Chapter 84(မကောင်းဘူးလားဟင်)

502 72 6
                                    

ရှန်သိုက်သည် ရှန်ကျိုး ရုံးချုပ်အဆောက်အအုံနှင့် ဆန့်ကျင်ဘက်ရှိ ကော်ဖီဆိုင်တွင် ထိုင်နေပြီး သူ့ဆရာနှင့် ချိန်ကျစ်မေ့ကို စောင့်နေသည်။
နံနက်ခင်းစကားများကြသည့်ပွဲ၌ ချွီမော့ယွီက တံခါးကို ဆောင့်ပိတ်ကာ ထွက်သွားခြင်းနှင့်အဆုံးသတ်သွား၏။ ဒါပေမယ့် သူ့စိတ်ခံစားမှုတွေက မုန်တိုင်းဗဟိုမှ ဘယ်တော့မှ မထွက်သွားခဲ့ပေ။ချွီ ၏အိမ်သို့ပြန်ရန်အတင်းအကြပ်ခိုင်းစေခံခဲ့ရသည့်အချိန်မှစ၍ သူ၏စိတ်နှင့်ခန္ဓာကိုယ်နှစ်ခုလုံးသည် ရွှံ့နွံထဲတွင်နစ်မြှုပ်နေပြီဟုဆိုရပေမည်။ ရုန်းကန်လေလေ နစ်မြုပ်လေလေပင်။
ဒီနေ့ သူ့အနေနှင့်ဘယ်သူနဲ့မှ တွေ့ဖို့ မသင့်တော်ပေ။ သို့သော်သူသည် ဆရာ၏ လမ်းညွှန်မှုကိုယူရန် စာတမ်းကို ပို့ပြီးသည့်နောက် ဆရာက သူ့ကိုတွေ့ရန်ချိန်းဆိုသည်။ ဆရာသည် သူ၏အချိန်ကိုဖြုန်းရန် အကြောင်းမရှိသောကြောင့် ချိုးချိုးကို ကလေးထိန်းထံသို့ လွှဲပြောင်းပေးပြီးနောက် အမြန်ထွက်လာခဲ့သည်။
သူအဲဒီမှာထိုင်ပြီး လက်နဲ့ကြိတ်ထားတဲ့ကော်ဖီတစ်ခွက်ကို ဖြည်းဖြည်းချင်းအရသာခံရင်း ရုံးဝန်ထမ်းများသည် ကြမ်းပြင်မှ မျက်နှာကြက်ထိကျယ်ပြန့်သည့်မှန်တံခါးများအား တက်သုတ်ရိုက်ဖြတ်သွားနေသည်ကို သူကြည့်ရင်း သူ့အတွက် ကလေးပြုစုပျိုးထောင်ရတဲ့ ဝန်ထုပ်ဝန်ပိုးကို ခွဲဝေယူပေးမည့်တစ်စုံတစ်ယောက်ယောက်ရှိခြင်း၏ အကျိုးကျေးဇူးများကို သူနားလည်လိုက်၏။
လျိုစီနှင့် ချိန်ကျစ်မေ့ရောက်ရှိလာသောအခါ ရှန်သိုက်မတ်တပ်ထရပ်ပြီး ရိုးသားသောအပြုံးကို ပြသ၏။
လျိုစီ၏ မျက်လုံးများသည် ခံစားချက်မျိုးစုံဖြင့် ရောထွေးနေ၏ "ထိုင်ပါ"
လူသုံးယောက်... ဆရာကြီးနှင့် အလုပ်သင်များ ထိုင်နေကြသည် ။ ဘယ်သူကမှ အရင်စပြီး စကားမပြောကြပေ။တိတ်ဆိတ်မှုသာ လေထဲတွင် စီးမျောနေသည်။
ချိန်ကျစ်မေ့သည် လေထုကို သည်းမခံနိုင်တော့ဘဲ စိတ်ပေါ့ပါးဟန်ဆောင်ကာမေးလိုက်သည်။ "ချိုးချိုးအဆင်ပြေရဲ့လား?"
"အဆင်ပြေပါတယ်။ သူက နည်းနည်းပိုထွားတယ်။"
"သူက လတိုင်း ဒီလိုပဲ"လျိူစီက ခပ်ဖွဖွ ချောင်းဟန့်လိုက်ပြီး "အခု သူ့ကို ဘယ်သူထိန်းပေးလဲ"
