"မောင် ပြန်တော့လေ ကိုကို့အတန်းရှေ့လဲရောက်နေပြီကို..."
"ဘာဖြစ်လဲကွာ ကို့ချစ်သူရှိတဲ့နေရာကိုလိုက်တာ ဘယ်သူ့ဂရုစိုက်ရမှာလဲ .."
"မောင်နော် ခုမှပိုမနေနဲ့..."
ဂျောင်ကု အတန်းရှေ့ရောက်တာတောင် မပြန်သေးတဲ့မောင့်ကြောင့် ဂျောင်ကု ပြန်ဖို့ပြောရသည် သူ့စကားကိုအလေးမထားသောမောင်က သူ့သဘောအတိုင်းသာ မပြန်သေးပဲပေကပ်နေသေးသည် ဂျောင်ကု မျက်စောင်းလေးထိုးတော့ မောင့်မျက်နှာက ရယ်ကျဲကျဲ ...
"ကိုကို နဂါးပေါက်လေးလား မောင့်နှလုံးသားလေးပြာကျနေပြီဗျ ချစ်စရာကောင်းလိုက်တာကွာ မွ..."
"ပြောလေဆိုးလေမောင်ကွာ သူများတွေဝိုင်းကြည့်နေပြီ .."
ထယ်ယောင်း သူ့ကိုကိုလေး ပါးလေးအား အသည်းယားစွာနမ်းလိုက်တော့ မျက်နှာလေးနီကာထယ်ယောင်းအားအပြစ်တင်နေသေးသည်။
"ကြည့်ပါစေ ကင်မ်ဂျောင်ကုကမောင့် အပိုင်သူတို့မထိရဲအောင် လာပါအုံးမောင့်ရင်ခွင်ထဲ.."
"အင့် ... မောင်ခုလိုအဆိုးလေးလုပ်နေပုံနဲ့ဒီနေ့ ကိုကိုအတန်းတက်ရအုံးမှာလား .."
"မတက်နဲ့တော့ မောင်တို့ပြန်ကျမယ်လေ..."
"ဟွန့် မောင်နော်စာမေးပွဲပဲဖြေရတော့မယ် ဘာဖြစ်ချင်နေတာလဲကိုကို စာတွေမရပဲနေမှာ..."
ဂျောင်ကု မောင့်ရင်ဘတ်လေးအား လက်သီးဆုပ်သေးသေးလေးဖြင့် ထုကာ ဆုံးမရသေးသည် အဲ့ကလေးက တကယ်ဆိုးနေတာ ခုလဲ သူ့ကိုဖက်ထားတာ လွှတ်ပေးမယ့်ပုံမပေါ် ဂျောင်ကုအတန်းဘယ်လိုတက်ရမယ်လဲလို့ ဟူးး တကယ်ပါ မောင်တယောက်နဲ့သူခေါင်းကိုက်ရပါသည်။
"ကိုကိုကွာ မောင်ကချစ်လို့ကို.."
"ချစ်တယ်ဆိုလဲ ကိုကို့ကိုဖက်ထားတာလွှတ်တော့ အပြန်ကျလဲတွေ့ရမှာ မောင့်အတန်းကိုပြန်တော့စာမသင်တော့ဘူးလား မောင်..."
"အွန်းပါ မောင်ပြန်မှာပါ ကိုကိုရဲ့ ခနလေးဒီအတိုင်းငြိမ်ငြိမ်လေးနေပေး.."
"ပြောမရလဲ မောင့်သဘောကွာ..."
နောက်ဆုံးဂျောင်ကုကသာအရူံးပေးကာ မောင့်ရင်ခွင်ထဲ့ငြိမ်ငြိမ်လေးနေပေးရသည် ခနကြာမောင်က သူ့ကိုဖက်ထားရာမှလွှတ်ပေးသည်
![](https://img.wattpad.com/cover/373589370-288-k636206.jpg)
YOU ARE READING
Right Now ( Short Story)
Short Storyမနက်ဖြန်ဆိုတာရှိနေသရွေ့ အသက်မရှုမရပ်သည့်တိုင် မောင်နဲ့ကိုကို့ရဲ့ အချစ်တွေတည်မြဲနေမယ်မလား မောင်~~ စတင်ခြင်းကလဲခများနဲ့မို့အဆုံးသတ်မှာလဲ ခများသာကျနော့်ဘေးရှိရင် အကုန်ပြည့်စုံပါပြီ ကိုကို~~