10.8.20** နေ့က author ရဲ့ အမှတ်တရနေ့မို့ extra တစ်ခုထပ်ေရးလိုက်ပါတယ်။ဒါပေမဲ့ ပျော်ရွှင်ဖွယ် အမှတ်တရနေ့တော့မဟုတ်ဖူးပေါ့ကွယ် အခုတော့။နောက်ထပ် reader တွေက၀န်ခံစရာရှိတာက
Author က မိန်းကလေးတစ်ယောက်မဟုတ်ဘဲ ယောင်္ကျားလေးဆိုရင်ကော အားပေးကြအုံးမလား author တွေအများစု မိန်းကလေးဘဲတွေ့ဖူးတာမို့ အားငယ်မိတယ်ပါတယ်
-----------------------------------------------------------Unicode
"🎶🎶ကြာပြီဆိုတော့ မေ့လောက်ပါပြီ
စိတ်မှာယုံခဲ့တယ်
အချစ်ဦးမို့ ယနေ့ထက်ထိတိုင် ကိုယ်
မမေ့နိုင်သေးတယ်
ခုနေချိန်များ ပြန်တွေ့ကြရင်
အရင်တုန်းကလိုပဲ
ရင်ခုန်ဦးမလား🎶🎶""🎶🎶တစ်ခါက မသိသေးတဲ့အမှားအမှန်ကို
မချင့်ချိန်နိုင်ခဲ့တယ်
အနိုင်အရှုံးလေးတစ်ခုအတွက် ကိုယ့်ကိုသူ
လိုက်ရင်ပြေးတယ်
တစ်ယောက်ကိုတစ်ယောက် မခွဲချင်ပဲခွဲကာ
နောက်ဆုံးရတာတော့
အချစ်နောင်တပဲ🎶🎶"သံစဉ်ချို သီချင်းလေးတစ်အေးအေးဖြင့် company သွားရန်ပြင်ဆင်နေချိန် နောက်မှ ကြက်သီးထ ဖွယ်အငွေ့အသက်ကြောင့်လှည့်ကြည့်လိုက် တော့ တိမ်လွှာမိုး က တံခါးဝတွင် ရပ်ကြည့်နေလေ၏။
"မောနီး မ"
ထို့နောက် ဘာမှ မပြောဘဲ အခန်းထဲ၀င်လာပြီး Luggage ကိုထုတ်ပြီး အ၀တ်စားများထည့်ပြီး သမီးလေကို အောက်ထပ်ဆင်းသွားတာမို့ သံစဉ်ချိုလည်း ကပြာကယာ နောက်ကလိုက်ရ၏။
"မ သမီးလေးကို ခေါ်ပြီး ဘယ်သွားမို့လဲဟင်"
တိမ်လွာမိုးတစ်ယောက် သံစဉ်ချိုကို ဆူပုတ်ပုတ်တစ်ချက်သာ ပြန် ကြည့်ပြီး ကားပေါ်တက်သွားသဖြင့် ခေါင်းကုတ်ကာ စဉ်းစားနေရတယ်။
*ခရီးသွားမယ်လို့လည်းမကြားမိပါဘူး ဘယ်သွားမလို့ပါလိမ့်*
လှမ်းခေါ်မယ်အလုပ် ကားက ထွက်သွားလို့ သွားစရာရှိလို့နေမှာပါဆိုပြီး သံစဉ်ချိုလည်း မနက်စာစားပြီး ကုမ္ပဏီကို ထွက်လာခဲ့လိုက်တယ်။
"ဒုန်း!! မင်းတို့ဘယ်လိုလုပ်နေကြတာလဲ ဒါလေးတောင် မလုပ်တက်ဖူးလား!!"
YOU ARE READING
အောင်သွယ်တော် အဖိုး(Completed)
Fiksi Umumအဖိုး လက်ထပ်ပေးခဲ့တဲ့ အိမ်ထောင်ရေးက တည်မြဲပါ့မလား ဂျစ်ကန်ကန် ကောင်မလေးနဲ့ ဆရာ၀န်မမတို့ရဲ့ အလွဲများစွာ....