော့ဘဲ ရပ်လိုက်တာ အဟမ်း ။
" Fxxk! "
" Oh ! Yess ! "
ထျန်းယွဲ့နဲ့ soccer game ဆော့ရင်းရှူံးသွားတာမို့ ယူဂျင်းအားမလိုအားမရဖြစ်သွားတယ် ။ ဒါနဲ့ဆို သူရှုံးနေတာ သုံးပွဲဆက်တိုက် ။ သုံးပွဲလုံး ဘောလုံးနောက်ကိုပြေးလိုက်နေတဲ့ ကိုယ့် player နေရာမှာ မျက်မှန်နဲ့ကိုကိုနောက်ပြေးလိုက်နေတဲ့ သူကိုယ်သူပြန်မြင်နေရတာအဆင်မပြေတော့ဘူး ။
" နိုအာဟန် ဘယ်လိုဖြစ် !
တစ်ပွဲမှကို မနိုင်သေးပါလား "" ဘောလုံးလေးလို ပျောက်ကွယ်သွားချင်ပြီ "
လက်ထဲက remote control ကို လွှတ်ချလိုက်ပြီး ကြမ်းပြင်ပေါ်ပက်လက်လှဲချလိုက်မိတဲ့အထိ မျက်မှန်ကိုကိုဟာ အတွေးထဲက ထွက်သွားနိုင် ။