~ သို့သော် ~ 🔞

256 31 16
                                    

‼️ Warning ~ Special Warning ‼️

သတိကြီးကြီးပေးတယ်နော် ဖတ်ပြီးရင်တော့ ကိုယ့်တာဝန် ကိုယ်ယူပေးပါ 👻

ဒီဇင်ဘာလ ဆောင်းဦးအရှိန်က လူကို ပိုပြီး အဆင်မပြေဖြစ်စေသယောင် ..

LA မြို့၏ နေရာတိုင်းတွင် လူတွေ လှုပ်လှုပ်ရှားရှား ဖြစ်နေကာ မနက်ဖြန် နှစ်သစ်ကူးညအတွက် ကြိုတင် ပြင်ဆင်နေကြပုံပေါ်သည် ..

စိတ်လှုပ်ရှားစရာနေ့လေးအဖြစ် လူအများသတ်မှတ်ထားသည့် Dec 31 ရက်နေ့ကို ဆောင်းချန်လည်း မျှော်လင့်မိရင်း ..

အထပ်မြင့်ဟိုတယ်ပေါ်က မြင်နေရသည့် LA ရဲ့ မနက်ခင်း တောက်ပမှုကို ဆောင်းချန် ကော်ဖီတစ်ခွက်နှင့်အတူ ကြည့်နေမိသည် ..

'' ကိုယ်သာ အမှားမလုပ်ခဲ့ရင် မနက်ဖြန်က ကိုယ်တို့ relationship လေးနှစ်ပြည့်တဲ့နေ့ပဲ ´´

ဆောင်းချန်က ဝွန်ဘင်းအကြောင်းကို ဆက်တိုက် တွေးမိပြန်သည် ..

မာဆာကီကို အခုထိရှာမတွေ့သလို မာဆာကီနှင့် ပြသနာတက်သည့်ည ပြီးကတည်းကလည်း      ဝွန်ဘင်းနှင့် ထပ်မတွေ့ဖြစ်သေး

ရှေ့က ကွဲကွာနေသည့်လတွေလို အွန်းဆော့ဆီမှာပဲ မလှုပ်မယှက်နေဟန်ရှိသည့် ဝွန်ဘင်းက သုံးပတ်အကြာမှာ LA fashion show တစ်ပွဲကို တက်ဖို့ရှိသည်ဟု ဆောင်းချန် သတင်းကြားခဲ့ရသည် ..

အွန်းဆော့ဆီမှာရှိနေသည်ကတစ်ကြောင်း အရင်လို လိုက်မနှောက်ယှက်ချင်သည်က တစ်ကြောင်း ဆောင်းချန်က ဝွန်ဘင်း သူ့ဆီ ဆက်သွယ်လာဖို့ကိုပဲ စောင့်နေမိပေမယ့်

နောက်ဆုံး '' ကိုယ့်ကို စာပြန်ပါ ´´ ဆိုသည့် စာက ဖတ်သူမရှိဘဲ ဒီတိုင်း ရပ်တန့်လျက် ..

LA ထိ လိုက်လာဖို့ အစီအစဥ်မရှိသလိုနှင့်ပင် ဆောင်းချန် ရောက်လာနေပြန်သည် ...

ဝွန်ဘင်းဆီ ဆောင်းချန် နောက်ထပ် ပို့လိုက်    သည့်စာတစ်ကြောင်းက သူတည်းနေသည့် LA က hotel နာမည်နှင့် အလွှာ အခန်းနံပါတ် တို့ပင် ..

ဝွန်ဘင်းက အရင်လို ပွဲတက်တာတွေ မရှိတော့ဘဲ အလုပ်ကိုလည်း အိမ်ကနေပဲ အဆင်ပြေအောင် လုပ်နေခဲ့ရာ မဖြစ်မနေ သွားသင့်သည့် ပွဲကြီးမလို့ ထွက်လာရခြင်းဖြစ်သည်

Dear Pain ( Completed ) Where stories live. Discover now