Chapter 82(အချစ်ရူး)

335 60 27
                                    

ရှန်သိုက်ကုတင်ပေါ်မှ ထထိုင်လိုက်သည်။ မျက်မှောင်ကြုတ်ပြီး သူ့မျက်နှာက အနည်းငယ်ပျက်နေ၏။

ချွီမော့ယွီသည် သူနှင့် ချိုးချိုး အိမ်သို့ ခေါ်ဆောင်လာခဲ့သည်။ အနှေးနဲ့အမြန်ဆိုသလို ချွီရှန်သိသွားမှာပင်။ ဒါက သူ့ဆန္ဒမဟုတ်ပေမယ့် ချွီရှန်ရဲ့မျက်လုံးထဲမှာတော့ သူ့ကို ဒီလိုလူအဖြစ်သတ်မှတ်မှာမလွဲပင်။သူ အရှက်ခွဲမခံရချင်ပေ။

ချွီမော့ယွီလည်း ဒါကို နားလည်ပုံရသည် "မင်း အောက်ထပ်ကို ဆင်းစရာ မလိုဘူး။ မင်း ချိုးချိုးကိုသွားထိန်းနေလိုက်နော်။"

ရှန်သိုက်သည် ယခုအချိန်တွင် ချိုးချိုးကိုထိန်းချင်တာထက်ကိုပို၏။ ချိုးချိုး နှင့်အတူ ထွက်ပြေးလွတ်မြောက်ရန်မစောင့်နိုင်တော့ပေ။ ချွီရှန်သည် ရည်ရွယ်ချက်ရှိရှိ တံခါးဝသို့ရောက်လာခဲ့ပြီ။ ကလေးရှိနေတာကို သူသိပြီးဖြစ်လိမ့်မည်။ ရှန်သိုက်သည် သူ့ကလေးကို ချွီ မိသားစုနှင့် ဝေးဝေးတွင် ထားချင်သည်။ ချွီမော့ယွီသည် ချိုးချိုး ၏ အုပ်ထိန်းခွင့်ကို သူ့လက်ထဲတွင်အလွယ်တကူကစားနိုင်ပြီး ၎င်းကို အသုံးချသင့်၊မချင့်ဆိုတာကိုဆုံးဖြတ်ရန်မှာ သူ၏ 'စွမ်းဆောင်ရည်' ပေါ်တွင် မူတည်သည်။ ဒါဆို ချွီရှန်ကကော?။ ချွီရှန်က ဘာလုပ်ချင်တာလဲ?။

ချွီမော့ယွီသည် ရှန်သိုက်၏ စိုးရိမ်မှုကို မြင်နေရသည်။ သူက ရှန်သိုက်ရဲ့ ပုခုံးတွေကို ကိုင်ပြီး သူ့အနားသို့ဆွဲဖက်လိုက်၏။ သူ၏ အိုမီဂါကို ပွေ့ဖက်နမ်းရှုံ့လိုက်ပြီး"စိတ်မပူနဲ့။ ကိုယ်ရှိတယ်နော်"

ရှန်သိုက်သည် ချွီမော့ယွီကို တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။ သူ အိပ်ရာက ထပြီး ထွက်သွားသည် ။

ဧည့်ခန်းသို့ရောက်သောအခါ ကလေးထိန်းသည် ချိုးချိုး ကို နို့ဘူးတိုက်နေ၏။ ချိုးချိုး ရဲ့ လက်နှစ်ဘက်ကနို့ဘူးကို ကိုင်ထားပြီး သူ အရမ်း အာရုံစိုက်ကာစို့နေ၏။ ဒါပေမယ့် ရှန်သိုက်အခန်းထဲကို ဝင်လိုက်တာနဲ့ သူ့မျက်လုံးဝိုင်းကြီးများက သူ့အဖေကို လှည့်ကြည့်လိုက်ကာ တစ်ချိန်တည်းမှာပဲ သူ့ပါးစပ်ကတအီအီအသံလေးထွက်လာသည်။ သူက နို့ဘူးကိုလက်နှစ်ဖက်ဖြင့် တွန်းထုတ်လိုက်သည်။ သူ့ခြေထောက်လေးများကို လေထဲသို့ကန်ကျောက်နေ၏။

Alpha Predator (mm translation)Donde viven las historias. Descúbrelo ahora