005(မာယာကြားကရင်ခုန်သံ)

12 0 0
                                    


ညဥ့်နက်သည်ထိ သန့်စင် မနားရသေးပါ။ အခမ်းအနားမှူးလုပ်တာကလည်း လုပ်တာပေသည့် စာလည်းကျက်ရသေးသည်။
အတန်းပုံမှန်တက်ပြီး စာပုံမှန်ကျက်နေသည်ပင်လျှင်သန့်စင်တို့မှာ လုံးလည်ချာလည်လိုက်နေသည်ကို ယခုကဲ့သို့ အတန်းချိန်တွေပျက်ပြီး ဝရုန်းသုန်းကားဖြစ်နေသည့်အတွက် ပို၍ဦးနှောက်စားပါသည်။
ယခုလည်း မနက်ဖြန်နေ့လယ်ဆိုလျှင်ပင် ပွဲကလုပ်တော့မည်။ အခမ်းအနားစာရွက်က ညဆယ်နာရီကျော်သည်အထိ သန့်စင်လက်ထဲကိုရောက်မလာသေး။
EC ကို ဖုန်းဆက်မေးတော့ စာရွက်ထုတ်ဖို့နောက်ကျသွားသဖြင့် soft copy file တစ်ခုသာပို့၍ရမည်ပြောသည်။ soft copy လည်း soft copy ပဲပေါ့၊ ပို့လိုက်ပါ ဟုဆိုကာ အားလုံးကို ပြန်ဖတ်ပြီး စာသားထောင့်နေသည့်နေရာများကို ပြင်ယူရသည်။
သန့်စင်တစ်ယောက်တည်းမဟုတ်၊ EC အဖွဲ့ကဆိုလျှင် ယခုထက်ထိ convo မှပြန်မလာရသေးပါ။
သူ့နည်းသူ့ဟန်နှင့်အားလုံးအလုပ်ရှုပ်နေသည့်ကြားမှ သန့်စင် စာကျက်ရန်အချိန်ရနေခြင်းမှာကံကောင်းသည်။
သီချင်းဆိုမည့်သူများရော ကမည့်သူများရော rehearsal လုပ်နေရသဖြင့် တော်တော်လေးညဥ့်နက်မှ အဆောင်ပြန်ရောက်သည်ဟု ပြောကြသည်။
သန့်စင်မှာလည်း ညဥ့်သန်းခေါင်ကျော်မှ မနက်ဖြန်ဝတ်မည့် ဝတ်စုံကို မီးပူတိုက်ကာ အဆင်သင့်ပြင်စရာရှိသည်များကိုပြင်ရသည်။ မနက်ပိုင်းက မုန့်ရောင်းမည့်အစီအစဥ်ရှိသော်လည်း သန့်စင်မှာ အပြင်ထွက်မုန့်စားရန် အချိန်မရသဖြင့် အခန်းသို့လာပို့ပေးရန် ကြိုမှာရသေးသည်။
မနက်ကျတော့လည်း တစ်မနက်လုံးဒေါင်ချာစိုင်းကာ အဆောင်မှာပြေးလွှားနေရသည်။ အကြောင်းမူကား ကမည့်မင်းသမီးများကို မိတ်ကပ်ပြင်ပေးရခြင်းပင်။ ခင်ရာမင်ရာ အပေါင်းအသင်းများ တစ်ခန်းတွင်စုကာ အချင်းချင်း ပြင်ပေးကြသည်။ သန့်စင်မှာ မိမိမျက်နှာပင် ဘာမှမပြင်ဆင်ရသေး၊ ဆံပင်စက်ဆွဲပေး
လိုက်၊ နှုတ်ခမ်းနီအရောင်ရွေး​ပေးလိုက်၊ သီရိကို အဝတ်အစားသွားရွေးလိုက်နှင့် သန့်စင်တို့ တတိယထပ်က အုန်းအုန်းကျက်ကျက်။
selection လျှောက်ကြမည့်ကလေးများတောင် သူ့မိတ်ကပ်ဆရာနှင့်သူဆိုတော့ သန့်စင်တို့လောက် မဆူညံကြ။
သို့ပေမယ့် ပျော်စရာကောင်းပါသည်။

Once In A LifetimeWhere stories live. Discover now