" ကလေးထိန်းရှိပါတယ်။" ရှန်သိုက်က သူတို့မေးချင်တာကို သိသည့်အတွက် သူပဲဦးအောင်ဖြေလိုက်သည်။ "ချွီမော့ယွီငှားထားတဲ့ ကလေးထိန်းပါ။ ကျွန်တော်အခု ချွီအိမ်မှာနေနေတယ်" 
နောက်ထပ် တဒင်္ဂခန့်တိတ်ဆိတ်သွားပြန်၏။
ရှန်သိုက်သည် သူတို့၏ကသိကအောက်ဖြစ်မှုကို ကောင်းစွာနားလည်သည်။ ချွီမော့ယွီနှင့်သူ၏ဆက်ဆံရေးအပြင်၊ သူနှင့် ချိုးချိုး၏အနေအထားနှင့်ပတ်သက်၍၊ ဤအရာများသည် ဆွေးနွေးလို့ကောင်းသည့်အကြောင်းအရာများမဟုတ်ပေ။ ဤအကြောင်းများကိုပြောထွက်ဖို့မလွယ်ပေ။ ဒါပေမယ့် သူ့ဆရာနဲ့ သူ့သူငယ်ချင်းက သူ့ကို ဂရုစိုက်တာကြောင့်  သူ့ဘက်ကစတင်ပြီး ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းပြောပြလိုက်သည်က ပိုကောင်း၏။ "ကျွန်တော်က မူလက စီနီယာအစ်ကိုပိုင်ဆီမှာ အလုပ်သွားလုပ်ချင်တာ။ ဒါပေမယ့် သူက ချိုးချိုးကို ကျွန်တော်နဲ့အတူ ခေါ်သွားခွင့်မပေးဘူး။ လောလောဆယ်တော့ မြို့တော်မှာပဲနေပါ။" ရှန်သိုက်က ခေါင်းငုံ့လိုက်ပြီး "ကျွန်တော့်စာတမ်းကိစ္စ......"
"ဒါဆို အလုပ်ပြန်လုပ်" လျိုစီက ပြောသည်။
“ရှန်သိုက် မင်းရဲ့ SCI စာတမ်းမှာ တိုးတက်ဖို့နေရာအများကြီးလိုသေးတယ်။ မင်းမှာကောင်းမွန်တဲ့ လက်တွေ့စမ်းသပ်တဲ့နေရာတစ်ခုရှိလျှင်  ပိုမိုခိုင်မာတဲ့ဒေတာကို ရှာဖွေနိုင်မယ်။ အခုက မင်းက ငါမျှော်လင့်ထားတဲ့ အဆင့်ကို မရောက်သေးဘူး။ မင်းပြန်လာပြီး တိုးတက်အောင်လုပ်သင့်တယ်"
"..." ရှန်သိုက်၏နှုတ်ခမ်းများသည် တဆတ်ဆတ်တုန်သွားသည်။ သူချစ်သောအသက်မွေးဝမ်းကြောင်းအလုပ်ကို ပြန်မသွားချင်ပဲဘယ်ရှိပါ့မလဲ။သို့သော် သူ့ဘဝတခုလုံးကပျက်စီးနေပြီးဖြစ်ကာ ကူကယ်ရာမယ့်ဖြစ်နေပြီ။ “ကျွန်တော်မသိဘူး... ဘယ်လိုပြန်သွားရမလဲဆိုတာ"
"ဘယ်လိုပြန်သွားရမလဲ။ ပုံမှန်အတိုင်းပြန်သွားလိုက်ပါ။” လျိုစီက သဘာဝကျကျပြော၏“မင်းရဲ့နုတ်ထွက်စာကို အတည်မပြုရသေးဘူး။ မင်းက ရှန်ကျိုးသုတေသနအင်စတီကျူရဲ့ဝန်ထမ်းဖြစ်နေတုန်းပဲ။ ဖျားနာရာကနေ အနားယူပြီး အခုမင်း သက်သာလာပြီ။ ဒါကြောင့် မင်းပြန်လာတယ်။ဒါပဲလေ"
