Chapter60(လူတိုင်းရှေ့ဆက်လျှောက်ရမှာပဲ)

298 47 14
                                    

ညစာစားပြီးနောက် ရှောင်တယ် မီးဖိုချောင်တွင် သန့်ရှင်းရေးလုပ်နေစဉ် ရှန်သိုက်နှင့် ပိုင်ရှန်းဝမ်က ချိုးချိုးနှင့် ကစားနေကြသည်။

ရှန်သိုက်သည် ချိုးချိုး နေ့ဘက်တွင် အလွန်အကျွံအိပ်ပါက ညဘက်တွင်မအိပ်ပဲနေမည်ကို စိုးရိမ်သည်။ ထို့ကြောင့် သူ့ကို နှိုးလိုက်၏။ ကလေးလေးသည်မကြည်မလင်နှင့် အကြိမ်အနည်းငယ်အော်လိုက်သော်လည်း ပိုင်ရှန်းဝမ် ၏ လက်များကြားချီပွေ့ခံလိုက်ရပြီးနောက်တွင်မူ ထူးခြားစွာပင် စိတ်ဆိုးသည့်အမူအရာမရှိတော့ပေ။ သူက ပိုင်ရှန်းဝမ် ရဲ့ အင်္ကျီကြယ်သီးကို ဖမ်းကိုင်လိုက်ပြီး စိတ်ဝင်တစားကစားနေ၏။

"သူက ခင်ဗျားကို ကောင်းကောင်း မှတ်မိနေပြီး ခင်ဗျားနဲ့ဆိုအေးအေးဆေးဆေးပဲ" ရှန်သိုက်က ကူကယ်ရာမဲ့စွာပြောလိုက်၏။

ပိုင်ရှန်းဝမ် ချိုးချိုး၏ နူးညံ့သော မျက်နှာလေးကိုဆွဲပြီး လက်မနှင့်လက်ညိုးဖြင့် ညင်သာစွာ ဖျစ်လိုက်ကာ"သူက ငါ့ဖယ်ရိုမုန်းကို ကြိုက်တယ်လေ" လို့ ပြုံးပြုံးလေး ပြောလိုက်၏။

ချိုးချိုးက သဘောတူသည့်အမူအရာဖြင့် ခေါင်းကို မြှောက်ကာ စပ်ဖြဲဖြဲလေးပြုံးပြသည်။

ပိုင်ရှန်းဝမ်ရဲ့ ဖယ်ရိုမုန်း က elm ရနံ့ဖြစ်၏။ ဤအပင်၏ အသီးကို အာရုံကြောများသက်သာစေရန် ဆေးအဖြစ်အသုံးပြုသည်။ သစ်သားရနံ့ရှိသော်လည်း ခါးသက်သက်မရှိချေ။ ထိုအစား ပိုင်ရှန်းဝမ်ကဲ့သို့ပင်နေရောင်ခြည်ကဲ့သို့နွေးထွေးပြီး တက်ကြွမှုအပြည့်ရှိသည့်ရနံ့ရှိသည်။ ဒီလူက လက်တွေ့ကျပြီး အစွမ်းထက်ကာ ချိုးချိုးက သူ့ကိုသဘောကျတာ အံ့သြစရာမရှိချေ။

လတ်တလောတွင် ချိုးချိုးသည် တဖြည်းဖြည်း ရုပ်ပြောင်းလာသည်။ သူမွေးကာစတုန်းကလို အားနည်းပြီးရှုံတွကာသေးငယ်တဲ့ အသွင်အပြင်နဲ့တခြားစီပင်။ သူ့မျက်လုံးတွေကဝိုင်းစက်ပြီး နှာခေါင်းက ဖြောင့်စင်းကာ အသားအရည်က ဖြူဖွေးပြီး နူးညံ့၏။ ပြီးတော့ သူ့ခေါင်းတွင် ဆံပင်ပွပွလေးအနည်းငယ်ရှိ၏။ ကလေးသည် အံ့သြဖွယ် ကြည့်ကောင်းလှ၏။ ဘယ်ရှုထောင့်ကကြည့်ကြည့် လှ၏။ ကလေးထုတ်ကုန်ကြော်ငြာများတွင် ပေါ်လာသည့် လှပသည့် ကလေးလေးမျိုးနှင့်တူပေသည်။ သူ့ကိုမြင်ဖူးသူတွေကတော့ရှန်သိုက် နဲ့တူတယ်လို့ပြောကြပေမယ့် ရှန်သိုက်ကတော့ဘယ်လိုပဲဖြစ်ဖြစ် ချွီမော့ယွီနဲ့ ပိုတူသည်လို့ ထင်သည်။ ဒါက စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတစ်ခုကြောင့်လားဆိုတာ သူမသိပေ။

Alpha Predator (mm translation)Where stories live. Discover now