အပိုင်း (၂၂)🚨🌚🌚

14.6K 290 12
                                    

ဒီနေ့မှ ကလေး၀တ်ထားတာက အခါတိုင်းမတူဘဲ တစ်မျိုးကြည့်ကောင်းပြီး ကလေးနှင့် အတော်လေးလိုက်ဖက်သည် ။ Lavender Company ရှေ့ ကားရပ်လိုက်တော့ ဘာလုပ်မို့လဲ စဉ်းစားမရတော့ပေ။

"မ ဆင်းရအောင်"

သံစဉ် ခေါ်သံကြောင့် တိမ်လွှာ အတွေးများရပ်တန့်သွားပြီး ကားထဲကာဆင်းလာတော့ သံပြိုင်နှုတ်ဆက်သံကြောင့် တိမ်လွှာတစ်ယောက် လန့်သွားသည်။

"မဂ်လာပါ CEOနဲ့မမလေး!!!"

"ကလေး ဒါကဘာတွေလဲ မကိုရှင်းပြပါအူံး"

တိမ်လွှာအမေးကို ဘာမှပြန်မဖြေသလို လက်ချင်းချိတ်ပြီး Lavender Companyကြီး ထဲသို့ သံစဉ်ချို သည် ခေါင်းမော့ ရင်ကော့ကာ မာန်ပါပါဖြင့်၀င်သွားခဲ့သည်။

"CEO Meeting အခန်းထဲ ရှယ်ယာရှင်တွေရောက်နေပါပြီ"

"သွားရအောင် မ မရဲ့အဖြေကို ကလေးဖြေပေးမယ်နော်"

မမေနဒီ အပြောကို ခေါင်းငြိမ့်ပြီးသာပြလိုက်ပြီး company ထဲ၀င်လာတည်းက တစ်လျှောက်မေးနေတဲ့ မ ကို အဖြေပေးမယ်လို့ပြောလိုက်ပြီး အစည်းဝေးခန်းမထဲဦးတည်ခဲ့သည်။

"မင်္ဂလာပါ ရှယ်ယာရှင်များရှင့် ကျွန်မက ဒီကုမ္ပဏီရဲ့ ရှယ်ယာအများဆုံးဖြစ်သလို Election နဲ့အရွေးခံထားရတဲ့ Lavender Company ရဲ့ CEO ဖြစ်တဲ့ Kevin (ခေါ်) မသံစဉ်ချိုဖြစ်ပါတယ် ဒီဘေးဘက်သူက ကျွန်မရဲ့ ဇနီးဖြစ်သူ မတိမ်လွှာမိုးပါ"

"CEO Kevin ကို ဒီလောက်အသက်ငယ်မယ်လို့မထင်ထားဖူးဗျာ အသက်ငယ်ငယ်လေးနဲ့ Kevin ဆိုတဲ့နာမည် စီးပွားရေးလောကထဲမှာ ထပ်ဆုံးရပ်တည်နေနိုင်တာ မယုံနိုင်ဖူးဗျာ"

"ဟုတ်ကဲ့ အခုလို ချီးကျူးမှုအတွက်ကျေးဇူးတင်ပါတယ် နောက်ပြီး ဒီနေ့ည ကျွန်မတို့ရဲ့ အိမ်ထောင်သက် ၆လပြည့် ပါတီကျင်းပဖို့ ရှိပါတယ် ဒီကရှယ်ယာရှင်များကို လာရောက်ဖို့ မျှော်လင့်ပါတယ်"

"အော် ဒါနဲ့ စီးပွားရေးနဲ့ ကိုယ်ရေး
ကိုယ်တာ ခွဲတက်မယ်လို့ မျှော်လင့်ပါတယ်နော် တကယ်လို့ ကျွန်မ ဖြစ်တည်မှု ကို ဝေဖန်မယ်ဆိုရင်လည်း မျှော်လင့်ပါ့မယ် မောရင်လည်း ရေဗူးကမ်းပေးပါ့မယ်"

အောင်သွယ်တော် အဖိုး(Completed)Where stories live. Discover now