Right Now

152 14 28
                                    

"ခများနဲ့ဆက်မတွဲနိုင်တော့ဘူး ကျနော်တို့လမ်းခွဲကြမယ် "

သူတို့နှစ်ယောက်ကြားမှာလေထုကအေးစက်နေသလို အစောကမှဖျော်ထားသောကော်ဖီနှစ်ခွက်မှာလဲအေးစက်နေသယောင် အချိန်အတော်အတန်ကြာ တယောက်နဲ့တယောက်ကြည့်နေမိကြသည်

"မောင့်ဘက်က သေချာပြီလား.."

"သေချာပြီခများနဲ့တွဲရတာစိတ်မပါတော့ဘူး.."

"ကောင်းပါပြီ မောင့်သဘောပါ.."

မောင့်သဘောလို့ပြောကာသူ့ရှေ့မှထထွက်သွားသောသူအားကြည့်ကာ ထယ်ယောင်းစိတ်တိုမိသည် အမြဲတမ်းအေးစက်စက်နေတတ်တဲ့သူ တခါတရံသူတွေးမိသည် သူဘက်ကပဲတဖက်သတ်တွဲခဲ့လေသလားလို့လေ ခုလဲကြည့် လမ်းခွဲဖို့ပြောတာတောင်ဘာမှမခံစားရသလိုထထွက်သွားသေးတာ ဒီလူက အနည်းဆုံးတော့တုန်လှုပ်သွားမယ်ထင်တာ သောက်ကျိုးနည်းခုတော့ သူသာလျှင်အေးဆေးစွာလမ်းခွဲခြင်းခံလိုက်ရပြီမလား..

ကိုကို့ကိုစိတ်ကုန်နေပါပြီလို့ပြောတဲ့မောင့်ကိုသူကဘယ်စိတ်နဲ့ဆွဲထားရမှာလဲ မောင့်ကိုသူချစ်တယ်သူ့အချစ်တွေမှာအတ္တတွေမှမပါခဲ့ဘဲ မောင်လမ်းခွဲမယ်ပြောတော့သူကြည်ကြည်ဖြူဖြူပဲလမ်းခွဲပေးခဲ့သည် မောင်မပျော်တဲ့ရပ်ဝန်းမှာသူမနေစေလိုခြင်းဖြစ်သည် အဓိက မောင်ပျော်နေရင်ရပြီလေ မောင့်ရှေ့မှထွက်လာပြီးသူပြုံး‌ခဲ့သည် ထိုနေ့ကဂျောင်ကုနဲ့မောင် ကြည်ဖြူစွာလမ်းခွဲခဲ့သည်။

.....

ရေစိုနေသောဆံသားတို့အားသူခြောက်ရန် တပည့်တထည်ဖြင့်သုတ်နေမိသည်။သူ့ခန္တာကိုယ်‌ပေါ်တွင်တွဲခိုနေတဲ့ရေစက်တွေက သူ့ဝမ်းဗိုက်ရှိကြွက်သားအမြောင်းတို့ဖြင့်ပနံသင့်စွာလိုက်ဖက်လျက် စိတ်အလိုမကျမှု့ကြောင့်တွန့်ချိုးထားတဲ့မျက်ခုံးတန်းတွေ ဆွဲဆောင်မှု့ရှိတဲ့မျက်နှာအချိုးအစားနဲ့ ကင်မ်ထယ်ယောင်းဆိုတဲ့သူကSeoul တက္ကသိုလ်ရဲ့King တပါးအဖြစ်ရွေးချယ်ခံရတာလဲမမှားပေ ထိုသူကသိပ်ကိုပြည့်စုံလွန်းတာလေ အပြစ်ဟုဆိုစရာမရှိအောင်ချောမောလွန်းသည်။

"မောင် ဘာတွေစိတ်မကြည်ပြန်ပြီလဲ ခေါင်းကိုသေချာမသုတ်ဖူးကွာ.."

Right Now ( Short Story)Where stories live. Discover now