"ရောက်ပြီ မျိုးဦး ချိန်းထားတာ ဒီနေရာပဲ "
မြို့ပြင်က ကားသချိုင်း ရဲ့ ဂို ထောင်တစ်ခုမှာ
အချိန်းအဆိုပြုလုပ်ထားတဲ့ လက်နက်ရောင်းဝယ်မှုအတွက် မျိုးဦးေဇာ်နဲ့ဝေယံတဒီနေရာကို ရောက် နေခြင်း ဖြစ်သည်။လာတဲ့လမ်းတစ်လျှောက်တော့ မသင်္ကာစရာ သိပ်မရှိသလို အမတ်သား တစ်ယောက်လုံးရဲ့အရှိန်ဝါနဲ့မို့ ရဲတွေ ကိုပါ ပြန်ပြီးပေးနိုင်တာမို့ သူတို့မှာ သိပ်တော့မပူရ.. ဒါပေမဲ့ တော်တော်များများ နှောက်ယှက်နေတဲ့ ဟိုအဖွဲ့ကြီး ကြောက်နေရပေမဲ့ အလျင်အမြန်လှုပ်ရှားထားတာမို့ မသိနိုင်ချေ။ အထဲရောက်တော့ တစ်ဖက်က ဝယ်မယ့်သူ နဲ့ သူ့ရဲ့လက်အောက်ငယ်သား ၂၀ယောက် လောက်တော့တွေ့ရသည်။
မျိုးဦးေဇာ်နဲ့ဝေယံတို့နှစ်ဂိုဏ်းပေါင်းပြီးလာတာမို့ လူအင်အားပိုများပြီး အယောက် ၃ဝလောက်ပါလာတာမို့ နှစ်ဖွဲ့ပေါင်း အယောက် ၅၀လောက်ဖြစ်ပြီး ကျယ်ဝန်းတဲ့ ဂိုထောင်က သိပ်တော့မကျဉ်း ....မှောင်ခိုလုပ်တာမို့ အန္တရာယ် များ လေ့ရှိတာကြောင့် အားလုံးက လက်နက်ကိုယ်စီနှင့်ပင်..
ဂိုထောင် ရဲ့ အလယ် မှာရှိတဲ့ စားပွဲရှည်ကြီးရဲ့ တစ်ဖက် မှာ တစ်ဖက်က ဝယ်သူ တွေရဲ့ ခေါင်းလို့ထင်ရတဲ့သူ ထိုင်နေသလို
ဒီဘက်မှာလည်း မျိုးဦးဇော်နဲ့ဝေယံက ထိုင်နေ လေသည်။
ဘေးနားက တပည့်ကို မျက်စပစ်ပြလိုက်တော့ ပါလာတဲ့ မူးယစ်ဆေးဝါးတွေကို စားပွဲပေါ်တင်လိုက်တော့ တစ်ဖက်အဖွဲ့ကလည်း ပိုက်ဆံတွေကို စားပွဲပေါ်တင်လာတာမို့
စစ်နေရင်း အလုပ်ရှုပ်နေစဉ် ရီသံကြားတာမို့ ကြည့်လိုက်တော့ တစ်ဖက်အဖွဲ့ခေါင်းဆောင်ကရီနေတာမို့ လက်တွေက auto သေနတ်အိတ်ပေါ်ရောက်သွားကြတယ်။"မတွေ့ရတာကြာပြီနော် မျိုးဦးဇော်နဲ့ ဝေယံဟိန်း ဒီနေရာမျိုးမှာ လာတွေ့ရမယ်လို့မထင်ထားဖူး"
"မင်းကဘယ်သူမို့ ငါနာမည်သိနေတာလဲ ဘယ်သူလဲလို့ မေးနေတယ်လေ!!"
"ဟင်!! မင်း!!"
"တိမ်လွှာမိုး!"
-----------------------------------------------------------
ဒီနေ့ ကလေးကိုတောင် ကျောင်းလိုက်မပို့ဖြစ်ခဲပေ။အလုပ်မှာ အရေးပေါ်လူနာရှိတယ်ဆိုပြီး စောထွက်လာခဲ့ကာ ဂိုဒေါင်ပျက်သို့လာခဲ့တာမို့ဖြစ်တယ်။hoodlum ဂိုဏ်းဖွဲ့ထားတာကို အဖိုးသာသိခဲ့ပြီး တကယ်တမ်း company ရဲ့ နောက်ကွယ်ကပြသာနာတွေရှင်းဖို့ ဖွဲ့ထားခြင်းဖြစ်ပြီး အခုက S.A.B.E.R အဖွဲ့နဲ့ ချိတ်ဆက်မိပြီး ရဲတွေ မကိုင်ရဲတာကို လုပ်ဖို့ ဖမ်းဖို့စီစဉ်ထားမို့ဖြစ်တယ်။
YOU ARE READING
အောင်သွယ်တော် အဖိုး(Completed)
Fiction généraleအဖိုး လက်ထပ်ပေးခဲ့တဲ့ အိမ်ထောင်ရေးက တည်မြဲပါ့မလား ဂျစ်ကန်ကန် ကောင်မလေးနဲ့ ဆရာ၀န်မမတို့ရဲ့ အလွဲများစွာ....