- အခန်း ၆ -

233 37 1
                                    

Unicode

" နန်း ဘာဖြစ်လာတာလဲ "

အခန်းထဲသို့ ကတိုက်ကရိုက် ပြေးဝင်လာသည့် နန်းကြောင့် မာန် မေးလိုက်သည်။ နန်းက ဇောချွေးတွေ ပျံနေပြီး လက်တွေတုန်ရီနေသည်။

" မာန် "

အားပျော့စွာဖြင့် ခေါ်လာသည့်အသံဟာ မာန့်ရဲ့ စိတ်ပူခြင်းတွေကို ပြင်းထန်စွာရိုက်ခတ်သည်။ ရင်ခွင်ထဲပြိုကျလာတော့မည့် နန်းကို ထိန်းကာဖက်လိုက်ရင်း အပြင်ကိုကြည့်မိတော့ သည်းထန်စွာရွာနေသည့် မိုးများ။
ထိုအရာကိုကြည့်ရင်း မာန် သဘောပေါက်လာသည်။ နန်းရဲ့ ကြောက်ရွံ့ခြင်းတွေ ၊ နန်းရဲ့ နက်ရှိုင်းတဲ့ ဒဏ်ရာတွေ။

" အဆင်ပြေပါတယ်။ ကိုယ်ရှိတယ်လေ နန်းရယ် "

ကျောလေးအားပုတ်ပေးတော့ နန်းဟာ ငြိမ်ကျသွားသည်။ နန်းရဲ့ အကြောက်တရားတွေဟာ မာန့်ဆီကနေ မြစ်ဖျားခံလာတာမလို့ ဒီလိုတွေ ဖြစ်တိုင်း နန်းကို အားနာမိသည်။ ဒါကြောင့်လည်း မာန် နန်းအနားမှာ တဝဲလည်လည်ရှိနေခြင်းပင်။ နန်းကို စိတ်မချဘူးလေ။ ဒီလိုတွေ ဖြစ်တတ်တဲ့ နန်းကို မာန်မှ မစောင့်ရှောက်ရင် ဘယ်သူကစောင့်ရှောက်ပါ့မလဲ။

" မာန် ငါ အဲ့လိုထပ်ဖြစ်မှာ သေမလောက်ကြောက်တယ်။ နင့်ကို ထပ်ထိခိုက်မိမှာကို သိပ်ကြောက်တယ်။ နောက်ပြီး... ငါသာ စိတ်မထိန်းလိုက်နိုင်ရင်... လွန်း... သူက နင့်လိုထပ်ပြီး ... "

တိမ်ဝင်သွားသော နန်းရဲ့ အသံတွေဟာ လွန်းဆိုတဲ့ ကောင်မလေးကို စိတ်ပူတာကြောင့် ဖြစ်လာသည်တဲ့။ မနာလိုစရာကောင်းလိုက်တာနော်။ တွေ့တာမကြာသေးပေမဲ့ နန်းဆီက အရေးပေးခံရတဲ့ လွန်းကို မာန် မနာလိုမိသား။

" နန်း စိတ်လျော့ပါ။ အဲ့လိုဖြစ်မှာမဟုတ်တာမလို့ စိတ်လျော့နော် "

နန်းက သက်ပြင်းရှည်တစ်ချက်ကိုချသည်။ စိတ်လျော့သလိုဖြင့် လှဲချလိုက်တဲ့ နန်းကို ပွေ့ထားလိုက်ရင်း ကုတင်ကို မှီထားလိုက်သည်။

" နင် ဘာလို့ ဒီမှာ ရှိနေသေးတာလဲ မာန်ရယ် "

ဖျော့တော့စွာဖြင့် မေးလာသည့် နန်းရဲ့ မျက်ဝန်းတွေဟာ မာန့်အတွက် နာကျင်စရာပါ။ သို့သော် မာန် ဒါတွေကို ဂရုစိုက်ဖို့မလိုတော့ဘူးလေ။

ကမ္ဘာမြေအား သက်သေတည်၍Where stories live. Discover now