- အခန်း ၃ -

294 47 2
                                    

Unicode

' မသွားပါနဲ့... လွန်းကို မထားခဲ့ပါနဲ့...။ မမ.. ဟင့်အင်း! မမ!! '

ဆတ်ခနဲ လန့်နိုးလာသည့် အိပ်မက်ဆိုးဟာ မမ သူ့ကို ထားသွားတုန်းက အမြဲလိုလို မက်ခဲ့သည့် အိပ်မက်တဲ့။ ဒီအိပ်မက်ကို မမက်တာဖြင့် အတော်လေးကြာခဲ့ပါပြီ။ ဒါပေမဲ့ အခုမှ.... ဘာလို့ထပ်ပြီး...။ စီးကျလာသည့် မျက်ရည်များ‌ကို သုတ်ပစ်လိုက်ပြီး နာရီကို ကြည့်မိတော့ ၁၂ခွဲ။ ညကြီး သန်းခေါင်မှ လန့်နိုးရတယ်လို့။ ပြန်ပြီး အိပ်မပျော်မှာလည်း သိတာကြောင့် ဘေးတွင် အသင့်ရှိနေသော မီးအိမ်လေးအားယူရင်း အပြင်သို့ ထွက်လာမိသည်။

အေးစိမ့်လှတဲ့ ရာသီဥတုဟာ ကျွန်မရင်ထဲက အပူတွေကို ငြှိမ်းပေးနိုင်ရင် သိပ်ကောင်းမှာပဲလေ။ အိမ်ရှေ့က ကွပ်ပျစ်တွင် ထိုင်ကာ ကြယ်တွေတောက်ပလှသည့် ကောင်းကင်ကို မော့နေနေမိခဲ့သည်။ ကျနေဆဲဖြစ်သော မျက်ရည်များကို သုတ်မပစ်တော့ဘဲ ဒီတိုင်းသာ ရှိနေပါစေတော့ဟု ထားထားလိုက်မိသည်။

ထွက်သွားတဲ့သူဟာ တစ်ချက်ကလေးမှ မျက်နှာမပျက်ခဲ့သလောက် ကျန်ရစ်ခဲ့ရတဲ့ ကျွန်မဟာတော့ အလဲလဲအပြိုပြို။ ငိုယိုကာ မမကို မထွက်သွားဖို့ တောင်းပန်ခဲ့ဖူးသည်။
မမစိတ်ဆိုးနေတာပါဟု ထင်ခဲ့ပြီး အနောက်ကနေ တကောက်ကောက်လိုက်ရင်း အရှက်မဲ့စွာ တောင်းပန်ဆွဲထားခဲ့ဖူးသည်။ ဒါပေမဲ့ ကျွန်မ ပြန်ရလိုက်သည်က မမရဲ့ ဥပေက္ခာတွေ။ မမရဲ့ လက်ဖဝါးနုနု ကျွန်မရဲ့ ပါးပြင်ပေါ်ကို ကျရောက်လာသည့်နေ့က တကယ်မဖြစ်နိုင်တော့ဘူးဆိုတာ သိသွားခဲ့ရတာပဲ။

သွေးအေးလွန်းတဲ့ မမဟာ ကျွန်မအပေါ် သိပ်ရက်စက်လွန်းပါတယ်။ အခုလည်း ဒုတိယအကြိမ် ရက်စက်ခဲ့ပြန်ပါရော။ ခါးခါးသီးသီး ငြင်းထုတ်ခဲ့တုန်းက မမမဟုတ်တဲ့အတိုင်း ၊ ပစ်ပစ်ခါခါထားခဲ့တုန်းက မမ မဟုတ်တဲ့အတိုင်း ကျွန်မကို လွမ်းနေခဲ့တာတဲ့လေ။ ကျွန်မ ဘယ်လို ယုံပေးရမှာလဲ။ ဟင့်အင်း ကျွန်မ ဘယ်လိုစိတ်နဲ့ မမရဲ့ စကားတွေကို နားထောင်ပေးနိုင်ပါတော့မလဲ။

အလိမ်အညာစကားဆိုရင်တောင် မမရဲ့ ထိုးနှက်ချက်က ပြင်းလိုက်တာ။ မုန်တိုင်းတွေပြီးလို့ ပြန်တည်ငြိမ်နေစဖြစ်တဲ့ ရေကန်ကို ကျောက်ခဲတွေနဲ့ ပစ်လိုက်သလိုပဲ။ ဝရုန်းသုန်းကား ဖြစ်ပုံများ မမရှိတဲ့ အရပ်ကနေ ထွက်ပြေးလာမိသည်အထိပဲ။

ကမ္ဘာမြေအား သက်သေတည်၍Where stories live. Discover now