Chpater54(မင်းကခံစားချက်မရှိတဲ့လူ)

257 46 10
                                    


ရှန်သိုက်မေးလိုက်၏"မင်းက ဘာလို့ဒီလိုလူမျိုးဖြစ်နေတာလဲ?"

အကယ်၍သာ သူ ချွီမော့ယွီ၏ ပုံစံအစစ်အမှန်ကို စောစောသိခဲ့လျှင် ဒီလိုလူမျိုးကိုချစ်ခဲ့နိုင်လား?

မျက်ဝန်းများရှိ မျက်ရည်များက မခံမရပ်နိုင်ဖြစ်မှုတို့ရောင်ပြန်ဟပ်နေသည်။စူးစိုက်ကြည့်နေသည့် မျက်ဝန်းတစုံက ချွီမော့ယွီကို အင်မတန်စိတ်မလုံလဲဖြစ်စေသည်။သူ  ထိုမျက်ဝန်းများကို အကြိမ်မရေမတွက်နိုင်အောင်မြင်ခဲ့ဖူးသည်။ အားကိုးတွယ်တာမှု၊ချစ်ခင်မြတ်နိုးမှုအပြည့်နဲ့ကြည့်ခဲ့တဲ့ ဒီမျက်ဝန်းတွေက ယခုအခါ စိတ်ပျက်မှုများဖြင့်သာပြည့်နှက်လျှက်။ရှန်သိုက်က သူ့ကိုဘာလို့ဒီလိုမျိုးကြည့်နိုင်ရတာလဲ?

ဖိအားကို ပိုပြီးခံစားရလေလေ၊သူ၏ကိုယ့်ကိုယ်ကို ကာကွယ်သည့်စိတ်က ပိုပြီးအသက်ဝင်လေဖြစ်သည်။သူ့ရဲ့ပင်ကိုဗီဇက သူ့ကိုစိတ်မသက်မသာဖြစ်စေသည့်အရာများအားလုံးကို တိုက်ခိုက်မှုတစ်ခုအဖြစ် သတ်မှတ်ပြီး ပြန်လည်တိုက်ခိုက်ရန်တွန်းအားပေးမည်ဖြစ်သည်။သူ ရှန်သိုက်၏ ပိန်ပါးသည့်မေးရိုးကိုဆွဲမက အေးစက်စွာဖြင့်"ငါမင်းကို ရှင်းရှင်းလင်းလင်းပြောပြီးသွားပြီ။ငါမင်းကိုထပ်မေးမယ်။မင်း ငါ ပြောတာကို နာခံမှာလား၊မနာခံဘူးလား?"

ရှန်သိုက်သူ့ကို မျက်ရည်အပြည့်ဖြင့်ကြည့်ရင်း"ငါ့ကလေးကိုမွေးမှာ"သူက ငါ့ကလေးဆိုသည့်စကားလုံးကို ဖိပြောလိုက်သည်။ထိုစကားလုံးက ချွီမော့ယွီ၏ နှလုံးသားကို ဓားနှင့်လှီးလိုက်သလိုပင်။သူတို့နှစ်ယောက်ကြား အကွာအဝေးက ပိုပြီးသိသာလာသည်။ ကလေးကိုမလိုချင်တဲ့လူက ဖခင်ဖြစ်ဖို့မထိုက်တန်ဘူးလို့ဆိုလိုတာမှန်း ချွီမော့ယွီနားလည်လိုက်သည်။ဆိုတော့ ဒါကရှန်သိုက်တယောက်ထဲရဲ့ ကလေးပေါ့။

ချွီမော့ယွီက ပြတ်သားစွာဖြင့်"မင်းဘာလိုချင်တာလဲ?မင်းလိုချင်တာ ပွင့်ပွင့်လင်းလင်းပြောလိုက်စမ်းဘာ။ငါ့သည်းခံနိုင်မှုက အတိုင်းအတာရှိတယ်ကွ"

ရှန်သိုက်နှုတ်ခမ်းကိုကိုက်လိုက်သည်။ကြေကွဲဝမ်းနည်းနေပေမယ့် သူ့ဆုံးဖြတ်ကခိုင်မာသည်"ငါ ကလေးကိုပဲမွေးမှာ"

Alpha Predator (mm translation)Where stories live. Discover now