Uni
♏️အချစ်ဉီးနှင့် အချစ်ဆုံး♏️
♏️အပိုင်း ၁၂♏️
စီးကရတ်ကို အားရပါးရဖွာရှိုက်ရင်း ခန္ဓာကိုယ်ကို လျော့တိလျော့ရဲ ထိုင်ချလိုက်မိလေသည်။ သင့်မြတ် နေနိုင်ကို ကြည့်ပြီး ခေါင်းကို ခါယမ်းလိုက်မိလေသည်။
"မင်း ဧကရီကို အချိန်ပေးသင့်တယ် နေနိုင်၊ ကလေးတစ်ယောက်ယူရတယ်ဆိုတာ မိန်းမသားတွေ အတွက် ဘယ်လောက်ခက်ခဲလဲ မင်းကိုယ်ချင်းစာပေးသင့်တယ်၊ မင်းလည်း ဧကရီကို ချစ်နေတာပဲလေ"
"ငါ့ ငါ့ ဧကရီကို ချစ်တယ်"
"အရူးကောင် ချစ်ရဲ့သားနဲ့ ကိုယ့်ကိုယ်ကို နှိပ်စက်နေသိလား၊ မင်း နှိပ်စက်တာက မင်းကိုယ်မင်းမဟုတ်ဘဲ ဧကရီကိုပါ နှိပ်စက်နေသလိုပဲ"
သူ့ သက်ပြင်းရှည်ကြီးကို တစ်ချက်ချကာ လေပူကို မှုတ်ထုတ်ရင်း
"ငါ့ ငါ့ကြောင့် အခုဆို ဧကရီလေး ဝမ်းနည်းနေမလားဘဲ"
သင့်မြတ် ဟက်ဟက်ပက်ပက်ရယ်ရင်း
"ဘာလဲ မိန်းမကို စိတ်မချဖြစ်နေတာလား"
"စိတ်မချတာတော့ အချိန်တိုင်းပဲ"
"ဒါများကွာ မင်းက လူဆိုးလုပ်ပြီး စိတ်ကောက်နေသေးတယ်၊ သေချာတာတော့ မင်း သူ့ကို အချိန်တစ်ခု ပေးဖို့လိုတယ် နေနိုင်"
သူငယ်ချင်းဖြစ်သူ စကားကလည်း သင့်တော်သည့် စကားဖြစ်တာကြောင့် သူ့ မျက်နှာကို ခပ်ကြမ်းကြမ်းလက်ဖြင့်ပွတ်သပ်ရင်း
"အင်း ဟုတ်တယ်၊ ငါ့ အချိန်ပေးရမယ်၊ ကျေးဇူးပဲ သားကြီး ငါ့ ပြန်လိုက်ဉီးမယ်"ယ
ထိုင်ရာကထကာ ကားသော့ကို ယူကာ အပြင်ထွက်မည့် ပြုစဉ် သင့်မြတ် ပါးစပ်အဟောင်းသားဖြင့်
"ပြောတော့ ညအိပ်မှာဆို"
"sorry ပဲ သားကြီး၊ ငါ့ ဧကရီဆီ သွားမှရမယ်"
"ဖြစ်လိုက်ရင် အသဲအသန်၊ ကဲကို ကဲတယ်"
"မင်း မိန်းမယူပြီးရင် သိလာလိမ်မယ် ဟား ဟား"
"ခွေးကောင်"
ပြုံးလိုက်မိသည့် အပြုံးက လွှတ်လပ်ပေါ့ပါးနေလေသည်။ နောက်ပါးမှ သင့်မြတ် ဘယ်လိုကျန်ခဲ့မည် မသိသော်လည်း သူ့ ဉီးတည်ရာက အိမ်သို့သာ~~~။
♏️♏️♏️
YOU ARE READING
အချစ်ဦးနှင့်အချစ်ဆုံး
Romanceမွေးစားထားတဲ့ ညီမလေးနဲ့ ကိုကိုတို့ရဲ့ အိမ်ထောင်ရေးဝတ္ထုလေး😍