အပိုင်း (၁၀)

5K 220 7
                                    

"မဂ်လာပါ ခေါင်းဆောင်!!!"

သံစဉ် ၀င်လာတာနဲ့ အကုန်လုံးက သံပြိုင်နှုတ်ဆက်ကြပြီးသံစဉ်လည်း လက်ဟန်ပြပြီးထိုင်ခိုင်းကာ ခုံပေါ်မှာထိုင်ပြီး

"K ဘယ်လိုလဲရှာတွေ့လား"

"မတွေ့ဖူး သခင်မလေး ပြီးတော့ သခင်မလေးနောက်ကို လူနှစ်ယောက်လိုက်နေတာကြာနေပြီ အခုရက်ပိုင်း တစ်ယောက်ဘဲကျန်တယ်"

"ဆက်စုံစမ်းထားအုံး"

"ဟုတ်ကဲ့ သခင်မလေး"

"ဒါနဲ့ K မ ကိုနှောက်ယှက်တာတဲ့သူရှိလား"

"မမလေးကို တော့မရှိပါဖူး ဒါပေမဲ့ ဟိုနေ့က မျိူးဦးဇော် ကားကို မမလေးဆေးခန်းမှာတွေ့ပေမဲ့ မ‌မလေးနဲ့ မတွေ့လိုက်ပါဖူး"

"မကိုယ်ပေါ် ဒဏ်ရာတစ်ခုမှ မရစေနဲ့ကြားလား!!!"

"အသက်လဲကာကွယ်ပါ့မယ် ခေါင်းဆောင်!!!"

သံစဉ်လည်း မိမိလူအောက်က လူတွေက ယုံကြည်မှုထိုက်တန်သည်ကို သိပါတယ်။ဘာလို့ဆို သူတို့အကုန်လုံးနီးပါး ငရဲတွင်းစခန်းက ကယ်ထုတ်ခဲ့တာဖြစ်ပြီး သူတို့မိသားစုအတွက် ဖူလုံအောင် ထောက်ပံ့ပေးထားခြင်းကြောင့်ဖြစ်သည်။

*ငါ့နောက်ကို ဘာလိုချင်လို့လိုက်နေတာလဲ ငါ့ကို ဒုက္ခပေးဖို့လား ဘာလို့လဲ*

Flash back !!!

"K အဆင့်သင့်ဖြစ်ပြီလား"

"ဟုတ်ကဲ့ခေါင်းဆောင်!!!"

သံစဉ်လည်း လူကုန်းကူးတာကို တားဖို့ ထိုနေရာကိုသွားခဲ့သည်။ဒါပေမဲ့ အကုန်လုံး လည့်စားခံရလိုက်ပြီး သံစဉ်တို့အဖွဲ့ ထောက်ချောက်ထဲ၀င်သွားခဲ့သည်။

"ဒိုင်း!!!!"

သေနတ်သံကြောင့်နောက်လှည့်ကြည့်လိုက်တော့ မိမိတို့အဖွဲ့ ထက် အင်အားများစွာနဲ့ဝိုင်းထားပြီးတာကြောင့် သံစဉ်တို့ အခက်တွေ့နေသည်။

"ဟားဟား Saber အဖွဲ့ အယုံလွယ်တာဘဲ"

"အဟက်!!! ဘာလဲ ရှင်တို့ခေါင်းဆောင်က သွေးကြောင်ပြီး ဘေးဆောင်နေတာလား"

"အိုးဟို ကြီးမြတ်လှတဲ့ saber အဖွဲ့ခေါင်းဆောင်က မိန်းကလေးတဲ့လား မိန်းကလေးက အဲလိုအလုပ်တွေမလုပ်စမ်းပါနဲ့ ကိုယ်ရဲ့အိမ်ထောင်ရှင်မလေးဘဲလာလုပ်ပ့ါလား"

အောင်သွယ်တော် အဖိုး(Completed)Where stories live. Discover now