~ ဘားရဲ့ နောက်လမ်းကြား ~

114 28 2
                                    

ပြန်လည်တွေ့ဆုံမှုရဲ့ အခြေအနေအားလုံးသည် ဝွန်ဘင်းဘက်က စတင်ခဲ့ပြီး ဆောင်းချန်ဘက်က လိုက်လာခဲ့သည်သာ ...

ဆင်ဆာအပိုင်းတွေအားလုံးကို ဖော်ပြဖို့အဆင် မပြေတာမလို့ ဒါလေးတစ်ခုတော့ ထည့်လိုက်ပါတယ်

ဒါက ရှန်ဟိုင်းရဲ့ first night ပါ ... တစ်နည်း ပြန်လည်တွေ့ဆုံခြင်း ..

Dear Pain ( Ep 1 )
~ Back Street of the Bar ~

ဆောင်ချန်းက ဘောင်းဘီအိတ်ထဲကနေ စီးကရက်နှင့် မီးခြစ်ကိုယူလိုက်ပြီး မီးညှိရင်း

ဆိုင်အနောက်ဘက်နှင့် လမ်းကြားထောင့်က နံရံကို မှီလိုက်ကာ တစ်ချက်ဖွာရှိုက်လိုက်သည် ...

ဝွန်ဘင်းကလည်း ဆောင်းချန်ဘေးနား ကပ်ရပ်ပြီး နံရံကို လိုက်မီလိုက်ပေမယ့် ဘာစကားမှမဆိုမိကြ ...

ဟိုးဘက်ထောင့်စွန်းကအဝါရောင် လမ်းမီးတိုင်ရဲ့ အလင်းဖျော့ဖျော့က လာကျနေပြီး လမ်းပေါ် အရိပ်နှစ်ခုထင်နေသည် ...

ကောင်းကင်ကတော့ ကြည်လင်လျက် ...

ဝွန်ဘင်းရဲ့ လက်တစ်ဖက်က ဆောင်းချန်ရဲ့ ပေါင်ဘေးဘက်ကို ရည်ရွယ်ချက်ရှိရှိ တီးခေါက်နေသည်

လက်ချောင်းတွေကို ကပ်ပြီး လှုပ်နေသည်မလို့
ဆောင်းချန်က ခေါင်းကိုစောင်းကြည့်လိုက်တော့
ဝွန်ဘင်းက လမ်းတစ်ဖက်ကို ကြည့်နေလျက် ...

ဆောင်းချန်က သူ့ကိုကလိနေပြီး မသိချင်ယောင်ဆောင်နေသည့် အလှလေးကြောင့် ပြုံးလိုက်ရင်း

စီးကရက်ကို ရှိုက်ယူလိုက်ပြီး မှုတ်ထုတ်လိုက်ကာ

ဆောင်းချန် ဝွန်ဘင်းရဲ့ လက်ချောင်းတွေကို ပြန်ဆွဲကိုင်လိုက်မှ ဝွန်ဘင်းက မျက်ခုံးတို့ပင့်ပြီး   လှည့်ကြည့်သည် ...

'' ခိုးကြည့်ရတာ မဝလို့ ဒီနေရာမှာပါ ဇာတ်လမ်းဖန်တီးချင်တာလား ´´

'' ခိုးကြည့်တယ်ဆိုတဲ့ အသုံးအနှုန်းက အင်းးး တစ်ယောက်တည်းကို ဆိုလိုတာလား ´´

ဘားမှာ တစ်ယောက်ကိုတစ်ယောက် သတိထားမိရင်း မျက်လုံးချင်းဆုံကာ အကြည့်လွှဲမိသည်များကို ရည်ရွယ်လျက် ဝွန်ဘင်း ပြောလိုက်သည် ..

Dear Pain ( Completed ) Where stories live. Discover now