10.

519 62 15
                                    

ဂယူဘင်းရဲ့ခံစားချက်ကို နားလည်ပေးနိုင်တာ မိုးနတ်မင်းကြီးပဲရှိတယ်ထင်ပါတယ် ။ စောနကလေးတင် ရုတ်တရက်မိုးထရွာပေးပုံကို ကြည့်ရတာ ဂယူဘင်းရဲ့ ရင်ဘတ်ထဲ ရာသီဥတုမသာယာမှန်းရိပ်မိနေတဲ့ပုံပါပဲ ။

ယူဂျင်းလေးနဲ့ အနီးကပ်စကားပြောခွင့်ရသွားကတည်းက တစ်ရက်လေးမှမမြင်ရရင် စားမဝင်အိပ်မပျော်တော့သလိုဖြစ်နေမိတဲ့အချိန်မွေးသမိခင်ရဲ့ " ခြေထောက်မသက်သာတာကို ကျောင်းသွားချင်နေရင် ငါတစ်ခါတည်းရိုက်ချိုးပေးလိုက်မယ် " ဆိုတဲ့ တစ်ချက်လွှတ်ခြိမ်းခြောက်မှုဟာ ဂယူဘင်းအတွက် မိုးခြိမ်းသံတွေထက်ကို ပိုကြောက်စရာကောင်းနေခဲ့တယ် ။

အရင်ကဆို ကျောင်းသွားဖို့ကို ရှေ့တန်းစစ်ထွက်တိုက်ရတော့မဲ့အတိုင်း ဖင်မရွေ့တဲ့သူက အခုကျမှ ခြေထောက်ကျိုးခါနီးနေတာတောင် ကျောင်းသွားချင်နေသေးတယ်တွေရော ဘာတွေရော ပွစိပွစိဆူပူလို့မပြီးနိုင်တဲ့အမေဟာ ကိုယ့်သားလေးအကြောင်းကို မိုးနတ်မင်းလောက်တောင် နားလည်မနေဘူး ။

သူ့သားလေးကဖြင့် သူ့ရဲ့အနာဂတ်သားမက်လေးနဲ့တွေ့ပြီးကတည်းက အချိုးတွေပြောင်းလာတာဖြင့် ကြာလှပေါ့ ။ စာလုပ်ရတာကိုမကြိုက်တာတော့ အရင်တုန်းကအတိုင်းပဲဆိုပေမယ့် ယူဂျင်းနဲ့ တွေရတဲ့ ကျောင်းကိုတော့ ပိတ်ရက်တွေတောင်မှ သွားချင်နေမိပြီ ။ အဲ့ဒါကြောင့် တစ်ရက်မမြင်ရရင် ၊ တစ်သက်လွမ်းနာကျနေသလို ဂယူဘင်းခံစားနေရရင်း အိပ်ယာပေါ် မှောက်ယားထိုးနေနေရတယ် ။

" ကင်မ်ဂယူဘင်း ! သူငယ်ချင်းရောက်နေတယ် "

" ကျွန်တော်အိပ်ပျော်နေတယ် ! "

" ဟဲ့ ! ဒီကလေးတော့ "

" ဟာ .. ကျွန်တော်ခြေထောက်နာနေတာလေ
အိပ်ယာပေါ်ကနေတောင် မထနိုင်ဖြစ်နေလို့
ကျောင်းမသွားခိုင်းတာ အမေကိုယ်တိုင်လေ ! "

" ... "

အပေါ်အောက် စကားလှမ်းခေါ်ပြောရင်း ကြားရအောင်ဆိုပြီး အမေက အခန်းတံခါးဖွင့်ထားခိုင်းတာကို အခွင့်အကောင်းယူပြီး ဂယူဘင်းလှမ်းအော်ပြောနေမိတယ် ။ ကိုယ်အနေအထားကတော့ ကုတင်ပေါ်မျက်နှာမှောက်ထားလျက်သား မပြောင်းမလဲ ။

You've reached the end of published parts.

⏰ Last updated: Sep 12 ⏰

Add this story to your Library to get notified about new parts!

My crush is my top fan !Where stories live. Discover now