1 U/Z

11.1K 128 1
                                    

uni

♏️အချစ်ဦးနှင့် အချစ်ဆုံး♏️

♏️အပိုင်း ၁♏️

"သမီးကိုကို့ ကို လက်ထပ်ပါ သမီး"

ထိုစကားတစ်ခွန်းက ဧကရီနားထဲ မိုးကြိုးပစ်ခံလိုက်ရသလို ကျယ်လောင်စွာ မြည်ဟီးသွားလေသည်။ တစ်သက်လုံး မိဘအရင်းနှင့် အစ်ကို အရင်းဟု ထင်ခဲ့သူတွေက မွေးစားမိဘတွေနှင့် မွေးစား အစ်ကိုတဲ့။

ဘယ်လိုကံကြမ္မာကြီးလဲ။ အဟင့် ဧကရီကို ကျီစယ်နေတာတော့ မဟုတ်ပါဘူးနော်။ ဧကရီ ဝမ်းနည်းလွန်း၍ ငိုချင်နေသော စိတ်ကိုတင်းကာ မေမေ ရှေ့မှာ ဟန်ကိုးနေရသော်လည်း ဧကရီ ရင်ထဲမှာတော့ သောက အပူတွေ လောင်မြိုက်နေရလေသည်။ ဒေါ်မီမီနိုင် သမီးအလိမ္မာလေးရဲ့ လက်ကလေးကို ဖွဖွလေး ဆုတ်ကိုင်ရင်း

"သား နေနိုင်အတွက် မေမေ စိတ်ချချင်တယ် သမီးရယ်၊ သမီးတို့ကို မောင်နှမ မဟုတ်တာ အားလုံးသိနေကြတယ်၊ ဒီပတ်ဝန်းကျင်က လူတွေအားလုံးက သမီးကို မေမေတို့ မုံရွာက ခေါ်ပြီးမွေးစားထားတယ် ဆိုတာ အားလုံးသိနေတယ်၊ မေမေ မှာ ရွေးချယ်စရာမရှိတော့ဘူး သမီးရယ်၊  သမီးကိုပဲ မေမေ အကူအညီတောင်းပါရစေ၊ သမီး ကိုကိုရဲ့ လမ်းမှားရောက်မဲ့ အရေးကို ငဲ့ပြီး သမီးက လမ်းမှန်ပြန်ပို့ပေးပါ သမီးရယ်၊ မေမေလေ သမီးကိုကိုနဲ့ ဟို မိန်းကလေးကို လုံးဝသဘောမတူနိုင်ဘူးကွယ်"

"မေမေရယ် ကိုကိုက ရွက်သစ်ဝေကို သိပ်ချစ်တာလေ မေမေရယ်" ဟု ဧကရီ ခပ်တိုးတိုးလေး ရေရွတ်မိလေသည်။

"သမီးရယ် သမီးကိုကို့ ကို နွားလိုခိုင်းစားမဲ့ မိသားစုထဲကို ဝင်စေချင်လို့လား သမီး၊ ဖေဖေကတော့ သားနဲ့ သမီးဘဝကို အမြင့်မှာပဲ မြင်ချင်တယ်၊ မိဘတွေကတော့ ကိုယ့်သားသမီးကို ဆင်စီးပြီးမြင်းရံနေတာပဲ မြင်ချင်တယ်၊ ဆင်နင်းပြီး မြင်းကန်သွားမှာ မလိုချင်ဘူး သမီးရယ်၊ ပြီးတော့ သမီးလေးရယ်၊ ဖေဖေတို့ကတော့ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲပဲ ဖိတ်ချင်တယ် သမီးရယ်"

အင်း ခက်တော့ ခက်ချေပြီ။ မွေးစားမိဘတွေရဲ့ ကျေးဇူးကို ဆပ်ဖို့ ကိုကို့ကို လက်ထပ်ရမည့် အရေးက ရင်လေးစရာဖြစ်နေလေသည်။ လက်မခံလေလျှင်လည်း ကျေးဇူးကန်းသည့် သမီး ဖြစ်ပေဦးမည်။ နွမ်းလျှလှသော စိတ်အစဥ်နှင့် အတူ ဧကရီ ခေါင်းငြိမ့်မိလား။ ခေါင်းခါမိသလား မသိတော့ပေ။ သို့ပေမယ့် ဖေဖေ နှင့် မေမေ မျက်နှာမှာ အပြုံးရိပ်တွေ စွဲထင်သွားသည့်ကိုတော့ ဧကရီ တွေ့လိုက်လေသည်။
                             ♏️♏️♏️

အချစ်ဦးနှင့်အချစ်ဆုံးWhere stories live. Discover now