ချိန်ကျစ်မေ့ဘက်မှ ခပ်သွက်သွက်ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်။ နေမကောင်းလို့ အနားယူပြီး အလုပ်ပြန်ဆင်းတာ ကျိုးကြောင်းဆီလျော်တယ်။"
ရှန်သိုက်က အလွန်စိတ်လှုပ်ရှားသွား၏။ ချွီမော့ယွီရဲ့ ဖိအားအောက်မှာ သူတို့က သူ့ကို တတ်နိုင်သလောက်ကူညီပေးခဲ့သည်။ သူ့ကို ဘယ်တော့မှလက်မလျော့ခဲ့။ သူကိုယ်တိုင်ကရောလက်လျော့စရာလား။ သို့သော် ဒါကသူတွေးထင်သလိုရိုးရှင်းပါ့မလား။
လျိုစီသည်   ရှန်သိုက်ကို တည်ငြိမ်ခိုင်မာသော မျက်လုံးများဖြင့် ကြည့်ကာ "အားသိုက်၊ မင်း အခု ကလေးမွေးပြီးပြီ၊အလုပ်ပြန်ဆင်းဖို့ အချိန်တန်နေပြီ။ဘာပဲဖြစ်ဖြစ်၊ မင်းရဲ့အသက်မွေးဝမ်းကြောင်းက မင်းပိုင်တဲ့အရာပဲ။ မင်းလက်မလျော့သင့်ဘူး"
“ဟုတ်ကဲ့။”
"မစ္စတာချွီနဲ့ မင်းရဲ့ဆက်ဆံရေးအကြောင်း မေးဖို့ ခက်တယ်။ ပြီးတော့ မင်း အရမ်းစိတ်ရှုပ်ပြီး အားကိုးရာမဲ့ဖြစ်နေတယ်ဆိုတာ ငါခန့်မှန်းလို့ရတယ်။ ဒါကြောင့် ရှေ့လမ်းခရီးကို ရှင်းရှင်းလင်းလင်း ကြိုတင်မမြင်နိုင်ရင် လမ်းကို အရင်လျှောက်လိုက်။မင်းလုပ်စရာရှိတာကိုလုပ်၊ သူများတွေရဲ့အမြင်ကို ဂရုမစိုက်နဲ့။"
ချိန်ကျစ်မေ့က "အားသိုက် စိတ်ဖိစီးမှုတွေသိပ်အများကြီး မထားပါနဲ့။ ဆရာပြောတာမှန်တယ်။ အလုပ်ကိုပြန်လာပြီး စာတမ်းရေးရမယ်။ ဘဝမှာ ပြဿနာအားလုံးကို တစ်ခါတည်း မဖြေရှင်းနိုင်ဘူး။ မင်းလက်ရှိလုပ်နိုင်တာကိုပဲ အရင်လုပ်ရမယ်။"
ရဲစွမ်းသတ္တိတစ်ခုက ရှန်သိုက်ရဲ့ရင်ဘတ်ထဲသို့တိုးဝင်လာ၏။ သူ့အသက်မွေးဝမ်းကြောင်းအလုပ်မှာမြှုပ်နှံထားတဲ့သူ့ရဲ့အတိတ်ကပုံရိပ်များကို တရက်မှမေ့မရပေ။သူ့မှာကိုယ့်ကိုယ်ကိုယုံကြည်ချက်၊စံသတ်မှတ်ချက်၊ရည်မှန်းချက်များရှိဆဲဖြစ်သည်။ သူ့ဘဝက မျှော်လင့်ချက်နဲ့ပြည့်နေသည်ဟုခံစားရ၏။ ချွီမော့ယွီတည်ဆောက်ထားတဲ့ လှောင်အိမ်ထဲမှာ စိတ်ရောလူပါ ပိတ်မိနေတာမျိုးတော့ မဟုတ်။နာကျင်မှုနှင့်မကျေမချမ်းဖြစ်မှုများကသာ သူ့ကိုလွှမ်းမိုးနေခြင်းဖြစ်၏။
သူတစ်နေ့ ချိုးချိုးကိုခေါ်သွားဖို့အခွင့်အရေးရရင်တောင် အနည်းဆုံး အလုပ်တစ်ခုတော့သူ့မှာရှိနေရမည်။
ရှန်သိုက်၏ဒူးပေါ်မှလက်ကို တိတ်တဆိတ်ဆုပ်လိုက်ပြီး ခေါင်းကိုခပ်သွက်သွက်ညိမ့်ပြလိုက်သည်။“ဆရာ၊ ကျေးဇူးတင်ပါတယ်ဆရာ။ "

