- အခန်း ၇ -

566 45 6
                                    

Unicode

ဘာလို့လဲ ဆိုသည့် ကျွန်မရဲ့ မေးခွန်းကို နန်းက ပြန်မဖြေပါဘဲ ပခုံးကိုမှီလျက် မျက်လုံးများကို မှိတ်ထားနေသည်။ မလွယ်လိုက်တာနော် နန်းက။ အနီးကပ်ထိုင်နေရတာတောင် ကျွန်မမှာ စိတ်တွေ မငြိမ်နိုင်ဖြစ်ရတာ။ ဒီလို မှီနေတော့ ပိုလို့ဆိုးတာပေါ့။ နန်းကတော့ ဒါတွေကို သိမှာမဟုတ်ပါလေ။

နန်းရဲ့ လက်ဆီသို့ အကြည့်ရောက်သွားမိတော့ အလိုမကျမှုနှင့် အတူ သက်ပြင်းချရသည်။ နန်းက ဘာလို့ ကိုယ့်ကိုကိုယ် နာကျင်အောင် လုပ်ရသလဲ။ ဆိုးလိုက်တာနော်၊ နန်းကလေ ဆိုးလိုက်တာ။

" မင်းဘာတွေးနေလဲ တို့ကြားရတယ်နော် "

နန်းက မျက်လုံးမှိတ်လျက်သားနဲ့ ပြောလာသည်။ ကျွန်မရဲ့ အတွေးတွေကို နန်းကသိသတဲ့လား။

" ဘယ်လိုသိတာလဲ "

" မင်းနဲ့ ဒီလောက်ကပ်နေတာ တို့ကြားနေရတာပဲလေ "

နန်းရဲ့ အဖြေကြောင့် ခပ်တိုးတိုး ရယ်လိုက်မိသည်။ နန်းက မျက်လုံးကို ခပ်ဖြည်းဖြည်းဖွင့်သည်။ နောက်တော့ လက်ကလေးအား ကျွန်မအနားသို့ ပြသည်။ ပတ်တီးဖြူဖြူမှာ ဆေးတွေလား ၊ သွေးတွေလား မသဲကွဲသည့် အနီရောင်အကွက်လေးရှိနေသည်။

" ကြည့်ချင်လား "

ပြောရင်းနဲ့ နန်းက သူ့လက်မှ ပတ်တီးများကို တစ်လွှာချည်း ဖြေနေပြန်သည်။ ပတ်တီးတွေ ကုန်သွားတော့ တွေ့လိုက်ရသည်က ပြတ်ရှရာတစ်ခု။ ‌အတော်လေး နက်သည့် ပြတ်ရှရာပါ။
အခုထိ သွေးထွက်နေတယ်လို့တောင် ထင်ရသည်။

" ဘာလို့ ဒီလိုတွေလုပ်တာလဲ ၊ မနာဘူးလား "

နန်းက ကျွန်မရဲ့ အမေးမှာ ခပ်ယဲ့ယဲ့လေး ပြုံးသည်။ အပ်ထိုးမိရင်တောင် နာတာကို ဒီလို နက်တဲ့ပြတ်ရှရာဆို ပိုလို့တောင် နာမှာပေါ့။ ကျွန်မကလည်း ဘယ်လိုမေးလိုက်မိပါလိမ့်လေ။

" ခန္ဓာကိုယ်က နာနေမှ စိတ်ကမနာတော့မှာလေ။ အဲ့တာကြောင့်ပါ "

နန်းရဲ့ အဖြေဟာ ထူးထူးဆန်းဆန်းရယ်ပါ။ ဒါပေမဲ့လည်း နားလည်သယောင်ရှိသည်။ နန်းရဲ့ စိတ်ထဲ ဘယ်လောက်ထိများ နာကျင်နေလို့ ဒီလိုလုပ်ရသလဲဆိုတာ နားမလည်‌။ ကျွန်မနဲ့ နန်းဟာ ဒါတော့ မတူပါ။ ကျွန်မက စိတ်ထဲ ဘယ်လောက်နာကျင်နေပါစေ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင်တော့ မလုပ်နိုင်။ မလုပ်ရဲတာလည်း ဖြစ်လိမ့်မည်။ ဒါမှမဟုတ် အဲ့သည်လိုလုပ်ရအောင်ထိ နာကျင်မှု မကြီးလို့များလား။

ကမ္ဘာမြေအား သက်သေတည်၍Where stories live. Discover now