Chapter 74(ရှန်သိုက်၏ဆုံးဖြတ်ချက်)

339 55 4
                                    


နေဝင်ပြီးနောက် နွေဦး၏ အအေးဓာတ်သည် တဖြည်းဖြည်းဝင်ရောက်လာသည်။ ဆေးရုံအတွင်းရှိ တံခါးများနှင့် ပြတင်းပေါက်များကို ပိတ်ထားသော်လည်း အပူချိန်က သိသိသာသာ ကျဆင်းသွားသည်။

ရှန်သိုက်သည် ပါးလွှာသော ဆွယ်တာအင်္ကျီကိုသာ ၀တ်ထားသည်။ တကယ်တော့ သူမိုးမလင်းခင် အိမ်ကထွက်လာတုန်းက ပိုအေးသည်။ ဒါပေမယ့် ချိုးချိုးက ကိုယ်အရမ်းပူနေတာကြောင့် အအေးဒဏ်ကို လုံးဝလျစ်လျူရှုထားမိပြီး အခုမှပဲ သူအေးတာကို ခံစားရ၏။ သူ့ဖုန်းကိုကြည့်လိုက်သည်။ ခဏကြာတော့ သူနာပြုဆရာမက ချိုးချိုး၏ ကိုယ်အပူချိန်ကို စစ်ဆေးဖို့ ရောက်လာ၏။ ချိုးချိုးကိုစမ်းကြည့်လိုက်သည့်အခါ ကိုယ်မပူတော့ပေ။

ရုတ်​တရက်​ သူ့ပခုံး​ပေါ် က​အလေးချိန်ကြီး​တစ်​ခု ကျသွားသည်။​။ သူ့အား အေးမြသော သစ်သားရနံ့နှင့် နွေးထွေးသော ခန္ဓာကိုယ်အပူချိန်ဖြင့် လွှမ်းခြုံခံလိုက်ရပြီးပတ်ဝန်းကျင်၏ အအေးဓာတ်နှင့်သီးခြားဖြစ်သွားစေသည်။ ငုံ့ကြည့်လိုက်တော့ ချွီမော့ယွီရဲ့ suit ဂျက်ကတ်ကို တွေ့လိုက်ရ၏။ စန္ဒကူးဖီရိုမုန်းရနံ့ ရုတ်တရက်သိပ်သဲလာခြင်းကြောင့် သူ့ကို အနည်းငယ်ပျာယာခတ်သွားစေသည်။

ချွီမော့ယွီသည် သူ့ဘေးတွင်ထိုင်ကာ ရှန်သိုက်၏လက်ကို ကိုင်ထားပြီး အကျီကို မချွတ်စေရန် တားဆီးလိုက်သည်။ "ဝတ်ထားလိုက်ပါ။ မင်းဝတ်ထားတာ အရမ်းပါးတယ်။" သူက ရှန်သိုက်ရဲ့ လက်ကောက်ဝတ်ကို ကိုင်လိုက်သည့်အခါ ပိန်လှီလွန်းသည့်အတွက် မျက်မှောင်ကြုတ်မိသွား၏။ အလွယ်တကူပင် ကျိုးပဲ့သွားနိုင်သည်။

ရှန်သိုက်သည် သူ့လက်ကို ရုတ်လိုက်ပြီး အိပ်ပျော်နေသော ချိုးချိုးကို တိတ်တဆိတ် ကြည့်လိုက်သည်။ ချိုးချိုးက ပိုပြီးသက်တောင့်သက်သာရှိလာပုံရပြီး သူ့မှာမသက်မသာဖြစ်တဲ့ခံစားချက်မရှိတော့တာကြောင့်လို့ ယူဆရ၏။

"အဖျားပျောက်သွားမှာပါ။ ဒါပေမယ့် စိတ်ချရအောင် ဒီည ဒီမှာပဲနေသင့်တယ်" ဟု ချွီမော့ယွီက ပြောသည်။"ဒီနေရာက အရာအားလုံးနီးပါးရှိတယ်။ တစ်ခုခုလိုရင် သူနာပြုဆရာမကို ပြောလိုက်ရုံပဲ။"

Alpha Predator (mm translation)Where stories live. Discover now