လျိုစီက ရှန်သိုက်ရဲ့ ပုခုံးကို ပွတ်သပ်ရင်း "အားသိုက်၊ မင်းဟာ ကြံ့ခိုင်ထက်မြက်ပြီး အလုပ်ကြိုးစားသူတစ်ယောက်ပဲ။ မင်းရဲ့ဘဝကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင်ဆွဲတင်နိုင်မယ်လို့ ဆရာယုံကြည်တယ်။"
ရှန်သိုက်က အားတင်းပြုံးပြီး "ကျွန်တော် ဆရာ့ကို စိတ်မပျက်စေရပါဘူး"
ရှန်သိုက်သည် ချွီ၏အိမ်သို့ပြန်ရောက်သောအခါ အန်တီလန်နှင့် ကလေးထိန်းသည် ချိုးချိုးကိုတွန်းလှည်းထဲ၌ထည့်တွန်းပြီး ပန်းဥယဉ်ထဲတွင်လမ်းလျှောက်နေကြသည်။ မူလက နေ့ခင်းဘက်ထွက်သွားရင် ချိုးချိုးငိုမှာကို သူစိုးရိမ်ခဲ့သည်။ ဒါပေမယ့် ရလဒ်အနေနဲ့ ချိုးချိုးဟာ သူ့ရဲ့ စားသောက်မှု၊ အိပ်စက်မှု၊ ကစားမှုတွေမှာ ဘာမှ မနှောင့်နှေးပေ။ ပြီးတော့ သူ ငိုပင်မငိုချေ။ ရှန်သိုက်သက်သာရာရသွားသော်လည်း အနည်းငယ် စိတ်ပျက်သွားသည်။
ချိုးချိုးသည် ပတ်ဝန်းကျင်အသစ်နှင့် အလွန်လျင်မြန်စွာ လိုက်လျောညီထွေဖြစ်ပြီး အခြားသူများ၏ ဂရုစိုက်မှုကို လက်ခံနိုင်သည်ကို တွေ့ရသဖြင့် ၎င်း၏ ကလေးပြုစုပျိုးထောင်မှုအပိုင်းမှ သက်သာရာရပြီး အလုပ်ထွက်လုပ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ သို့သော် သူ ချွီမော့ယွီကို မပြောရသေးပေ။ ချွီမော့ယွီမည်ကဲ့သို့ တုံ့ပြန်မည်ကိုမူ မသိပေ။
တကယ်တော့ ဒီနေ့ ချွီမော့ယွီက'လက်ထပ်မယ်' ဆိုတဲ့ စကားလုံးကို ပြောလာသည့်အခိုက်အတန့်တွင် သူ စိတ်လှုပ်ရှားသွား၏။ အချိန်ခဏလောက်သာဆိုပေမယ်လို့ပေါ့။ အဲဒါတစ်ချိန်က သူ စိတ်ကူးယဉ်တမ်းတခဲ့တဲ့ အချိန်အခိုက်အတန့်ပါပဲ။ အခုချိန်မှာအဲ့ဒါကို မလိုချင်တော့ရင်တောင်မှ။ ချွီမော့ယွီနှင့် အကျောက်အကန်ယှဉ်ပြိုင်ရမှုသည် မည်မျှကြာမည်ကို သူမသိပေ။ သူ့အတွက် တစ်နှစ်ကျော် အချိန်ယူခဲ့ရပြီး သူ့အတွက် ချွီမော့ယွီ ယူဆောင်လာခဲ့သည် အရှက်တရားနှင့် နာကျင်မှုများကို မဖယ်ရှားနိုင်သေးပေ။ အခုလည်း သူ့ကိုထပ်မံတွန်းအားပေးခံနေရပြန်ပြီ။ အရင်တုန်းကမဒမ်ချွီ က သူ့ကို အသူရာချောက်ထဲကနေ လွတ်မြောက်အောင် ကူညီပေးခဲ့ပေမယ့် အခုချိန်မှာတော့ ကယ်တင်နိုင်တဲ့ တစ်ဦးတည်းသော သူမှာ သူကိုယ်တိုင်သာဖြစ်မှာကို စိုးရွံ့မိပါ၏။
ချွီမော့ယွီက ညစာစားချိန်အထိ ပြန်ရောက်မလာခဲ့။ရှန်သိုက်အိပ်ရာဝင်တဲ့အထိလဲ ပြန်ရောက်မလာချေ။ သူ့တကိုယ်လုံး အရက်နံ့များမွှန်ထူလျက် ပြန်လာ၏။
ရှန်သိုက် ခေါင်းအုံးထဲမျက်နှာအပ်ထားကာ စကားတလုံးမှမဆိုပဲအိပ်ချင်ယောင်ဆောင်နေ၏။
ချွီမော့ယွီက ကုတင်ပေါ် လျှောက်သွားပြီး ရှန်သိုက်ရဲ့ ဆံပင်တွေကို သူ့လက်နဲ့ ညင်ညင်သာသာ ပွတ်သပ်လိုက်၏။ ထို့နောက် ထကာ ရေချိုးခန်းသို့ သွားသည်။
ရှန်သိုက်သည် ခြေသံ၊ တံခါးပိတ်သံ နှင့် ရေသံကို နားထောင်နေသည်။ အမှောင်ထဲတွင် သူသည် ချွီမော့ယွီ၏ ခြေလှမ်းတိုင်းကို သူ့နားဖြင့် ပိုင်းခြားသိမြင်နိုင်သည်။ သူ အိပ်ပျော်ဖို့ မဖြစ်နိုင်တော့ချေ။
ချွီမော့ယွီရေချိုးခန်းထဲက ထွက်လာ၏။ သူသည် ထူထဲသော ကော်ဇောပေါ် ဖြတ်လျှောက်လာရာ ဘာသံမှ မကြားရသလောက်ပင်။ သို့သော် မမြင်နိုင်သော ဖိနှိပ်မှုသဘောက ချွီမော့ယွီ၏ ချဉ်းကပ်လာမှုကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်စေသည်။ စောင်ကိုမပြီး လှဲအိပ်လိုက်သည်။ ရှန်သိုက်၏ခါးကိုဆွဲဖက်ကာ အိုမီဂါကို သူ့ရင်ခွင်ထဲသို့ဆွဲသွင်းကာ တီးတိုးဆို၏ "မင်းနိုးနေတယ်ဆိုတာ ကိုယ်သိတယ်။ ဟန်ဆောင်နေတာကို ရပ်လိုက်"

