002

16 1 0
                                    


နှစ်သစ်၏ ဒုတိယမြောက်နေ့တွင်သန့်စင်တို့ အတန်းသစ်စ.တက်ရသည်။ အရာအားလုံးက အရင်အတိုင်းပါပဲ။ Musculo skeleton and skin ​module ၏အစမို့ အားလုံးက ဒီ module ကစပြီး အသေအလဲ ကြိုးစားပြီ ဟု ကြုံးဝါးစမြဲ၊ ထိုအထဲတွင် သန့်စင်လည်း ပါသည်ပေါ့။ အစပိုင်းကတော့ တော်တော်များများ သည်လိုမခံချင်စိတ်နဲ့ ကြိုးစားကြတာပါပဲ၊နောက်ပိုင်းမှ ခံချင်သွားသည်ကိုတော့ မပြောတတ်တော့ပါ။
ဆောင်းရာသီမို့ပွဲလမ်းသဘင်ကလည်းပေါများနေသည်။ကျောင်းတက်သည်မှ တစ်ရက်ရှိသေးသည်၊ နောက်တစ်နေ့ စျေးရောင်းပွဲတော်ရှိသည်။ သန့်စင်တို့အတန်းက မုန့်ရောင်းမည့်အဖွဲ့မရှိလျှင် တစ်နေကုန် လက်ချာတက်နေရမည်စိုးသဖြင့် ဝရုန်းသုန်းကားနှင့် မုန့်ရောင်းမည့်အဖွဲ့နှစ်ဖွဲ့ကို စီစဥ်လိုက်ကြရသည်။ မဆိုးပါဘူး၊ အလှလေးပြင်ပြီး မုန့်သွားစားရုံပေါ့။
သို့သော် တကယ်တမ်းတော့ သန့်စင်အလှမ ပြင်လိုက်ရပါ။ မုန့်ရောင်းမည့်အဖွဲ့၏ tangulu မှာ သကြားမကပ်သဖြင့် မနက်စောစောတည်းက ကူပေးနေရသည်မှာ ချွေးတလုံးလုံးနှင့်။
ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင်လည်း ရောင်းရသည်မှာ လက်မလည်သဖြင့် ကူရောင်းပေးနေရသည်။ တခြားသူငယ်ချင်းများပါတဖွဲဖွဲရောက်လာမှ သန့်စင်နှင့် မိုးရတနာမှာ အေးအေးလူလူမုန့်ထိုင်စားရတော့သည်။
စီနီယာအစ်ကိုကြီးများကလာရောင်းကြသော coffee ticket ကလည်း သူတို့ကိုငမ်းရင်း ဝယ်လိုက်မိသဖြင့် သွားထုတ်ရသေးသည်။ ပေးရသည်နှင့် တန်ပါသည်။ ကော်ဖီမှုန့်အစစ်ကို ကောင်းကောင်းဖျော်ပေးထားသဖြင့် ကော်ဖီခရေဇီ သန့်စင်အတွက် စိတ်ကျေနပ်စရာမနက်ခင်းလေးဖြစ်နေသည်။
သန့်စင်က ကော်ဖီအနံ့ကိုတော်တော်ကြိုက်သည်။သန့်စင်အခန်းထဲတွင်ကော်ဖီဖျော်ပြီး အနံ့ကလေးသင်းနေသည်ကို သိပ်သဘောကျသည်။ မည်မျှသဘောကျသလဲဆို အပြင်သွားရင် အဝတ်အစားမှာ ကော်ဖီကိုခွက်လိုက်လောင်းချသွားချင်သည်အထိ။
"အဲ အဲ မှောက်ကျပြီ"
ကော်ဖီခွက်လိုက်လောင်းချချင်သည်ဟု တွေး၍မှမဆုံးသေး သန့်စင်ကို လူတစ်ယောက်က ပုခုံးကဝင်တိုက်လိုက်ရာ စက္ကူခွက်ကလေးထဲမှ ကော်ဖီအချို့မှာ အကျီပေါ်သို့ ဖိတ်ကုန်တော့သည်။ဝတ်စုံက အမည်းရောင်ဖြစ်နေ၍သာ အစွန်းကသိပ်မသိသာခြင်းဖြစ်သည်။

Once In A LifetimeWhere stories live. Discover now