ကားပေါ်မှာ သိသလောက် ပုဂံသမိုင်းကြောင်းရှင်းပြနေရင်း အစ်မ
နန်းခမ်းလီနဲ့တူတာမို့ မကို ကားရပ်ခိုင်းလိုက်ပြီး ကားပေါ်က အမြန်ဆင်းကာ ထိုအမျိုးသမီးဆီ ပြေးသွားခဲ့ပြီး"အစ်မနန်းခမ်းလီ!!"
အော်ခေါ်လိုက်သံအကြောင့် ပတ်၀န်းကျင်ကလူတွေပါကြည့်လိုက်ပေမဲ့ သတိမထားတော့ဖူး ထိုအမျိုးသမီးဆီကို စောင့်ကြည့်နေသည်။
"သံစဉ်ချို ညီမလေး"
"အစ်မနန်း ဘယ်လိုလုပ် အဆက်သွယ်မလုပ်ဘဲ ပျောက်သွားရတာလဲ ညီမတို့ ဘယ်လောက်စိတ်ပူနေလဲမသိဖူးလား!!!"
"တောင်းပန်ပါတယ် အစ်မခံနိုင်ရည်မရှိလို့ သူနဲ့ဝေးရာမှာနေနေတာပါ"
"လာ လိုက်ခဲ့ ထပ်ထွက်မသွားနဲ့တော့ ညီမတို့အနားကနေပြီး လူရည်ချွန် စံပြက ဘာလို့ ဘ၀ကြီးကို လွယ်လွယ် အရှူံးပေးချင်နေတာလဲ"
"တောင်းပန်ပါတယ် ညီမရယ် ဒါနဲ့ညီမက ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ"
"Honeymoon ထွက်လာတာ အစ်မ သူငယ်ချင်းတွေပါ ပါတယ် စောနကားပေါ်ကလှမ်းကြည့်ရင်း အစ်မနဲ့တူလို့ဆင်းလာတာ"
"အော် ဟိုတစ်ခါ နာမည်ကြီးသွားတဲ့ စုံတွဲထင်တယ် နာမည်တူများလားလို့ ညီမလေးဖြစ်နေတာဘဲ"
အစ်မနန်းနဲ့စကားပြောရင်း ကားဆီလျှောက်လာခဲ့ပြီး ကားအနားရောက် ခန္ဓာကိုယ်နဲ့ကွယ်ပြီး ကားနောက်ခန်းတံခါးဖွင့်ကာ
"ကဲ အားလုံးအတွက် suprise ရှိပါတယ် ဒီမှာပါ"
"အစ်မနန်း!!!"
"ငယ်.!"
သူငယ်ချင်းတစ်စုကတော့ ကားပေါ်ကနေ အပြေးအလွှားဆင်းလာကာ အားရပါးဖက်ပြေးဖက်ကြနေသည်။အစ်မနန်းလည်းနောက်ပြန်လဲကျတော့မလိုဖြစ်နေသည်။
"အစ်မရာ ကိုယ်ညီမလေးတွေကိုပြစ်ထားရက်တယ်နော် ရက်စက်တယ် အစ်မ ဟင့်"
သဇင်က ပြောရင်း ငိုချလာနေသည်။သဇင်တင်မဟုတ်ဖူး သူငယ်ချင်းတွေအကုန်နီးပါးငိုချလာသည်။
အစ်မနန်းခမ်းလီ ဆိုတာက သံစဉ်တို့ အုပ်စုအတွက် စီနီယာ အစ်မတစ်ယောက်ဆိုတာထက်ပိုပါတယ် စာတော်တယ် လူရည်ချွန်ဖြစ်တယ် အငယ်တွေကိုလည်း ဂရုစိုက်တယ် အစ်မအရင်းကဲ့သို့ချစ်ခင်ကြတာပါ။ ၃နှစ်အဆက်သွယ်ပြတ်နေတော့ ငိုချမိတာ မဆန်းပါဖူးလေ။
![](https://img.wattpad.com/cover/372412369-288-k369186.jpg)
YOU ARE READING
အောင်သွယ်တော် အဖိုး(Completed)
General Fictionအဖိုး လက်ထပ်ပေးခဲ့တဲ့ အိမ်ထောင်ရေးက တည်မြဲပါ့မလား ဂျစ်ကန်ကန် ကောင်မလေးနဲ့ ဆရာ၀န်မမတို့ရဲ့ အလွဲများစွာ....