ချွီမော့ယွီရဲ့ ခန္ဓာကိုယ်မှာ အရက်နံ့ခပ်ဖျော့ဖျော့စွဲကျန်နေ၏။ ၎င်းကို စန္ဒကူးသစ်သား၏ အေးမြသော အနံ့နှင့် ရောစပ်ထားသည်။ ယင်းတို့သည် ခက်ထန်မှု၊ ဆင်ခြင်မြော်တွေးမှု၊ အေးမြမှုတို့ဖြင့် ပေါင်းစပ်ကာထူးခြားသောလေထုကိုဖြစ်တည်စေကာ အမှောင်ထုနဲ့ ပေါင်းစပ်ရင်း ရှန်သိုက်ကို လုံးလုံးလျားလျား လွှမ်းခြုံထားသလိုပင်။

"ဒီနေ့လည် ဘယ်ကိုသွားတာလဲ"
ချွီမော့ယွီသည် ရှန်သိုက်၏ ညဝတ်အင်္ကျီ ထဲသို့ သူ့လက်ကိုထည့်လိုက်သည်။
အေးစက်သောလက်က ရှန်သိုက်ကိုတုန်လှုပ်သွားစေ၏။
"ငါ ဆရာနဲ့တွေ့ခဲ့တာ "
“မင်းဆရာက ဘာပြောလိုက်လဲ"
ရှန်သိုက် တုံ့ဆိုင်းလျက်ဖြေသည်။
"သူက ငါ့ကို အလုပ်ပြန်လုပ်စေချင်တယ်"

