Unicode
လူကြီးတွေနဲ့ စေ့စပ်ပွဲပြီး နောက်ရက် စားသောက်ဆိုင်စားပွဲတွေ မျက်နှာချင်းဆိုင်ထိုင်နေသော လူ ၅ယောက် ဘာစကားမှမပြောဘဲ တိတ်ဆိတ်နေသည်။မိမိသူငယ်ချင်းတွေကလည်း အရိပ်ကဲကြည့်နေသလို အစ်မတိမ်လွှာ သူငယ်ချင်းကလည်း အရိပ်ကဲကြည့်နေသည်။
မိမိကဘဲ အေးစက်ပြီး အနေခက်တဲ့အနေထားကို ဖြိုခွဲဖို့စကားအစပျိုးလိုက်သည်။
"မတိမ်လွှာ ကဘာလို့ စေ့စပ်ပွဲလက်ခံတာလဲ မတိတ်လွှာ ပတ်၀န်းကျင် အနှောင်ယှက်မဖြစ်ဖူလား"
"ဖြစ်လည်း ဂရုစိုက်စရာမှမလိုတာ ပြီးတော့ အဖိုးနဲ့အဖေရဲ့ နားပူမှုတွေမခံနိုင်လို့ လက်ခံလိုက်တာ မဟုတ်ရင် အိမ်ထောင်ပြုဖို့ဘဲ နာရီ၂၀လောက်ပြောနေတာ အခုတော့ နားငြီးသက်သာသွားတယ်လေ"
ဆိုပြီး ရီကြဲကြဲပြောလာတဲ့ မတိမ်လွှာကြောင့်
"ဒါက ကလေးကစားစရာမဟုတ်ဖူးနော် တစ်ဘ၀လုံးကိစ္စ ဟာသမလုပ်ပါနဲ့ သဘာလွန်ကိစ္စမို့ လူတွေအပြစ်ပြောနေတာ အိမ်ထောင်ရေးအဆင်မပြေ ပိုအပြစ်ပြောစရာဖြစ်မယ်"
"စိတ်ချပါ အဲလို သစ္စာဖောက်တာတော့မလုပ်ပါဖူး ယူတာပြောရမှာ အသက်ငယ်ငယ်နဲ့ ကျောင်းမှာ ခြေရှုပ်ဖူးပြောမရဖူးလေ"
"ဘာပြောလိုက်တယ်!!! ဒုန်း!!!"
မတိမ်လွှာရဲ့ ခနဲ့သလို မယုံသလိုစကားကြောင့် ဒေါသထွက်သွားပြီး စားပွဲကို ခုံကို လက်သီးနဲ့ ထုလိုက်တာကြောင့် အသံကျယ်သွားပြီး ဆိုင်ထဲက ဧည့်သည်တွေ ဝိုင်းကြည့်လာတာကြောင့် အားနာတဲ့ပုံစံနဲ့ တောင်းပန်လိုက်ရပြီး ထိုင်ခုံမှာ ပြန်ထိုင်လိုက်ပြီး
"ညီမ သိက္ခာကို မစော်ကားပါနဲ့ မတိမ်လွှာ ဘာဖြစ်ချင်လဲ ပြောပါ"
"ကောင်းပြီလေ လူကြီးတွေစီစဉ်သလိုပေါ့ နောက် နှစ်ပတ်နေရင် မဂ်လာပွဲကျင်းပမယ်တဲ့"
"ဘယ်လို!!!"
မိမိတို့ကသိပေမဲ့ ဘယ်နားက သူငယ်ချင်းတွေကမသိတာကြောင့် အသံတွေထွက်လာကြသည်။
"ညီမကျောင်းကကော မတိမ်လွှာ ပြီးတော့ ညီမ ကျောင်းကတစ်ဖက် စာကတစ်ဖက်ဆိုတော့ ဝေယျဝေစ္စာနဲ့ ဘယ်လိုပြောရမလဲ...."

YOU ARE READING
အောင်သွယ်တော် အဖိုး(Completed)
Ficção Geralအဖိုး လက်ထပ်ပေးခဲ့တဲ့ အိမ်ထောင်ရေးက တည်မြဲပါ့မလား ဂျစ်ကန်ကန် ကောင်မလေးနဲ့ ဆရာ၀န်မမတို့ရဲ့ အလွဲများစွာ....