Chapter 42 (ချိန်ကိုက်ဗုံး)

261 43 6
                                    

အင်တာနက်ရှိ ပိုစ့်ကြောင့် စီးပွားရေးလောက ကို ပွက်လောရိုက်သွားစေခဲ့ပြီး  ရှန်ကျိုး ရဲ့ စတော့ဈေးတွေလည်း တက်လိုက် ကျလိုက်ဖြစ်သည်။ လက်ထဲတွင် ရှယ်ယာကိုင်ဆောင်ထားသူများမှာလည်း ရိုလာကိုစတာစီးရသကဲ့သို့ပင်  စိတ်လှုပ်ရှားမှုကို ခံစားနေရသည်။ ရှန်သိုက်သည် မူလက ထိုကိစ္စ ကို အာရုံစိုက်ပေးခြင်သော်ငြားလည်း စီးပွားရေးကိစ္စ များ ရှုပ်ထွေးလွန်းကာ သူ ကျွမ်းကျင်သည့် အပိုင်းမဟုတ်သဖြင့် အသေးစိတ်စုံစမ်းစစ်ဆေးခြင်းမလုပ်နိုင်ပေ။ ဒီ့အပြင်  ယခုတလောအလွန်အလုပ်များသောကြောင့် အာရုံစိုက်ရန်ပင် အချိန်မရှိပေ။ ရက်အနည်းငယ်ကြာပြီးနောက် ရှေ့နေ ချန်က အပြီးသတ်ရမည့် လုပ်ထုံးလုပ်နည်းများကို ‌ဆောင်ရွက်ရန် သူ့ကို ခေါ်သွားသည်။ နေ့ခင်းဘက် အချိန်ကုန်သွားတာကို ပြန်ဖြည့်ဆည်းဖို့ သူ အချိန်ပိုလုပ်ရပြန်တယ်။ ဤ ရှုပ်ထွေးလှသောလုပ်ငန်းဆိုင်ရာအဆင့်ဆင့်ကို လုပ်ဆောင်ပြီးနောက်တွင်ကား သူ အလွန်ပေါ့ပါးသွားသည်ဟု ခံစားရသည်။ တစ်ချိန်တည်းမှာပင်ရှန်ကျိုး၏ Chuanghai ကိုဝယ်ယူမှုကိစ္စ သည် အင်မတန် ရှုပ်ထွေးနေသည်။ လူထု၏ အမြင်များနှင့် ဌာနတွင်း အမြင်များအပြင် ချွီမော့ယွီ၏ ပါးစပ်မှ ရံဖန်ရံခါ ကြားရသည့် သတင်းအချက်အလတ်များအရ ချွီမော့ယွီသည် ဤကိစ္စကို အချိန်တိုအတွင်း လွယ်ကူချောမွေ့အောင် ကိုင်တွယ်နိုင်လိမ့်မည်မဟုတ်ဟု ရှန်သိုက်ခံစားရသည်။ သူ့စိတ်​ကလည်း ​ဝိရောဓိ​ဖြစ်နေ​သည်​။ တစ်ဖက်တွင် ချွီမော့ယွီ သည် သူလိုချင်သည့်အရာကို သေချာပေါက်ရနိုင်စေခြင်ပြီး ၊တစ်ဖက်တွင်မူလုပ်ငန်းပေါင်းစည်းခြင်းအောင်မြင်သွားပါက သူတို့၏အိမ်ထောင်ရေးဆက်ဆံရေးသည်ကား အဆုံးသတ်သွားပေတော့မည်။

သူ့တွင် ရေတိုနှင့်ရေရှည်အတွက် စိတ်ပူစရာများ ရှိသော်လည်း သူ ငယ်စဥ◌် ကပင်  မိသားစုကို ထောက်ပံ့ရန် လေးလံသော တာဝန်ဝတ္တရားများကိုယူခဲ့ရသည့်အတွက် စိတ်ဖိစီးမှုအောက်တွင် နေထိုင်ရသည်မှာ သူ့အတွက် အသားကျနေပြီဖြစ်သည်။ ဒီတော့ သူ တစ်ဆင့်ပြီးတစ်ဆင့် ပဲဖြေရှင်းသွားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ တနေ့တွင် သူ သုတေသနအင်စတီကျုတွင် အလုပ်လုပ်နေစဥ် သူမဖြေကြားချင်သည့် ဖုန်းဝင်လာသည်။ ခေါ်ဆိုသူ ID မှတ်သားထားခြင်းမရှိပါ။ နံပါတ်များသာပေါ်‌နေသည်။ ဒီနံပါတ်ကို သူ့phone address မှာ မှတ်မထားပေမယ့် သူက မှတ်ဉာဏ်ကောင်းတာကြောင့် ပထမဆုံးမြင်လိုက်တဲ့အချိန်ကတည်းက ယိုရှင့်ဟိုင်ဆီကလာတာလို့ သိလိုက်တယ်။ ရှန်သိုက်ရုံးခန်းသို့ ပြန်သွားပြီး အစိမ်းရောင်ခလုတ်ကို ပွတ်ဆွဲလိုက်သည်။

Alpha Predator (mm translation)Donde viven las historias. Descúbrelo ahora