“ဟုတ်ပြီ မင်းကိုယ့်ကိုမထားခဲ့သရွေ့ မင်းလုပ်ချင်တာလုပ်လို့ရတယ် " ချွီမော့ယွီသည် နှာခေါင်းဖျားကိုရှန်သိုက်၏ဂလင်းပေါ်တွင်တင်ကာ စွဲမက်စွာဖြင့်ရှုရှိုက်လိုက်ပြီး "အားသိုက်မင်းအနံ့လေးကအရမ်းကောင်းတာပဲကွာ"
ရှန်သိုက်သည်ချွီမော့ယွီ၏ alpha ဖီရိုမုန်း များကျူးကျော်ဝင်ရောက်လာမှုကို မရပ်တန့်နိုင်ပေ။ ဤအနံ့သည် ဆွဲဆောင်မှုရှိပြီး လျှို့ဝှက်ဆန်းကြယ်ပေ၏။ alphasသည်ပိုပြီးသန်မာလေလေ  ၄င်း၏ဖီရိုမုန်းသည် အဆုံးမရှိသော စိတ်ကူးယဉ်မှုအိမ်မက်များကို ဖြစ်စေနိုင်လေလေပင်။ လိင်ပိုင်းဆိုင်ရာစွဲမက်မှုသာမက အချစ်,ချောမောလှပမှု,ထိန်းချုပ်နိုင်စွမ်းနှင့်အာဏာတို့သည်လည်းစွဲမက်ဖွယ်ပင်ဖြစ်၏။S-class alphas သည် ကမ္ဘာပေါ်တွင် ထိပ်ဆုံးမှရပ်တည်ရသည့် အကြောင်းရင်းမှာ ၎င်းတို့သည် ဤအရာများအားလုံးပိုင်ဆိုင်ကာ မွေးဖွားလာပြီး ၎င်းတို့၏ဖီရိုမုန်းများကိုအသုံးချကာ အိပ်မက်တွေကို တခြားသူတွေဆီ သွတ်သွင်းပေးနိုင်၏၊
ရှန်သိုက်က သူ့ကိုယ်သူ ပြင်းပြင်းထန်ထန်လိမ်ဆွဲလိုက်ပြီး နာကျင်မှုကို တည်ကြည်လေးနက်မှုနှင့် လဲလှယ်ရန် ကြိုးစားနေရသည်။ ချွီမော့ယွီ၏လက်ချောင်းများက သူ့မှတ်ဉာဏ်ထဲရှိရှန်သိုက်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကိုလိုက်စမ်းနေကာ ဝမ်းဗိုက်အောက်ပိုင်းရှိ ဗိုက်ခွဲမွေးထားသည့်နေရာမှကျန်ခဲ့သော အမာရွတ်ကို တွေ့ရှိခဲ့သည်။ သူသည် အမာရွတ်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
ရှန်သိုက်၏ ခန္ဓာကိုယ်တောင့်တင်းသွားသည်။

