Chapter 41

742 57 2
                                    


ရှင်းကျိုး၏ စတော့ဈေးသည် အဖွင့်နေ့တွင် ကျဆင်းခဲ့သော်လည်း အပိတ်တွင် အနည်းငယ် တက်လာခဲ့သည်။ Share ကျဆင်းမှုသည် ချွီမော့ယီ မျှော်မှန်းထားသကဲ့သို့ပင် 3% ထက်မကျော်လွန်ခဲ့ပေ။ ဒါပေမယ့် တကယ့်အကျပ်အတည်းက အခုမှစတာပါ။ ရက်အနည်းငယ်အတွင်း တရုတ်နိုင်ငံ၏ အကြီးဆုံးဘဏ္ဍာရေးဖိုရမ်တွင် အမည်မသိသူတစ်ဦးမှ သတင်းတခု တင်ခဲ့သည်။ Chuanghai သည် အဖွဲ့အတွင်းရှိ တန်ဖိုးအရှိဆုံး နှင့် အလာအလာအရှိဆုံး သတ္တုတူးဖော်ရေးဆိုင်ရာ လုပ်ငန်းများကို companyရဲ့ ရာနှုန်းပြည့်ပိုင်လုပ်ငန်းခွဲ  ‌‌အောက်သို့ ထည့်သွင်းပြီး မိုင်းများထဲမှ တစ်ခုကို ယူမည်ဟု ရှယ်ယာရှင်များအား ကြေညာခဲ့သည်။ အမှီအခိုကင်းစွာလုပ်ကိုင်ရန်ထွက်သွားခြင်းသည် အမှန်တကယ်တွင် အကြွေးများကိုခွဲထုတ်ရန်နှင့် ရှင်းကျိုးနှင့် ပေါင်းစည်းမှုကို တတ်နိုင်သမျှအမြန်ဆုံးလွယ်ကူချောမွေ့စေရန်ဖြစ်သည်။ ၎င်းသည် ကြီးမားသောအန္တရာယ်ဖြစ်စေနိုင်သည်၊ တရားဥပဒေနှင့်ဘဏ္ဍာရေးနည်းလမ်းများမှတစ်ဆင့် ရှင်းကျိုး သည် Chuanghai ၏အရည်အသွေးမြင့်ပိုင်ဆိုင်မှုများကို ဖယ်ထုတ်ပစ်ပြီး နောက်ကွယ်တွင် အရှုပ် ‌တော်ပုံများကိုချန်ထားခဲ့မည်ဖြစ်သည်။ အစုရှယ်ယာရှင်များအားလုံးသည် အကျိုးဆက်ကို ခံကြရမည်ဖြစ်သည်။ ဒီပို့စ်ရဲ့ ခွဲခြမ်းစိတ်ဖြာမှုက အလွန်အသေးစိတ်ပေသည်။

တချက်ကြည့်လိုက်တာနဲ့တင် အတွင်း သိတဲ့သူတစ်ယောက်က ရေးထားပြီး နောက်ကွယ်မှာ အရေးကြီးတဲ့သူတစ်ယောက်ရှိတယ်ဆိုတာ မှန်းဆလို့ရ၏။ ဒီသတင်းက အချိန်တိုအတွင်း အင်တာနက်တစ်ခွင် ပျံ့နှံ့သွားပြီး ရှင်းကျိုး ၏ စတော့စျေးနှုန်းသည် နောက်နေ့တွင် 7% ကျဆင်းသွားသည်။ ယင်းကိစ္စများမဖြစ်ပွားမှီချွီမော့ယွီ ၏ရှေ့နေသည် ရှန်သိုက်ကိုဆက်သွယ်လာခဲ့ပြီးသောကြာနေ့တွင် notary ရုံးနှင့်အခွန်ဌာနသို့သွားရန်ချိန်းဆိုခဲ့သည်။ သတင်းထွက်လာပြီး ‌နောက်တွင် ရှေ့နေကထပ်မံ ဆက်သွယ်လာခဲ့သည်။

ရှန်သိုက်သည်  သတင်းမေးမြန်းရန် ချွီမော့ယီထံ စာပို့ခဲ့သော်လည်း ချွီမော့ယီက အကြောင်းပြန်ခြင်းမရှိခဲ့ပေ။

Alpha Predator (mm translation)Where stories live. Discover now