အပိုင်း (၁၈)

4.3K 212 4
                                    

"Oh My God!! Really"

"ဟုတ်ပါတယ် ဒေါက်တာ အဲ DNA စစ်ချက်အစစ်ပါ ဒေါက်တာ မယုံမှာစိုးလို့ ကိုယ်တိုင်သွားစစ်ခိုင်းခဲ့တာပါ"

"ဒါဆို ၁၃နှစ်လုံး အဖြစ်မှန်က ပျောက်ကွယ်ခဲ့တာပေါ့ ဒါနဲ့ သမီးမေဘယ်က ကော လက်ခံ
နိုင်ပါ့မလား"

"အဲဒါတော့ ကျွန်တော်လည်းသေချာမသိဖူး ဒေါက်တာ သမီး စိတ်ဆင်းရဲတာ မဖြေချင်လို့သာ အမှန်တိုင်းဖော်ထုတ်ဖို့ ကြိုးစားခဲ့တာ"

"ဟူးခက်တယ် သူ့အသက်ရွယ်လေးနဲ့ မိန်းကလေးနှစ်ယောက်က မွေးတယ်ဆိုတာကော ယုံပါ့မလား ပြီးတော့ သူ့အသက်နဲ့မျှ သိလာတဲ့သူက အဖေရင်းမဟုတ်ဖူးဆိုတာကော လက်ခံနိုင်ပါ့မလား"

"ခွမ်း !!"

နှစ်ယောက်နားနေခန်းထဲမှာ စကားပြောနေရင်း အသံကြားလိုက်တာမို့ လှည့်ကြည့်လိုက်တော့ မေဘယ်နီ ဆိုတဲ့ကလေးမလေး

"မဟုတ်ဖူး မဟုတ်ဖူးလား ဖေဖေ သမီးကို ပြောပါအုံး အဖေ"

"သမီး သေချာနားထောင်နော် အဖေပြောပြမယ်"

"ဟင့်အင်းမကြားချင်ဖူး တစ်ခြား ဘယ်ဟာမှ မကြားချင်ဖူး"

"သမီး!!"

နားနေခန်းထဲကပါမက ဆေးရုံ၀င်းထဲကပါ ထွက်ပြေးသွားတဲ့ ကလေးမလေးနောက်ကို ပြေးလိုက်ခဲ့ပေမဲ့ taxi ကားပေါ်တက်သွားမို့ ဘယ်လိုလုပ်ရမလဲမသိတော့ချေ။

"သမီး ဘယ်မောင်းပေးရမလဲ ကြည့်ရတာ ဆေးရုံကနေ ထွက်ပြေးလာတာလား"

"မဟုတ်ပါဖူး ဦးလေး သမီးအစ်မဆီသွားချင်လို့ပါ ဒီမှာ သူလိပ်စာပါ မောင်းပေးပါ ဦးလေး"

Taxi သမား ဦးလေးကြီးကို လိမ်လိုက်ရသည်။မဟုတ်ရင် ဆေးရုံကထွက်ပြေးလာတဆို ‌ပြန်လိုက်ပို့မှာစိုးတာမို့ဖြစ်သည်။

"ဦးလေး ဒါ သမီးပေးတဲ့ လိပ်စာသွားတဲ့ လမ်းမဟုတ်ဖူးလေ"

အိမ်မှာနေတက်ထက်စာရင် အစ်မ၀မ်းကွဲတွေနဲ့ နေတာပိုများသလို ပြီးတော့ အစ်မ၀မ်းကွဲတွေက ကျောင်းကိုခေါ်သွားနေကျမို့ လမ်းသိနေခြင်းဖြစ်သည်။

"ဟုတ်တယ် သမီး ဟိုဘက်လမ်းက ပိတ်နေလို့ ဒီဘက်သွားတာ သမီး"

"ဦလေး မဟုတ်တာပြောတော့မယ် ဒါက တက္ကသိုလ်သွားတဲ့လမ်းမှမဟုတ်တာ ကားရပ်ပေး"

အောင်သွယ်တော် အဖိုး(Completed)Where stories live. Discover now