"အဲ့ဒါနာလားဟင်?" ချွီမော့ယွီသည် ရှန်သိုက်၏နားနားကပ်ခါ မေးလိုက်သည်။ သူအနားတွင်မရှိခဲ့သည့်အချိန်က ရှန်သိုက်သည် မည်မျှနာကျင်ပြီး အားကိုးရာမဲ့နေမည်နည်းဟု တွေးလိုက်မိသည်။ ရှန်သိုက်ဖြတ်ကျော်ခဲ့ရသည်များကို သူတွေးလိုက်မိသောအခါတွင်  ကြီးမားသော အပြစ်ရှိစိတ်ကဝင်ရောက်လာသည်။ သူ၏ပျက်ကွက်မှုကြောင့် ရှန်သိုက်သည်ခွဲစိတ်မှုခံယူကာမွေးဖွားခဲ့ရသည်မှာ သိသာထင်ရှားပေ၏။အယ်ဖာ ဖီရိုမုန်း ၏ ပံ့ပိုးထောက်ပံ့မှုမရှိပဲ သဘာဝအတိုင်းမွေးဖွားခြင်းသည်အိုမီဂါအတွက်အလွန်အန္တရာယ်များသည်။

ရှန်သိုက်က မဖြေ။ နာကျင်ခဲ့တာတော့ ဟုတ်သည်။ ဒါပေမယ့် သူ့ကို ထုံဆေးပေးထားခဲ့သည်လေ။

"နောင်ကို မင်းကို ထပ်မနာကျင်စေရဘူး။ မင်းအတွက် အကောင်းဆုံး ဆရာဝန်နဲ့ သူနာပြုတွေကို ကိုယ်ရှာပေးမယ်။ ပြီးတော့ မင်းရဲ့အနားမှာကိုယ် အမြဲရှိနေမှာပါ" ချွီမော့ယွီ၏နှုတ်ခမ်းများသည် ရှန်သိုက်၏နားကိုထိလုနီးပါး "အားသိုက် ကိုယ် မင်းကို ထပ်ပေးမယ်။ ကိုယ်တို့ သားသမီးထပ်ယူကြမယ်။" ဤစာကားများကိုသူပြောနေစဉ် သူ၏အသံမှာ နှာသံထွက်နေကာ အလွန်မူးနေပုံရ၏။

ရှန်သိုက်သည် သူ့တင်ပါးကိုထိေနသည့်အနောက်ဘက်ရှိ 'အရာ' သည် ပိုကြီးလာပြီး ပိုမာလာသည်ကို ခံစားလိုက်ရပြီးနောက် ဦးရေပြားထုံလာသည်။ သူထိတ်လန့်စွာ ရုန်းကန်လိုက်သည်။
"မလှုပ်နဲ့။" ချွီမော့ယွီသည် ရှန်သိုက်၏ခါးကို တင်းကျပ်စွာ ဖက်ထားသည်။ သူသည် နာကျင်မှုကို သည်းခံကာ ရှန်သိုက်၏တင်ပါးအား သူ့ဒစ်ဖြင့် အကြိမ်အနည်းငယ်ခန့်တိုးတိုက်လိုက်၏။သူ့ဘဝတွင် ဤမျှလောက် ဝမ်းနည်းကြေကွဲမှုမျိုး တစ်ခါမှ မခံစားဖူးပေ။သူအံကြိတ်ကာပြောသည်"မင်းနောက်တစ်ခါ ထပ်ရွှေ့ရင် ကိုယ်မင်းကို အခုချက်ချင်း ဖာခ့် ပြီး ကိုယ်ဝန်လွယ်ရအောင်လုပ်ပစ်မယ်" ။

ရှန်သိုက်က တကယ်ကို မလှုပ်ရဲတော့။ သူ့လက်က စောင်ကို ထိတ်လန့်စွာ ဆုပ်ကိုင်ထားသည်။

ချွီမော့ယွီ၏ အသက်ရှုသံသည် ပို၍ လေးလံလာသည်။ သူက မျက်လုံးမှိတ်ပြီး ရှန်သိုက်ကို သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်ထားသည်။ကုမုဒြာကြာပန်းရဲ့ ရနံ့က သူ့အိပ်မက်တွေကို စွဲလန်းစေ၏။ သူ အရက်မူးနေပြီး သူ့ဆန္ဒက ပုံမှန်ထက် ပိုပြင်းပြနေသည်။ သူလုပ်ချင်တာကို လုပ်နိုင်စွမ်းရှိ၏။ သို့သော် သူသည် ချုပ်ထိန်းမှုကိုသာ ရွေးချယ်ဆဲဖြစ်သည်။
ခဏအကြာတွင် ချွီမော့ယွီသည် သူ၏ အလိုအဆန္ဒတို့ကို ဖိနှိပ်လိုက်သည်။ ရှန်သိုက်၏ဂလင်းကို နမ်းလိုက်သည်"ကိုယ်တကယ်ပြောတာ။ ကိုယ်တို့မှာ ချိုးချိုးတစ်ယောက်တည်းတင်မကဘူး။ မင်းနဲ့တူတဲ့ အိုမီဂါလေးရှိရင် ပိုကောင်းမယ်"

ရှန်သိုက်သည် နားကိုပိတ်ထားလို့မရသဖြင့်မျက်လုံးများကိုသာ တင်းတင်းမှိတ်ထားသည်။ ဤအခိုက်အတန့်တွင် သူသည် သူ့အာရုံများအားလုံးကို ပိတ်ပစ်ကာ ချွီမော့ယွီနှင့်ဆိုင်သော အရာအားလုံး သူ့အား မကျူးကျော်လာစေရန် တားဆီးလိုသည်။

"ကိုယ်တို့လက်ထပ်ကြမယ်။ ကိုယ်တို့မှာ မိသားစုလေးရှိမယ်။ သားသမီးတွေလည်း ရှိမယ်။ အဆင်မပြေဘူးလား" ချွီမော့ယွီ၏ အသံသည် အက်ရှလာပြီး အကြီးအကျယ်စိတ်မကောင်းဖြစ်နေမှုကိုဖော်ပြရင်း"အားသိုက် မကောင်းဘူးလားလို့"

ရှန်သိုက်၏ မျက်လုံးများ ပူနေပြီး သူ့နှလုံးသားကို တူဖြင့်ထုရိုက်ခံနေရသကဲ့သို့ပင်။နာကျင်မှုက သူ့ကို လွှမ်းမိုးလျက်။ဒါတွေအားလုံး သူဘာကြောင့် ကြားနေရတာလဲ။ ဒီလူပြောသမျှစကားတွေကိုနောက်ထပ်မယုံတော့ပေ။ ဒါပေမယ့် ဘာကြောင့် သူ့နှလုံးသားက ကျယ်ကျယ်လောင်လောင်ခုန်နေရတာလဲ။
.......

Alpha Predator (mm translation)Where stories live. Discover now